626 - 630

165 19 0
                                    

အခန်း(၆၂၆) အာဏာရှင်ဘီလူးကြီး၏ ခွန်အား

လူတိုင်းသည် ကောင်းကင်မှ ဆင်းသက်လာသော ကြောက် မက်ဖွယ်ကောင်းသော အလင်းတန်းအား ကြည့်နေရင်း ကမ္ဘာကို ဖျက်ဆီးပစ်နိုင်သော နတ်ဘုရားတစ်ပါး၏ ပြစ်ဒဏ်ဟုပင် ထင်မြင် မိကြသည်။

        သူတို့၏ အကြည့်များသည် နတ်ဘုရားပြစ်ဒဏ်အောက်တွင် ရှိနေသည့် မည်းနက်သောပုံရိပ်တစ်ခုကို အာရုံစိုက်နေခဲ့ကြသည်။ ယခုလိုမျိုး ကြောက်စရာကောင်းသော အလင်းတန်းကြီးအောက် တွင် ကြွက်သားမျှင်ကိုယ်ထည်ကြီးသည် တော်တော်သေးငယ်သွား ပြီးအရေးမပါတော့သလိုပင်…။ ကြောက်စရာ အလင်းစီးကြောင်း အောက်တွင် ၎င်းသည် အချိန်မရွေး နစ်မြှုပ်သွားပေလိမ့်မည်..။

သို့သော်လည်း အစမှ အဆုံးတိုင် အာဏာရှင်ဘီလူးကြီးသည် လုံးဝ မလှုပ်ရှားပါ။ အလင်းတန်းအားကြည့်ရန် (သို့) ချီမီရာ ကို ကြည့်ရန် ခေါင်းပင် မော့မလာခဲ့ပါ။ ၎င်း၏ တုံ့ပြန်မှုသည် နှေးကွေး နေသလို ကောင်းကင်မှ ဆင်းသက်လာသော ကြောက်မက်ဖွယ် ကောင်းသော အလင်းတန်းကို သတိမပြုမိသလိုပင်…။

       ဘွန်း….!

အလင်းတန်းသည် အာဏာရှင်ဘီလူးကြီး၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိမှန်သွား၏။ အလင်းစီးကြောင်းသည် တိုက်ပွဲကွင်းပြင် အတွင်း အဆက်မပြတ် ပေါက်ကွဲနေခဲ့သည်။ အလင်းပေါက်ကွဲသွား ခဲ့ပြီး ကွင်းပြင်တစ်ခုလုံး အလင်းရောင်များအောက် နစ်မြှုပ်သွားခဲ့ လေပြီ။ ဖုန်မှုန့်များ အမြောက်အမြား ထိုးတက်လာခဲ့သည်။

"ဘယ်လိုတောင် မာနကြီးလိုက်လဲ…"

အန်ထျန်းကျို မျက်မှောင်ကြုတ်သွား၏။

        "သူက မူလဗီဇအရာအားလုံးပြိုကွဲခြင်းအလင်းတန်းကို သေ လမ်းရှာပြီး ခံဆောင့်နေခဲ့တယ်…"

ကိပ်မိသားစုသည် အလွန်ပျော်ရွှင်နေခဲ့သည်။

မူလဗီဇအရာအားလုံးပြိုကွဲခြင်းအလင်းတန်း၏ လက္ခဏာရပ် များသည် ထိပ်တိုက်ရင်ဆိုင်ရာတွင် ဒဏ္ဍာရီလာသတ္တဝါများပင်လျှင် တောင့်မခံနိုင်ဟု အကဲဖြတ်ထားခဲ့ကြသည်။ မဟုတ်လျှင် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ဗီဇများ ပြိုကွဲသွားလိမ့်မည် ဖြစ်သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Nơi câu chuyện tồn tại. Hãy khám phá bây giờ