96 - 100

277 22 0
                                    

အခန်း(၉၆) ကျောက်တုံးချီလင်တွဲဘက်သားရဲဥ

ကျိုးဝမ် သည် မကောင်းသည့်အကြောင်းပြချက်ဖြင့် ခိုးယူမည့် လူစားမျိုးမဟုတ်သဖြင့် သူသည် တွေးလိုက်သော်လည်း အမှန်တကယ် မလုပ်လိုပါ။

သို့သော်လည်း သူသည် ဈေးဆိုင်တစ်ခုတွင် တည်ခင်းထားသည့် တွဲဖက်သားရဲဥတစ်လုံးကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ရန် ချိန်လိုက်သေး သည်။ သို့သော် ဓာတ်ပုံရိုက်သည့် ခလုပ်ကို မထိလိုက်ပါ။ သူသည် ဓာတ်ပုံရိုက်သည့်ခလုတ်ကို မထိသော်လည်း ဖုန်းမျက်နှာပြင်တွင် တွဲဖက်သားရဲဥ၏ အချက်အလက်များ ပေါ်နေသည်။

ကျောက်တုံးစစ်သည်          : သူရဲကောင်းအဆင့်

ဘဝစောင့်ရှောက်သူနတ်ဘုရား                : ကျောက်တုံးတည်ဆောက်ခြင်း

ခွန်အား                               : ၁၆

လျင်မြန်မှု                           : ၁၃

ကြံ့ခိုင်မှု                              : ၁၆

ရှေးဉီးမူလစွမ်းအား           : ၁၂

ထူးချွန်သိုင်းကျွမ်းကျင်မှု  : လေပြင်းလက်သီး

ထိုအရာသည် သူရဲကောင်းအဆင့် သာမန်အချက်အလက်များနှင့် ထူးချွန်နေသည့်အရာများမပါရှိပါ။သို့သော်လည်း ထူးဆန်းသည့်ဖုန်း ၏ လုပ်ဆောင်ချက်က ကျိုးဝမ်ကို ဝမ်းမြောက်စေသည်။

မျိုးနွယ်ခြားအမြုတေများသည် အပြင်လောကတွင် နံပါတ်များဖြင့် မတည်ရှိပါ သို့သော် နည်းပညာကျွမ်းကျင်မှုများအသုံးပြုခြင်းဖြင့် သူတို့၏စွမ်းအားကို အကြမ်းဖျဉ်း သတ်မှတ်နိုင်သည်။ ထိုအရာက သူတို့ကို မျိုးနွယ်ခြားအမြုတေများ၏ အဆင့်ကို အကြမ်းဖျဉ်း ပြော နိုင်သည်။

သို့သော်လည်း တွဲဖက်သားရဲဥများကိုမူအားလုံးတိုင်းတာ၍မရနိုင် ပါ။ အဘယ့်ကြောင့်ဆိုသော် အမျိုးအစားတူညီသည့် တွဲဖက် သားရဲဥများသည်  တိုင်းတာသည့်စက်များအသုံးပြုသော်လည်း အားလုံးမတူညီနိုင်ပါ။

တွဲဖက်သားရဲကို ကောင်းမွန်သည့် အချက် အလက်များနှင့် ရရန်မူ ကံပေါ်တွင်သာ မူတည်နေသည်။ သူဖုန်း၏ ထူးခြားသည့်လုပ်ဆောင်ချက်ကြောင့်သူသည် တွဲဖက်သားရဲဥများ ၏ အချက်အလက်များကို တိုက်ရိုက်မြင်နိုင်သည်။ ထိုနည်းလမ်းဖြင့် သူသည် ကံကောင်းဖို့မလိုအပ်တော့ပဲ အကောင်းဆုံးအချက် အလက်နှင့် တွဲဖက်သားရဲဥကို တိုက်ရိုက်ရွေးချယ်နိုင်ပြီး ဥဖောက် နိုင်သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now