961 - 965

162 20 0
                                    

အခန်း(၉၆၁) ပင်လယ်နတ်ဘုရားသန္တာကျောက်တန်း

“ ဟေ့ ကောင်လေး… မင်းဘာလို့ ဟိုဟိုဒီဒီ လျှောက်သွားနေ သေးတာလဲ… ကလေးကို ဒဏ်ရာရရင် ဘယ်လိုလုပ်မလဲ… ဒီကိစ္စ ရဲ့ပြင်းထန်မှုကို မင်းမသိဘူးလား..တော်သေးတယ်… အစွမ်းထက် လူသားပညာရှင်တစ်ဦးက ဧရာမဂဏန်းကြီးကို သတ်ပစ်ခဲ့လို့… မဟုတ်ရင် ဂဏန်းကြီးတွေ မြို့ထဲတဟုန်ထိုး ဝင်လာပြီး ကလေး တစ်ခုခုဖြစ်သွားခဲ့ရင် မင်းပြန်တဲ့အခါ မင်းမိန်းမကို ဘယ်လိုရှင်းပြ မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်….  ”

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် ကျိုးဝမ် နှင့် တိုက်မိသွားစဉ် သူ့ကို သတိပြုမိသွားပြီး ပြစ်တင်ကြိမ်းမောင်းခဲ့၏။

“ အခု ကျွန်တော် ထွက်သွားတော့မှာပါ…”

သူ့ကို ကောင်းစေချင်၍ ပြောမှန်းသိသဖြင့် ကျိုးဝမ် ကမန်း ကတန်း အဖြေပြန်ပေးလိုက်သည်။

“ အိမ်မှာနေပြီး ကလေးကို ဂရုစိုက်ပါ.. ကလေးတွေက ငါတို့ရဲ့ အနာဂတ်တွေပဲ..”

လူလတ်ပိုင်းအမျိုးသားက ကျိုးဝမ်ကို ထပ်မံလက်ချာပေးနေခဲ့ သည်။ သူ ထွက်မသွားခင် ကျိုးဝမ်ကို ပြန်သွားဖို့ သတိပေးရန် မေ့ လျော့ခြင်း မရှိပေ..။

ကျိုးဝမ်သည် ကလေးကိုချီပြီး အပြန်လမ်း၏ ဆန့်ကျင်ဘက်ရှိ မြို့တံခါးတစ်ခုဆီသို့ ဦးတည်သွားခဲ့၏။ ပင်လယ်နတ်ဘုရားသန္တာ ကျောက်တန်းသို့ သွားလည်ရန် လိုအပ်နေသေးသည်။ ယနေ့တွင် သူ့ကံမှာ တော်တော်လေးကောင်းမွန်နေပုံရသည်။ သေးငယ်သော လက်ဝါးရာလေးကို ရှာတွေ့နိုင်မည်ဟု ခံစားမိနေသည်။

ပင်လယ်နတ်ဘုရားသန္တာကျောက်တန်းကို ဒေသခံများက နဂါးဘုရင်သန္တာကျောက်တန်းဟုလည်း ခေါ်ကြသည်။ ဒီရေကျချိန် တိုင်း၌ ပင်လယ်ပြင်ထက်တွင်နဂါးပုံသဏ္ဍာန်ရှိ သန္တာကျောက်တန်း ကြီးကို လူတိုင်းမြင်နိုင်၏။ ကျောက်တန်းကြီးသည် ပင်လယ်ထက် နတ်နဂါးတစ်ကောင် ကခုန်နေသလိုပင်…။

ရိုးရာပုံပြင်များအရ သန္တာကျောက်တန်းကြီး၏ ဇစ်မြစ်သည် နတ်နဂါးတစ်ကောင်ဖြင့် ဖွဲ့စည်းထားသည်ဟုဆို၏။ ကမ္ဘာ ပေါ်တွင် ကန့်သတ်ချက်များ ရှိသောကြောင့် ပင်လယ်နဂါးများသည် ကမ်းပေါ်သို့ တက်ခွင့်မရှိပါ။ သို့သော်လည်း နတ်နဂါး၏မွေးခါစ ကလေးငယ်က အပျော်သဘောကစားနေစဉ် ရေနက်ပိုင်းမှလွတ် မြောက်သွားစဉ် တံငါသည်တစ်ဦး၏ ဖမ်းဆီးခြင်း ခံလိုက်ရ၏။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now