901 - 905

226 24 0
                                    

အခန်း(၉၀၁) လိပ်သင်္ချိုင်း

                   

လုမိသားစုစံအိမ်တော်သို့ ကျိုးဝမ် ရောက်ရှိလာသောအခါ လုမိသားစုက သူ့ကို နွေးထွေးစွာ ကြိုဆိုခဲ့သည်။

သို့သော်လည်း ကျိုးဝမ်က ဒိုင်မေးရှင်းသတ္တဝါအကြောင်းပြော သောအခါ သူ့ကိုလက်ခံထား‌သော လုမိသားစုဝင်များက အခြေ အနေ၏ယေဘုယျအကျဉ်းချုပ်ကိုသာ ပြောပြထား၏။ ထို့နောက် သူတို့နှင့်အတူ နှစ်ရက်နေနိုင်မည်ဟု မျှော်လင့်ကြောင်း ကျိုးဝမ်ကို ပြောပြခဲ့သည်။ လူတိုင်းရောက်ရှိပြီးနောက်  လုမိသားစု၏ ဘိုးဘေး သည် သူတို့ကို ဒိုင်မေးရှင်းသတ္တဝါပေါ်လာသည့်နေရာသို့ ကိုယ်တိုင် ကိုယ်ကျ ခေါ်ဆောင်သွားမည် ဖြစ်သည်။

မေးမြန်းပြီးနောက် လုမိသားစု၏ ဖိတ်ကြားချက်ကို လက်ခံခဲ့ သည်မှာ အန်မိသားစုတစ်ခုတည်မဟုတ်ကြောင်း သိခဲ့ရသည်။ ရှား နှင့် ကျန်း မိသားစုများသည်လည်း လူများကို စေလွှတ်ခဲ့သည်။ နာမည်ကြီး အလွတ်တန်းမုဆိုးများလည်း ရှိနေခဲ့သည်။

လုမိသားစုသည် လူတိုင်းကို ပေါင်းစည်ရန် စီစဉ်ထားခဲ့သည်။ အချိန်ကျလာသည်နှင့် အခင်းဖြစ်နေရာတွင်ရှိနေသော သတ္တဝါကို သုတ်သင်နိုင်စွမ်းရှိသူသည် လုမိသားစု၏ ကမ်းလှမ်းထားသော အခြေအနေများကို ရရှိမည် ဖြစ်သည်။

  ကျိုးဝမ်သည် ဤအရာမှာ မျှတသည်ဟု ခံစားမိသည်။ လု မိသားစု သည် ပြဿနာကို ဖြေရှင်းနိုင်ရန်သာ မျှော်လင့်ထားခဲ့၏။ ဒိုင်မေးရှင်းမျိုးနွယ်ခြားသတ္တဝါအား မည်သူသတ်သည်ခြင်းကို သူတို့ ဂရုမစိုက်ပေ..။

သို့သော်လည်း ကျိုးဝမ်သည် လုမိသားစုစံအိမ်တွင် နေထိုင်ရန် အစီအစဉ်မရှိပေ..။ နှစ်ရက်ကြာမှ ထွက်ခွာမည်ဖြစ်သောကြောင့် လု မိသားစုမှ ထွက်ခွာပြီး အနီးအနားရှိ ဒိုင်မေးရှင်းချိတ်ဆက်မှုနယ်မြေ များသို့ သွားရောက်လည်ပတ်ရန် စီစဉ်ခဲ့သည်။ သေးငယ်သော လက်ဝါးသင်္ကေတလေးများကို သူ ရှာတွေ့နိုင်သည်။

ပင်လယ်မျှော်ဝေးမြို့အတွင်းတွင် ထင်ရှားသော ဒိုင်မေးရှင်း ချိတ်ဆက်မှုနယ်မြေ လေးခု (သို့) ငါးခု ရှိသည်။ အကျော်ကြားဆုံး မှာ ကုန်းတစ်ဝက်၊ ပင်လယ်တစ်ဝက် နယ်မြေဖြစ်သည်။ ထိုဒိုင်မေး ရှင်းချိတ်ဆက်မှုနယ်မြေကို လိပ်ဂူသင်္ချိုင်းဟု အမည်ပေးထားသည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now