6 - 10

594 34 0
                                    

အခန်း(၆) ဘရုစလီစတိုင် လက်သီးထိုးခြင်း

ထျန်းရှန်းတောင်၏ လက်သီးအား အဆင့်(၇)ရခြင်းသည် ကျိုးဝမ်ကို လည်း အံအားသင့်စေ၏။ စွမ်းအားတိုင်းစက်၏ ဖော်ပြချက်သည် သူ၏ဖုန်းတွင် ဖော်ပြချက်နှင့် အနည်းငယ် ကွဲပြားသော်လည်း  ကွာခြားမှု သိပ်မရှိပေ။ သူတို့သည် တူညီသော နံပါတ်ပေါ်တွက်ချက် ဖော်ပြခြင်း ဖြစ်သည်။
ကျိုးဝမ်သည်လည်း ထူးဆန်းသောဖုန်း မရခင်က သူ့အင်အား မှာ အဆင့်(၇) ဖြစ်သည်။
“မင်းအလှည့်ပဲ” ထျန်းရှန်းတောင် နောက်ဆုတ်ကာ ကျိုးဝမ် ဘေးရပ်ရင်း ပြောလိုက်၏။
ကျိုးဝမ် စွမ်းအားတိုင်းစက်ရှေ့ရပ်လိုက်သောအခါ သုံးယောက် လုံး သူ့ကို ကြည့်လိုက်ကြ၏။ သူတို့အားလုံး ကျောင်းရဲ့ နံပါတ်တစ် ဟောင်းတစ်ယောက်၏ ခွန်အားကို သိချင်ကြသည်။ ထိန်းချုပ်ခန်း အတွင်းမှ ဆရာယုချိုးပိုင် သည်လည်း တူညီစွာ ခံစားနေရသည်။ တစ်လကြာ အချိန်ဖြုန်း အပျင်းခိုပြီးနောက် ကျိုးဝမ်တွင် ခွန်အား မည်မျှကျန်သေးလဲဟု သူလည်း သိချင်မိသည်။
ခွန်အားသည် တိုက်ခိုက်ခြင်းတွင် အရာရာကိုမဆုံးဖြတ်နိုင် သော်လည်း အုပ်စုလိုက်တွင်မူ တစ်ယောက်နှင့် တစ်ယောက်မှီခို အားကိုးနိုင်သည်။ ကျွမ်းကျင်မှုသိုင်းပညာရှိခြင်းက ခွန်အားကို အကျိုးရှိရှိ အသုံချနိုင်ပြီး ခွန်အားပဲရှိပြီး ကျွမ်းကျင်မှုသိုင်းမရှိပါက သံချေးတက်သည့်ပမာ အင်အားအသုံးချမှုတွင် ခက်ခဲနေမည်ဖြစ်၏
ကျိုးဝမ် စွမ်းအားတိုင်းစက်ရှေ့ရပ်ကာ ဘရုစလီစတိုင် လက်သီးပြင်လိုက်သည်။ ထိုအရာသည် ရှေးဦးမူလစွမ်းအင်သိုင်း မဟုတ်ဘဲ ရိုးရိုးတိုက်ခိုက်ရေးသိုင်းဖြစ်၏။ ထိုအရာသည် ကျောင်း မှာ ပုံမှန်သင်ကြားပေးသော သိုင်းဖြစ်သည်။
သို့သော် ဘရုစလီလက်သီးသိုင်းသည် လက်မအဓိကထား လေ့ကျင့်ပြီး အခြေခံလွယ်သော်လည်း ကျွမ်းကျင်ရန်မှာမူ ခက်ခဲ၏။ လက်သီအား အနီးကပ်အားထည့်ကာ တိုက်ခိုက်ရသည်ဖြစ်၍ အကြိမ်များစွာလေ့ကျင့်ရပြီး ကျွမ်းကျင်မှုအဆင့်ရောက်အောင်မှာမူ ပို၍ ခက်ခဲသည်။ အနီးကပ်တိုက်ကွက်ပုံစံဖြစ်ပြီး လှပမှုနှင့် ခပ်မိုက် မိုက်အကွက်များမရှိချေ။ ထို့ကြောင့် ထူးချွန်ကျောင်းသားများသည် အခြားသိုင်းပညာများကိုသာ လိုလိုလားလားသင်ယူကြပြီး ထိုသိုင်း အများစုသည်လည်း ချက်ချင်းအကျိုးသက်ရောက်ကာ ဟန်ရေးပြ အကွက်များလည်း ပါကြရာ ဘရုစလီလက်သီးသိုင်းသည်ကျင့်ကြံသူ မရှိသလောက်နည်း၏။ 
  အများစုရွေးချယ်ကြသည်မှာ လက်နက်တိုက်ခိုက်မှုဖြစ်ပြီး လက်နက်၏ထိရောက်မှုက တကယ့်တိုက်ပွဲများတွင် ပိုမိုအသုံးဝင် နေ၍ဖြစ်သည်။
အားလုံးကြည့်နေကြချိန်မှာပဲ ကျိုးဝမ် ဟာ သူ့လက်သီးကို စက်ပေါ်အနီးကပ်ထိုးရန်ပြင်ဆင်မှဖန့်ရောရှီနှင့် ကျန်နှစ်ယောက်မှာ ဘရုစလီလက်သီးသိုင်း အသုံးမည်ဖြစ်ကြောင်း နားလည်လိုက်၏။
ထျန်းရှန်းတောင် မှာ သူ့နှုတ်ခမ်းကိုကွေးရင်း
“ လက်သီးရဲ့ ပေါက်ကွဲအားက တော်တော်ပြင်းထန်မှာပဲ၊ တော်ရုံတန်ရုံ ကြိုးစားအားထုတ်မှုနဲ့တော့ ဒီလိုပုံစံမထိုးနိုင်ဘူး ဒါပေမယ့် အင်အားပြည့်ကျွမ်းကျင်စွာထိုးနိုင်ဖို့ဆိုရင် နှစ်ပေါင်း များစွာ ရူးရူးမူးမူးလေ့ကျင့်မှ ဖြစ်နိုင်မှာ၊ ကျိုးဝမ် ငါ့အမှတ်ကိုတော့ မှီပါစေလို့ ဆုတောင်းပေးပါတယ် ”
ထျန်းရှန်းတောင်၏ စကားသည် မကျေနပ်စရာကောင်းသော် လည်း ဆရာယုချိုးပိုင် လက်ခံသည်။ ဘရုစလီလက်သီးသိုင်းသည် ကျွမ်းကျင်အဆင့်ရောက်အောင် လေ့ကျင့်ရန် မလွယ်ကူပေ။ ကျိုးဝမ်သည် ပြီးခဲ့သည် တစ်လလုံးလုံး မည်သည့်လေ့ကျင့်မှုမှ မလုပ်ဘဲ ဂိမ်းကိုသာ ရူးရူးမူးမူးဆော့နေခဲ့သည်။ ထို့ကြောင့် ဘရုစလီလက်သီးသိုင်းကို အသုံးပြုသောအခါ စွမ်းအားတိုင်းစက် အမှတ်သည်ဆိုးဆိုးရွားရွားဖြစ်နိုင်သည်ဟု သုံးသပ်လိုက်၏။
ဘန်း
အခန်းတစ်ခုလုံး အတွေးများနေစဉ် မြည်ဟီးသွား၏။ ကျိုးဝမ် ၏ လက်သီးသည် အလွန်လျင်မြန်စွာ တုန်ခါသွားသည်။ လက်သီး သည် အလွန်လျင်မြန်လှသဖြင့် သူတို့သေသေချာချာမမြင်လိုက်ပဲ စက်မှအသံထွက်၍သာ ထိုးလိုက်ကြောင်း သိလိုက်သည်။ မဟုတ် လျှင် ကျိုးဝမ် လက်သီးသည် ထိုးလိုက်သည်ဟုပင် မထင်ရချေ။
သူတို့မျက်လုံးများ စက်မျက်နှာပြင်ကို ကြည့်လိုက်၏။ သူတို့ အားလုံး ကျိုးဝမ် လက်သီးအားရလဒ်ကို သိချင်ကြသည်။
“လက်သီးက နီးလွန်းအားကြီးတယ်” ဟု ထျန်းရှန်းတောင် တွေးလိုက်သလို ကျန်လူများလည်း အတူတူတွေးမိ၏။
လက်သီးနှင့် စက်မျက်နှာပြင်သည် အရမ်းနီးကပ်လွန်းသည်။ ပုံမှန်အားဖြင့် လက်သီးနှင့် မျက်နှာပြင် နီးကပ်လွန်းပါက အားအင်ထိရောက်မှုမှာ နည်းပါသည်။ နောက်ဆုတ်အရှိန်ယူပြီးထိုး လျှင်အားအင်ထိရောက်မှုပိုများကာ ထိရောက်မှုပိုအားကောင်းသည် အမှန်တကယ်ဘရုစလီလက်သီးသိုင်းကို ကျွမ်းကျင်သူများသာလျှင် အနီးကပ်များပြားသောအားကိုထုတ်နိုင်ကြသည်….
ဆရာယုချိုးပိုင်စိတ်တွင် အတွေးများပြေးလွှားနေ၏။
သူတို့အားလုံး စက်မျက်နှာပြင်မီးလင်းသွားသည်ကို မြင်ရ၏။ အဆင့်(၁၀) မီးလင်းလာ၏။ ကျိုးဝမ်၏ လက်သီးအားသည် အဆင့်(၁၀) ခွန်အားကို ပြနေ၏။
“ ၁၀ ၊ ဒါ ၁၀ ဘယ်လိုဖြစ်နိုင်မှာလဲ ” ဆရာယုချိုးပိုင် အံ့ဩသလို ကျေနပ်နေ၏။
ဆရာယုချိုးပိုင်သည် နှစ်ပေါင်းများစွာသင်ကြားရင်း ကျောင်းသားများစွာ တွေ့ကြုံခဲ့ရာ ရှေးဉီးမူလစွမ်းအားကျွမ်းကျင်မှု မသုံးဘဲ လက်သီးတစ်ချက်အားပင် အဆင့်(၁၀)ထိုးနိုင်ခြင်းမှာ ကြောက်စရာကောင်းလှသည်။
ကြံ့ခိုင်မှုအမြုတေသုံးပြီး ကျင့်နိုင်သော ကျောင်းသားပင်လျှင် အခုလိုပြုလုပ်နိုင်ရန် ခက်ခဲလှသည်။ အဘယ့်ကြောင့်ဆိုသော် ကြံ့ခိုင်မှုအမြုတေ၏ ခွန်းအားတိုးမြင့်ခြင်းသည် ကန့်သတ်ချက် ရှိသည်။ ခွန်အားအဆင့်(၇)ကျော်သွားလျှင် အမြုတေသည် အသုံးမဝင်တော့ချေ။
လူတိုင်းသည် သတ်မှတ်ချက်ရောက်သွားသည်နှင့် တန်ဖိုးမြင့် အမြုတေများအသုံးပြု၍လည်း မမြှင့်နိုင်ဘဲ ရှေးဦးမူလစွမ်းအား ကျင့်စဉ်များကျင့်၍ ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ မြှင့်တင်ပြီး တဖြည်းဖြည်းအားကောင်းအောင် လုပ်ရ၏။
ဒါပေမယ့် ထိုသို့ လုပ်ရန်မှာ ခက်ခဲလှသည်။ ကျော်ြကားခြင်း အဆင့်မတိုင်ခင် ခွန်အားကို အဆင့်(၁၀)ရောက်အောင်လုပ်ရန်မှာ ခက်ခဲလှ၏။ သေမျိုးအဆင့်တွင် အများစုမှာ (၇-၈)သာရှိကြ၏။
ကျိုးဝမ် မှာ အခုသေမျိုးအဆင့်တွင် ရှိနေသည်မှာ သိသာ၏။  သို့သော် သူ၏ ခွန်အားအဆင့်(၁၀)မှာ သူ၏ အပြင်အားသက်သက် နှင့်ပင် ပြုလိုက်နိုင်၏။ ထိုအရာသည် ယခုနယ်မြေတစ်ခုလုံးတွင်ပင် ရှားပါးလှသည်။ တစ်သန်း တစ်ယောက်လို့ ပြောလျှင်ပင် လွန်မယ် မထင်ချေ။
“ကျိုးဝမ် က သူ့ကိုယ်သူ အရှုံးပေးနေတာမဟုတ်ဘူးလား? ဒါဆို စာသင်ခန်းထဲမှာ အိပ်နေတာတွေဟာ သူအပြင်းအထန် လေ့ကျင့်လိုပင်ပန်းပြီး အိပ်နေခဲ့တာလား?” ဆရာယုချိုးပိုင် တွေး လေ သူ့ထင်မြင်ယူဆက်ချက် မှန်ကန်သည်ဟု ယုံကြည်လာသည်။ ကျိုးပိုင် ကို ကြည့်လေ သဘောကျလေ၊ အကောင်းမြင်လာကာ သူ့ပူပန်မှုလည်း သက်သာသွား၏။
“ ဒီတိုင်းဆိုရင် အရင်ကျောင်းအုပ်ကြီးက အရမ်းတော်တာပဲ ငါသူ့ကိုအထင်မှားမိခဲ့တယ်၊ သေမျိုး အဆင့်မှာ ခွန်အားအဆင့်(၁၀) ဆိုတာ လမ်းညွှန်ကျောင်းမှာ ဘယ်သူမှ မယှဉ်နိုင်ဘူး၊ ကမ္ဘာပေါ်က ဘယ်အထက်တန်းကျောင်းမှ မယှဉ်နိုင်ဘူး သူက ထိပ်တန်းပဲ၊ ဘယ်လောက်တောင်တော်လိုက်တဲ့ ကလေးလည်း၊ ငါသူ့အပေါ် ခက်ခဲစေခဲ့မိပြီ” ဆရာယုချိုးပိုင် အတွေးများလာလေ ကျိုးဝမ် ကို ခင်မင်မှု ပိုလာလေဖြစ်၏။ သူအခုလို ခံစားရသည်မှာ ကျိုးဝမ် အရည်အချင်းရှိရုံသာမက သူ၏ အကျင့်စရိုက်ကိုပါ သဘောကျ၍ ဖြစ်သည်။ ကျိုးဝမ်သည် အန်ဂျင်ကိုရှုံးနိမ့်ပြီးသောအခါ လူများ၏ ကဲ့ရဲ့ခြင်းများကို ပြင်းထန်စွာခံရသည်။ ထိုဖိအားများအောက်တွင် သူသည်သူ့ကိုယ်သူ ကာကွယ်ရန် အကြောင်းပြချက်မပေးဘဲ အချိန် တိုအတွင်း ဒီလိုအဆင့်ရောက်အောင်လေ့ကျင့်နိုင်ခဲ့သည်။ ဒီလို စိတ်ဓာတ်မျိုးနှင့် အရည်အချင်းသည် အထက်တန်းကျောင်းတွင် အရမ်းရှားပါးလှသည်။
“ မဖြစ်နိုင်ဘူး? အဆင့်(၁၀)ကို ရှေးဦးမူလစွမ်းအားကျင့်စဉ် အသုံးမပြုဘဲ ရပါ့မလား? သူက သူ့ခွန်အားတိုးအောင် အိမ်မှာ အမြဲတမ်းလေ့ကျင့်နေတယ်လို့ ငါ့ကိုမပြောနဲ့? ” ထျန်းရှန်တောင် ကူကယ်ရာမဲ့ တံတွေးမျိုချကာ ပြောလိုက်၏။ သေမျိုးအဆင့်မှာ ခွန်းအားအဆင့်(၁၀)ဆိုတာ အရမ်းအံ့ဩဖို့ကောင်းပြီး လမ်းညွှန်မြို့ လို မြို့ငယ်လေးတွင် မရှိသလောက် ရှားပါး၏။
လီကျစ်နှင့်ဖန့်ရောရှီသည်ကျိုးဝမ်အားထူးဆန်းစွာကြည့်လိုက် ကြသည်။ ဖန့်ရောရှီ သည် ကျိုးဝမ်ပျက်စီးနေသည်ဟု မယုံကြည် သော်လည်း သူသည် အိမ်တွင် ပြင်းပြင်းထန်ထန်လေ့ကျင့်ပြီး ယခုကဲ့သို့ တိုးတက်နေလိမ့်မည်ဟု မယုံကြည်ပေ။
ကျိုးဝမ်သည် စွမ်းအားတိုင်းစက်မှ နံပါတ်ကြည့်ရင်း စိတ်ထဲမှ
“ ဂိမ်းထဲမှာ ငါ့ခွန်အားအဆင့်(၉)ပါ၊ အပြင်လောကမှာ အဆင့် (၁၀)ဖြစ်နေပါလား၊ ဂိမ်းနဲ့အပြင်လောကက အနည်းငယ် ကွဲလွဲနေ တာပဲ”
“အဆင့်(၁၀)ဆိုတော့ မင်းက တို့ကျောင်းရဲ့ နံပါတ်တစ် ကျောင်းသားပီသပါပေတယ်၊ ဒီလိုဆိုတိုင်း မင်းငါ့ကိုနိုင်လိမ့်မယ်လို့ ထင်ရင် မင်းမှားလိမ့်မယ်” ထျန်းရှန်းတောင် ပြောရင်း ကျိုးဝမ်ကို ကြည့်လိုက်သည်။
ကျိုးဝမ်၏ ရလဒ်ကို ကြည့်ပြီးတည်းက ထျန်းရှန်းတောင်သည် သူ့ကို အသင်းတွင်ပါဝင်ရန် ခွင့်ပြုနိုင်ပြီ ဖြစ်သည်။ ထျန်းရှန်းတောင် သည် ခွန်အားအဆင့်(၁၀)ဖြစ်အောင် အလင်းလက်သီးနှင့် ပြုလုပ် နိုင်သော်လည်း ထိုအရာသည် ရှေးဉီးမူလစွမ်းအားပေါ်မှီခိုသွား၏။  လက်ရှိအခြေအနေတွင် ရှေးဉီးမူလစွမ်းအားသည် ရေတိုတွင် အသုံးပြုနိုင်သော်လည်း ရေရှည်တွင် အသုံးပြုရန် မဖြစ်နိုင်။
ကျိုးဝမ် အနေဖြင့်မူ သူ၏ အပြင်ခွန်အားသည် အဆင့်(၁၀) ဖြစ်နေ၍ တိုက်ပွဲတွင် ရေရှည်အသုံးပြုနိုင်ပြီး အသင်းအတွက် အများကြီး အထောက်အကူဖြစ်၏။ ထျန်းရှန်းတောင်၏ အလင်း လက်သီးထက်ပင် အသုံးဝင်နေသေးသည်။
နောက်အကြောင်းပြချက်တစ်ခုမှာ ကျိုးဝမ်၏ ဘရုစလီစတိုင် လက်သီးသိုင်း ဖြစ်သည်။ ကျိုးဝမ်သည် သူ့ကိုယ်သူပျက်စီးနေသည် မဟုတ်ဘဲ လျှို့ဝှက်စွာ ကျင့်ကြံနေပြီး သူ့စွမ်းရည်များ သံချေး မတက် တောက်ပြောင်နေဆဲ ဖြစ်သည်။
သို့သော်လည်း ထျန်းရှန်းတောင်သည် အရှုံးကို ဝန်မခံလိုပဲ သူက ကျိုးဝမ်ကို အနိုင်ယူပြီးမှ သဘောထားကြီးစွာဖြင့် ကျိုးဝမ်ကို  အသင်းအတွက် လက်ခံပေးလိုက်သည့် ပုံစံပြုလုပ်ရန်အတွက် အသံထွက်လာခြင်း ဖြစ်သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now