171 - 175

309 26 0
                                    

အခန်း(၁၇၁) နဂါးအိုလိုဏ်ဂူ

       ဆရာမ ဝမ့်ဖေး သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကျိုးဝမ်ကို မည်သို့ ပညာသင်ပေးရမည်ကို အပြင်းအထန် စဉ်းစား နေခဲ့သည်။ နောက်ဆုံးတွင် သူမဆုံးဖြတ်လိုက်သည်မှာ ကျိုးဝမ် သည် ထပ်တလဲလဲ လေ့ကျင့်ရန် မလိုအပ်ခြင်း ဖြစ်သည်။ ထိုအစား သူ၏လမ်းကြောင်းအတွက် တောက်ပသည့် မီးအိမ်တစ်လုံးလိုအပ် နေခြင်းဖြစ်ပြီး အဝေးကို လှမ်းမြင်နိုင်ရန် ဖြစ်သည်။

       ဤတွင် ဆရာမဝမ့်ဖေ့သည် တစ်စုံတစ်ယောက်ကို တွေးမိ လိုက်သည်

"အကြံပေးအရာရှိဟောင်း ဝမ့်မင်ယွမ်"

ဝမ့်မင်ယွမ်သည် နေဝင်ချိန်ကောလိပ်၏ အကြံပေးအရာရှိ ဟောင်း တစ်ယောက်ဖြစ်သည်။ သူသည် အငြိမ်းစားယူပြီးသည် ဖြစ်သဖြင့် လက်ရှိအချိန်တွင် သုတေသနအလုပ်များကိုသာ လုပ်နေ ပြီး အတန်းတာဝန်များ မရှိတော့သည်မှာ သိပ်မကြားသေးပါ။

သို့သော်လည်း သူ့ဘေးတွင် ကျောင်းသားအချို့ရှိနေဆဲ ဖြစ် သည်။ သူတို့အားလုံးမှာ ကောလိပ်၏ထူးချွန်သူများ ဖြစ်ကြသည်။ သူတို့သည် ဝေ့ကော ကဲ့သို့ မကျော်ကြားသော်လည်း ကျွမ်းကျင်မှု နယ်ပယ်တွင် ကွာခြားခြင်းမရှိသလို ပိုမိုပြီး သန်မာသည်ဟု ပြော နိုင်သည်။

ဝမ့်မင်ယွမ်မှာ ဆရာမ ဝမ့်ဖေး၏ ဦးလေးဖြစ်သည်။ ထို့ကြောင့် သူမသည် ဦးလေးအကြောင်းကို ကောင်းစွာ သိထားသည်။ ဝမ့်မင်ယွမ်၏အဆင့်မှာ တော်ဝင်သူရဲကောင်းအဆင့်များကြားတွင် ထိပ်ဆုံးမဟုတ်သော်လည်း သူ၏သုတေသနရလဒ်များကြောင့် အဖွဲ့ချုပ်၏ထိပ်ပိုင်းအဆင့်သို့ ဝင်ရောက်ရန် လုံလောက်သည်ကို သူမ သိထားသည်။

  သေချာသည့် နယ်ပယ်တစ်ခုတွင် ဝမ့်မင်ယွမ်၏ သီအိုရီဗဟု သုတများမှာ အလွန်ပြည့်စုံလှပြီး အဖွဲ့ချုပ်တစ်ခုလုံးတွင် အကောင်း ဆုံးဟု ပြောနိုင်သည်။

      အကယ်၍ ဆရာမ ဝမ့်ဖေးသည် တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့ လျှင် သူသည် ကျိုးဝမ်ကို အခွင့်အရေးတစ်ခုပေးနိုင်သည်။ သို့သော် အခုအချိန်တွင် သူမကြောက်ရွံ့မိသည်မှာ ကျိုးဝမ်သည် အလွန်မာန ကြီးပြီး သူမဦးလေးထံမှ မသင်ယူနိုင်မည်ကို ဖြစ်သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now