66 - 70

240 24 0
                                    

အခန်း(၆၆) မခမ်းနားသောဗုဒ္ဓကျောင်းဆောင်အတွင်းသို့ ဝင်ရောက်ခြင်း

ကျိုးဝမ် ‌ သွေးနီရောင်ကိုယ်ပွား၏ အချက်အလက်များကို ကြည့်လိုက်သည့်အခါ နှလုံးသားစင်ကြယ်ခြင်း ရှေးဦးမူလစွမ်းအားသိုင်းကျွမ်း ကျင်မှုမှာ ပျောက်ကွယ်သွားပြီး သွေးစင်ကြယ်ခြင်းဖြင့် အစားထိုး လိုက်ပြီ ဖြစ်သည်။

ကျိုးဝမ်သည် စမ်းသပ်သည့်အနေဖြင့် သွေးစင်ကြယ်ခြင်းကို လုပ်ဆောင်လိုက်သည်နှင့် ချက်ချင်းပင် အေးစက်သည့်အရှိန်အဝါ များ သူ့နှလုံးမှ ပေါ်ထွက်လာသည်။ ထိုအရှိန်အဝါများသည် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို သွေးကြောများဖြတ်ကာ စီးဆင်းသွားပြီး ထိုအရာ ကျိုးဝမ်ကို ဖော်မပြနိုင်သည့် သက်တောင့် သက်သာရှိမှုကို ခံစားရသည်။

သူ၏အရေပြားများမှာ ပုံမှန်မဟုတ်သည့် စိုပြေနီမြန်းမှုများပျံ့နှံနေ ပြီး ထိုအရာက ကြည့်ရသည်မှာ ထူးဆန်းသည်ဟု ထင်ရသည်။

ခံစားချက်များသည် နှလုံးသားစင်ကြယ်ခြင်းနှင့် အနည်းငယ် ခြား နားနေသည်။ ထို့အပြင် ရှေးဦးးမူလစွမ်းအားကုန်ကျမှုမှာလည်း များစွာနှေးကွေးသည်။ ရှေးဦးမူလစွမ်းအားတစ်မှတ်သည် သုံးမိနစ် အထိကြာသည်။ ရှေးဉီးမူလစွမ်းအား၁၀မှတ်သည် ကျိုးဝမ်သည် သွေးစင်ကြယ်ခြင်းကို နာရီဝက်တိတိအသုံးပြုနိုင်သည်။

သွေးစင်ကြယ်ခြင်းသည် နှလုံးသားစင်ကြယ်ခြင်းနှင့်တူလျှင် နာရီ ဝက်သည် သူ မခမ်းနားသောဗုဒ္ဓကျောင်းဆောင်၏ ထူးဆန်းသည့် အင်အားကို ကျော်ဖြတ်နိုင်လောက်သည်။

အဲဒီစွမ်းအားက ငါ့ကို ကျောင်းဆောင်ရှေ့ရှိ ကျောက်တုံးလှေခါးထစ်ဆီကို ခရီးထွက်ဖို့ လုံလောက်သင့်တယ်
ကျိုးဝမ်သည် အချိန်မဖြုန်းတော့ဘဲ ချက်ချင်း ပင် သွေးနီရောင်ကိုယ်ပွားကို ငွေတောင်ပံပုရွက်ဆိတ်ပျံကြီးစီးခိုင်း လိုက်ပြီး မခမ်းနားသောဗုဒ္ဓကျောင်းဆောင်ဆီသို့ ပျံသန်းသွားလိုက် သည်။

သူမျှော်လင့်ထားသလိုပင် သွေးစင်ကြယ်ခြင်းနှင့် နှလုံးသားစင် ကြယ်ခြင်းမှာ တူညီသော စွမ်းအားများရှိသည်။ သွေးစင်ကြယ်ခြင်း လုပ်ဆောင်မှုစတင်ပြီး သွေးနီရောင်ကိုယ်ပွားသည် ကျောက်တုံးလှေ ကားထစ်များကို ပြေးသွားပြီး မခမ်းနားသောဗုဒ္ဓကျောင်းဆောင်ရှေ့ သို့ရောက်သည်အထိ မည်သည့်မတော်တဆမှုများ မဖြစ်ခဲ့ပါ။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now