186 - 190

222 23 0
                                    

အခန်း(၁၈၆) ကျိုးဝမ်၏ အစီအစဉ်များ

       ‌ကျိုးဝမ် သည် သူ၏ အဆောင်သို့ ပြန်လာခဲ့သည်။ သူ၏ နှလုံးသားမှာ လေးလံနေသလို ခံစားနေရသည်။

အမှန်တရားသည် သူတွေးထားသည်ထက်ပင် ဆိုးရွားနေ၏။ တော်ဝင်သူရဲကောင်းအဆင့်ဖြစ်သည့် အရာရှိတစ်ယောက်သည်ပင် ချိတ်ဆက်မှုနယ်မြေအပြင်ဘက်တွင် သေဆုံးခဲ့ရသည်။ များစွာ သော သတ္တဝါများသည်သာ အပြင်ထွက်လာပြီး မြို့ထဲသို့ ပြေးဝင် လာခဲ့လျှင်ဆိုသည့်အတွေးမှာ ကျိုးဝမ်အနေဖြင့် စိတ်တောင်မကူးရဲ ဘဲ ဖြစ်နေသည်။

"တကယ်သာဖြစ်လာလို့ရှိရင် လူသားဘယ်လောက်များများ ရှင်ကျန်နိုင်မှာလဲ?"

       သူသည် အန္တရာယ်မှာ အရမ်းကြီး မဝေးတော့သည်ကို သိသော် လည်း အခုအချိန်တွင် လုပ်နိုင်သည်မှာ အနည်းငယ်သာ ရှိနေသည်။ သူလုပ်နိုင်သည့်အရာတစ်ခုမှာ သန်မာမှုကို အတတ်နိုင်ဆုံး ဖြစ်နိုင် သမျှ မြှင့်တင်ရန် ဖြစ်သည်။

       "အဲဒီနေ့ အမှန်တကယ်ဖြစ်လာခဲ့ရင် ငါ့အင်အားကို အသုံးပြု ပြီး ကယ်တင်ချင်တဲ့သူတွေကို ကယ်တင်ဖို့ အသုံးပြုနိုင်ရမယ်"

       ကျိုးဝမ် သည် ဆိုဖာပေါ်တွင် အိပ်နေသည့် တောင်ဆိတ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

"ဒီကောင်ကြီးက ဘာမှလည်း မလုပ်ဘူး ဒါပေမယ့် တစ်နေ ကုန်တော့ အိပ်လိုက်၊ စားလိုက်နဲ့ ၊ လောင်ကျွင့်တောင်ကနေ ထွက်ခွာလာကတည်းက ဒင်းက ဘာမှလုပ်တာကို မတွေ့သေးဘူး"

   "တကယ်လို့ ချိတ်ဆက်မှုနယ်မြေက မျိုးနွယ်ခြားသတ္တဝါတွေ က ဒီကောင်ကြီးလို အတူတူပဲဆိုရင်ရော၊ အဲဒါဆို ဘယ်လောက် ကောင်းလိုက်မလဲ၊ သူတို့ကို စားစရာလေးပေးလိုက်ရင် အေးဆေး ညှိလိုက်လို့ ရပြီ"

       ကျိုးဝမ် သည် စိတ်ကူးယဉ်နေခြင်းသာ ဖြစ်ပြီး ထိုသို့ မဖြစ်နိုင် မှန်း သိထားသည်။

      အကယ်၍ မျိုးနွယ်ခြားသတ္တဝါများသည် လူသားများကို ပြဿနာမရှာလျှင်ပင် လောဘကြီးသည့် လူသားများ၏ သဘာဝ ကြောင့် မျိုးနွယ်ခြားများ၏ရတနာများမက်မောပြီး ပြဿနာလုပ်နိုင် သေးသည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now