21 - 25

339 29 0
                                    

(၂၁) မမျှော်လင့်သော အဖြစ်အပျက်

လီရွှမ် စကားမပြောခင် ရှုမြန်ထူက “အချိန်စောသေးတယ်၊ အခု လက်ရှိ အရိုးပုတီးစေ့အရေအတွက်က ပထမနေရာ ရဖို့မသေချာ သေးဘူး၊ ငါတို့အရှေ့ဆက်သွားဖို့ လိုတယ်?”
ကျန်းဟောက် လည်း မြေပုံကို ကြည့်လိုက်ပြီး “ မြေပုံအရဆိုရင်တော့ အခု ဧရိယာက လုံခြုံနေသေးတယ်၊ ငါတို့ နောက်ထပ် ၁၀ကီလိုမီတာ လောက်သွားရင်တောင် အန္တရာယ်မရှိနိုင်ဘူး”
လီရွှမ် သူ့ဖုန်းထဲက မြေပုံကိုကြည့်ပြီး ခေါင်းငြိမ့်လိုက်ရာ “အချက် အလက်အရ ဒီမှာ သူရဲကောင်းအဆင့် သတ္တဝါတွေ အနီးပတ်ဝန်း ကျင်မှာ မရှိဘူး၊ အနည်းငယ်ရှေ့ဆက်သွားလို့ရလောက်တယ်၊ ငါတို့ အရိုးပုတီးစေ့ အနည်းငယ်ထပ်ရရင် အမှန်တကယ် အောင်နိုင်သူ ဖြစ်ပြီ၊ ငါတို့သေချာအောင်လုပ်ဖို့လိုတယ်”
ကျိုးဝမ် သူတို့ကို ရှေ့ဆက်မသွားဖို့ ဖျောင်းဖျနိုင်မှာ မဟုတ် မှန်း သိလိုက်သည်။ အကယ်၍ မတားနိုင်ခဲ့၍ သူတို့သည် အရိုးခြောက်ဗိုလ်ချုပ်နှင့် တွေ့ပြီး သေဆုံးခဲ့လျှင် အကျိုးဆက်မှာ သူ့ရလဒ်ပေါ် သက်ရောက်စေမည် ဖြစ်သည်။
ကျိုးဝမ်၌ တက္ကသိုလ်ကောင်းကောင်းတက်ပြီး အဆင့်မြင့်လူ့ အသိုင်အဝိုင်းကို ဝင်ဆန့်ရန် ရည်ရွယ်ချက်မရှိသော်လည်း ဂုဏ်သိက္ခာမြင့်သောကျောင်းတစ်ခုသို့ ဝင်ရောက်ချင်သေးသည်။
သူတို့ထဲက တစ်ယောက်ယောက်သေလျှင်ပင် ထိပ်တန်း တက္ကသိုလ်ဝင်ရန်မှာ အလွန်အမင်းနည်းပါးသွားပြီ ဖြစ်သည်။ သူဘယ်လောက်ပဲ အခြားအရာများကို ကောင်းအောင်လုပ်ပါစေ၊ သူသည် ပထမအဆင့် တက္ကသိုလ်သာ တက်ရမည်ဖြစ်သည်။ ထိုအရာသည် ကျိုးဝမ်လိုချင်သော အရာမဟုတ်ပေ။
“လီရွှမ် မင်းဆဌမအာရုံကို ယုံလား”
လီရွှမ်သည် ရုတ်တရက် အဖြေမပေးဘဲ စိတ်ဝင်စားသည့် အမူအရာ ပြလာသည်။
“ငါ့ဆဌမအာရုံက အခြားလူတွေထက်ထက်မြတ်တယ်၊ ငါငယ်ငယ် လေးကတည်းက အန္တရာယ်မတွေ့ခင် ခံစားနိုင်တဲ့အစွမ်းရှိတယ်၊ ထိုခံစားချက်က ငါ့ကိုနေထိုင်ရမသက်မသာဖြစ်စေတယ်၊ အန္တရာယ် ကို ကြိုမြင်တာတော့ မဟုတ်ဘူး၊ အများအားဖြင့်တော့ ပြဿနာ မကြာခင်တက်လေ့ရှိတယ်” ကျိုးဝမ် က ဆက်ပြီး “ငါအခုအရမ်း နေထိုင်ရမသက်မသာခံစားချက်ဖြစ်နေတယ်”
“ကြောက်နေတာရော မဖြစ်နိုင်ဘူးလား၊ ဘာလို့ ဆဌမအာရုံက အခုမှပေါ်လာတာလဲ? ရှုမြန်ထူ လှောင်သံနှင့် ပြောလိုက်၏။
လီရွှမ် ကျိုးဝမ်ကို အကဲခတ်ရင်း ကျန်းဟောက် ကိုလည်း ကြည့်လိုက်၏။
ကျန်းဟောက် ခဏတွေးလိုက်ပြီး “ငါတို့မှာရှိတဲ့ အရိုးပုတီးစေ့တွေက ပထမ ရဖို့ အာမခံနိုင်ဘူး၊ နည်းနည်းရှေ့တိုးလိုက်ပြီး အခြေအနေမကောင်း ရင် ငါတို့ တန်းပြန်ကြမယ်”
ကျန်းဟောက်မှာရှေ့ဆက်သွားချင်သည်မှာ သိသာလှသည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now