146 - 150

245 26 2
                                    

အခန်း(၁၄၆) တစ်မိနစ်က ရှည်ကြာလွန်းတယ်

"စားပွဲဝိုင်းပေါ်က သူရဲကောင်း"

       ဂျွန်သည် တွဲဘက်သားရဲသတ္တဝါကို ဆင့်ခေါ်လိုက်သည်ကို မြင်ရသည့်အခါ လီရွှမ်သည် ကြောက်ရွံ့စိတ်ဖြင့်တုန်ယင်စွာ တီးတိုး ရေရွတ်လိုက်မိသည်။

အနောက်ပိုင်းနယ်မြေ၏ ချိတ်ဆက်မှုနယ်မြေအများအပြား ရှိသည့်ကြားတွင် ကာမယ်လော့နယ်မြေသည် သံသယမရှိလောက် အောင် ကျော်ကြားသည့်နယ်မြေများထဲမှ တစ်ခု ဖြစ်သည်။

        ကာမယ်လော့နယ်မြေတွင်ရှိသည့် တစ်ခုတည်းသော မျိုးနွယ် ခြားသတ္တဝါမှာ စားပွဲဝိုင်းပေါ်ကသူရဲကောင်းများဖြစ်သည်။ ၎င်းတို့ သည် အရေအတွက်အားဖြင့်များစွာရှားပါးပြီး တစ်ယောက်စီတိုင်း တွင် ခြားနားသည့်အရည်အချင်းများ ရှိကြသည်။

အနောက်ပိုင်းနယ်မြေရှိ သူရဲကောင်းအဆင့်ကျင့်ကြံသူများ သည် စားပွဲဝိုင်းပေါ်ကသူရဲကောင်းများကို တွဲဘက်သားရဲအဖြစ် ရရှိလိုခြင်းမှာ အိမ်မက်တစ်ခုဖြစ်သည်။

အနောက်ပိုင်းနယ်မြေတွင် စားပွဲဝိုင်းပေါ်ကသူရဲကောင်းများ ကို တွဲဘက်သားရဲအဖြစ် ရရှိထားခြင်းသည် သူရဲကောင်းအဆင့်တွင် ပြိုင်ဘက်ကင်းသည်ဟူသည့် အဓိပ္ပါယ်နှင့်အတူတူဖြစ်သည်။ ၎င်း တို့သည် စွမ်းအားကြီးလွန်းသည်သာမက နောက်ထပ် အရေးကြီး သည့် အကြောင်းပြချက်တစ်ခုလည်း ရှိနေသေးသည်။ စားပွဲဝိုင်းပေါ် ကသူရဲကောင်းများသည် ကိုယ်ပိုင်အရည်အချင်းများ ရှိနေသည် သာမက ပိုင်ရှင်၏ ခွန်အားကို မြှင့်တင်ပေးနိုင်သည့် အနည်းငယ် သော တွဲဘက်သားရဲများထဲမှ တစ်ကောင်လည်း ဖြစ်သည်။

စားပွဲဝိုင်းပေါ်ကသူရဲကောင်းတစ်ယောက် ပိုင်ဆိုင်ထားသည့် လူသည်စွမ်းအားပိုပြီးကြီးမားပါက သူရဲကောင်း၏စွမ်းအားကို ပိုပြီး တိုးမြှင့်ပေးနိုင်သည်။ ထိုသို့ပြုလုပ်ပေးနိုင်ခြင်းဖြင့် ထိုသူသည် သူရဲကောင်းအဆင့်တွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သွားသည်။

အနောက်ပိုင်းနယ်မြေတွင်းရှိ တွဲဘက်သားရဲချင်းယှဉ်ပြိုင် တိုက်ခိုက်သည့် ပြိုင်ပွဲများတွင် ပြိုင်ဘက်ကင်းသည့် ဂါလာဟတ် ဆိုသည့် စားပွဲဝိုင်းပေါ်ကသူရဲကောင်း တွဲဘက်သားရဲကို ပိုင်ဆိုင် သည့် ကျင့်ကြံသူတစ်ယောက်မှာ အလွန်ကျော်ကြားထင်ရှားသည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now