936 - 940

153 19 0
                                    

အခန်း(၉၃၆) ရေခဲမိန်းမပျို၏ အကြံပြုချက်

နတ်ဆိုးနတ်ဘုရားကျမ်းစာသည် နတ်ဆိုးအင်ပါယာသခင်၏ လျှို့ဝှက်အမွေအနှစ်တစ်ခု ဖြစ်သည်။ တော်ဝင်မိသားစုမျိုးနွယ် ကသာ ကျင့်ကြံပိုင်ခွင့်ရှိသည်။ ထို့အပြင် တော်ဝင်မိသားစုတွင် နတ်ဆိုးနတ်ဘုရားကျမ်းစာကို ကျွမ်းကျင်ပိုင်နိုင်သောအရည်အချင်း ရှိသည့် နတ်ဆိုးများမှာ အလွန်နည်းပါး၏။ လူသားတစ်ယောက် အနေဖြင့် နတ်ဆိုးနတ်ဘုရားကျမ်းစာကို မြင်ဖူးရန်ဆိုသည်မှာ မဖြစ်နိုင်သည့်အတွက် ကျွမ်းကျင်နေခြင်းဆိုသည်မှာ….။

ရေခဲမိန်းမပျိုသည် ကျိုးဝမ် အသွင်ပြောင်းထားသော မျိုးကွဲ နတ်ဆိုးမိခင်ဂုံးကောင်ကို အဆက်မပြတ်တိုက်ခိုက်ရင်း သံသယ ဖြစ်လာခဲ့သည်။ သို့သော် ရလဒ်မှာ အတူတူပင်..။ သူမ၏ ခွန်အား ကို မျိုးကွဲနတ်ဆိုးမိခင်ဂုံးကောင်မှ လုံးဝစုပ်ယူသွားခဲ့သည်။

        [ လူသားတစ်ယောက်က နတ်ဆိုးနတ်ဘုရားကျမ်းစာကို ကျွမ်း ကျင်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး… ဒါပေမယ့် သူက တော်ဝင်သူရဲ ကောင်းအဆင့်မှာပဲ ရှိသေးတယ်.. သူက ဘယ်လိုလုပ်ပြီး မျိုးကွဲ နတ်ဆိုးမိခင်ဂုံးကောင်အသွင်ကို ပြောင်းနိုင်တာလဲ…ပြီးတော့ ၎င်း ရဲ့ စွမ်းရည်တွေလည်း ပြည့်စုံစွာ ရှိနေတယ်… ]

ရေခဲမိန်းမပျိုသည် ကျိုးဝမ်ကို အံ့အားသင့်စွာ ကြည့်နေခဲ့၏။

        “ ကြည့်ရတာ… ငါ့လို မကြိုဆိုတဲ့ဧည်သည်တစ်ယောက်ကို မင်း ဒီအတိုင်း ထားခဲ့ရတော့မယ်…”

ကျိုးဝမ်သည် ကြီးမားသောရေခဲအလင်းတန်းများကို  စုပ်ယူပြီး သူ့ခန္ဓာကိုယ်အတွင်း ကြောက်မက်ဖွယ်စွမ်းအားများကို စုဆောင်း ထားသည်။ သူ၏ အသွင်ကူးပြောင်းမှုကို အချိန်အကြာကြီး ထိန်း သိမ်းထားနိုင်သည်။ ရေခဲမိန်းမပျိုအတွက်မူ သူ့ကို ရင်ဆိုင်ရာတွင် ကူကယ်ရာမဲ့ ဖြစ်နေလောက်သည်။

ရေခဲမိန်းမပျို စိတ်တည်ငြိမ်အောင်ထားလိုက်ပြီး ကျိုးဝမ်ကို မေးမြန်းလိုက်သည်။

        “ နင် … နတ်ဆိုးအမွေအနှစ်ကျမ်းစာကို ကျင့်ကြံခဲ့တာလား..”

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now