976 - 980

196 21 0
                                    

အခန်း(၉၇၆) ပြန်လည်တွေ့ဆုံခြင်း

ကျိုးဝမ်သည် ပင်လယ်ခုနှစ်စင်းနဂါးဘုရင်၏ ဝမ်းဗိုက်အတွင်း မှ ထွက်ခွာနိုင်မည့် နည်းလမ်းကို စဉ်ဆက်မပြတ် အဖြေရှာနေခဲ့ သော်လည်း ဤနေရာမှာ အဖြူရောင်အရည်များဖြင့် ပြည့်နှက်နေခဲ့ သည်။ အဖြူရောင်အရည်အတွင်း တယ်လီပို့ခြင်းပင် သူ မပြုလုပ် နိုင်သောကြောင့် ထွက်ခွာရန်မှာ မလွယ်ကူပေ..။

ခေးယော့စ်ဥ၏ အကာအကွယ်ဖြင့် ကျိုးဝမ်၏ အသက်သည် အန္တရာယ်မရှိတော့ပါ…။ သူသည် ပင်လယ်ခုနှစ်စင်းနဂါးဘုရင်ကို ချုပ်နှောင်ရန် မျှော်လင့်ပြီး နည်းမျိုးစုံဖြင့် ဖြည်းဖြည်းချင်း ကြိုးစား ကြည့်ခြင်းသာ တတ်နိုင်သည်။

ပထမဆုံးအနေဖြင့် မီ၏စွမ်းအားဖြစ်သည်။ ဤစွမ်းအားသည် အဖြူရောင်အရည်များကို ရင်ဆိုင်ရာတွင် အသုံးဝင်ခြင်း မရှိသည် မှာ ထင်ရှားနေခဲ့သည်။ သို့မဟုတ်လျှင် ကျိုးဝမ်၏ မီးစွမ်းအင်အဆင့် သည် မြင့်မားခြင်း မရှိသောကြောင့်လည်း ဖြစ်နိုင်သဖြင့် ၎င်းသည် အသုံးမဝင်တော့ပေ..။

စွမ်းအားကြီး သန်မာသောခန္ဓာကိုယ်ရှိသော တွဲဖက်သားရဲများ မှာလည်း အသုံးမဝင်ပေ..။ သူတို့သည် အဖြူရောင်အရည်များဖြင့် ကပ်သွားခဲ့ပြီး တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်ရန် မတတ်နိုင် ကြပါ..။

လက်နက်အမျိုးအစားတွဲဖက်သားရဲများမှာလည်း အတူတူပင် ဖြစ်သည်။ မည်မျှထက်ရှသည့်လက်နက်ဖြစ်နေပါစေ  ၎င်းတို့သည် အဖြူရောင်အရည်များတွင် ကပ်သွားလိမ့်မည်ဖြစ်သည်။ သူတို့မှာ အသုံးမဝင်တော့ပေ..။

အခြေခံအားဖြင့် သူ့တွင် ရှိသော တွဲဖက်သားရဲများအားလုံးနှင့် ဒြပ်စင်များအားလုံး၏ စွမ်းရည်များကို စမ်းသပ်ကြည့်ခဲ့သော်လည်း ၎င်းတို့အားလုံးမှ အသုံးမဝင်ခဲ့ပေ..။

        [ ဒီအဖြူရောင်အရည်တွေက တကယ်ကို ပြိုင်ဘက်ကင်းတာ ဖြစ်နိုင်မလား.. ဘယ်စွမ်းအားမှ ဒီအရည်တွေကို မဖြိုခွဲနိုင်ဘူးလား ]

        ကျိုးဝမ် ဤအတွေးကို ယုံကြည်ခြင်း မရှိပါ..။

        [ ငါ အသုံးမပြုရသေးတဲ့ တခြားစွမ်းအားတွေ ရှိသေးလား… ]

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now