191 - 195

203 25 0
                                    

အခန်း(၁၉၁) ချင်ရှီးယွမ်

        "ဒီ တွဲဖက်သားရဲ နာမည်က ကောင်းကင်နတ်ဘုရားကြိုးကြာ လို့ ခေါ်တယ်၊ တော်ဝင်သူရဲကောင်းအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်တဲ့ လုကျိုးယွင် လာထားခဲ့တာ၊ ဒီ ကောင်းကင်နတ်ဘုရား ကြိုးကြာရဲ့ အလျင်က အရမ်းကို မြန်ဆန်လွန်းတယ်၊ နောက်ပြီး ဒီကောင်ရဲ့ ဘဝစောင့်ရှောက်သူနတ်ဘုရား နဲ့ အသက်ဝိညာဉ်က အရမ်းကို ကောင်းမွန်တယ်……."

    ချင်ရှီးယွမ် သည် ကျိုးဝမ်၏ လက်ကို ကိုင်ထားပြီး နွေးထွေးစွာ ဖြင့် မြေအောက်လေးထပ်မြောက်တွင်ရှိနေသည့် တွဲဖက်သားရဲကို မိတ်ဆက်ပေးနေသည်။

        ကျိုးဝမ် မှာ ထူးဆန်းသလို ခံစားနေရသည်။ သူသည် လျင်မြန်မှုအမြုတေတစ်ခု ဝယ်ရန် ဒီနေရာသို့ လာသည်မှာ သိသာ လှသည်။

        "ဒါဆို ဘာကြောင့် ချင်ရှီးယွမ်က ငါ့ကို ဒီတွဲဖက်သားရဲနဲ့ မိတ်ဆက်ပေးနေရတာလဲ?"

        ကျိုးဝမ် သည် သူ၏ လည်ပတ်ရသည့် အဓိကရည်ရွယ်ချက်ကို ရှင်းပြရန်ကြိုးစားနေခဲ့သည်။ သို့သော် သူသည် ကြားဖြတ်ပြောဆို ရန် အခွင့်အရေးတစ်ခုမှပင် ရှာလို့မရဘဲ ဖြစ်နေသည်။

အမှန်အားဖြင့် အို့ယန်လန် သူ့ကို ဒီနေရာခေါ်ယူခဲ့စဉ်က အရာ အားလုံးကို ပြောပြပြီးသား ဖြစ်သည်။ သို့သော်လည်း ချင်ရှီးယွမ်မှာ စိတ်အားထက်သန်မှု ရှိနေသဖြင့် ကျိုးဝမ် သည် သည်းခံပြီး နားထောင်ရုံသာ တတ်နိုင်တော့သည်။

နားလည်သဘောပေါက်ခြင်း မရှိဘဲနှင့် နှစ်ယောက်သားသည် ဆံပင်ဖြူတွဲဖက်သားရဲကို ချိန်းကြိုးများနှင့် ချည်နှောင်ထားသည့် အခန်းသို့ ရောက်သွားကြသည်။ အခန်းတွင်းသို့ ဝင်ပြီးနောက် ချင်ရှီးယွမ် သည် ကျိုးဝမ်ကို ရုတ်တရက် ပြောလိုက်သည်

      "ကျိုးဝမ်၊ မင်း အန္တရာယ်ထဲကျရောက်နေပြီကို သိထားလား?"

    "သခင်ကြီး ချင်၊ ဘာကို ပြောချင်တာလဲ မသိဘူး?"

        ကျိုးဝမ် သည် ချင်ရှီးယွမ်ကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့် လိုက်မိသည်။

    ချင်ရှီးယွမ် သည် အပြင်ဘက်ကိုတစ်ချက်လှမ်းကြည်လိုက်ရာ လေးထပ်မြောက်ဓာတ်လှေကားကို အန်ရှန့် စောင့်ကြပ်နေသေး၏။ သူသည် ကျိုးဝမ် ကို တီးတိုးပြောလိုက်သည်

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now