266 - 270

188 23 1
                                    

အခန်း(၂၆၆) မင်းက အရူးလား?

သွေးမြစ်ကမ်းပါး နှစ်ခုလုံးသည် လုံးဝခြားနားနေသော ကမ္ဘာ နှစ်ခု ဖြစ်နေသည်။ တစ်ဖက်ကမ်းတွင် ရာသီဥတုသည် ပြည့်စုံစွာ သာယာလှပနေခဲ့ပြီး အခြားတစ်ဖက်တွင် ကီလိုမီတာထောင်ပေါင်း များစွာရှည်လျားနေသည့် သွေးမုန်တိုင်းတစ်ခု ရှိနေခဲ့သည်။

တောင်များနှင့် မြစ်များသည် သွေးစွန်းနေခဲ့ပြီး ငရဲပြည်တွင် ရှိနေသည့် အရာများကဲ့သို့ ဖြစ်နေသည်။

        ကျိုးဝမ် နှင့် ရှုဝမ် သည် သွေးမြစ်ကမ်းနားကို ရောက်သော အခါ လုယွမ်ရှန်း သည် အရာရှိများကို ဦးဆောင်ပြီး မြစ်ကို ဖြတ် သန်းနေပြီ ဖြစ်သည်။

"သူနာပြုချုပ် ရှု မင်းဘာကြောင့် ဒီနေရာမှာ ရှိနေတာလဲ?"

အနောက်ပိုင်းတွင်ရှိနေသည့် အဆင့်နိမ့် အရာရှိတစ်ယောက် သည် ရှုဝမ် ကို မြင်လိုက်သည့်အခါ အမြန်နှုတ်ဆက်လိုက်သည်။

    "တပ်ထဲမှာ ကျန်နေခဲ့ရတာ နည်းနည်းအဆင်မပြေဘူး..ငါတို့ တပ်မှူး လုနဲ့အဖွဲ့ပြန်လာတာကို ဒီနေရာကပဲ စောင့်လိုက်ရအောင်"

        ရှုဝမ်  စကားပြောလိုက်ရင်း ကားအတွင်းပိုင်းကို အကဲခတ် နေလိုက်သည်။

      သူမသည် မြစ်ကို မဖြတ်ကူးသင့်သလို ကျိုးဝမ်ကို စောင့် ရှောက်ရမည့်အမိန့်ကို နာခံရမည်ကို ခံစားမိသော်လည်း ကား အတွင်းပိုင်းကို ကူရာမဲ့စွာ ကြည့်လိုက်ပြီး အထူးမိုးကာအင်္ကျီများ ကျန်နေရန် မျှော်လင့်နေမိသည်။

အထူးမိုးကာအင်္ကျီများမရှိဘဲနှင့် လူတစ်ယောက်သည် သွေးမိုး ရေထဲတွင် တစ်လက်မမျှ မရွေ့လျားနိုင်ပါ။ သွေးမိုးစက်များနှင့် ထိ တွေ့လိုက်ပါက သူတို့သည် ရူးသွပ်သွားမည်ဖြစ်သည်။ အတွင်းသို့ ဝင်ရောက်ခြင်းသည် သတ်သေခြင်း ဖြစ်သွားမည်။

ကံဆိုးသည်မှာ အထူးမိုးကာအင်္ကျီအရေအတွက်မှာ ကန့်သတ် ထားခဲ့သည်။ အို့ယန်လန် နှင့် အန်ရှန့် အသုတ်နှစ်ခုအတွက် တစ်ခု ပြီး တစ်ခု ယူသွားကြပြီး ဖြစ်သည်။ အများကြီး ကျန်နေခြင်း မရှိနိုင် တော့ပါ။ လုယွင်ရှန်းနှင့် အခြားသူများသည် ဆယ်စုံခန့်သာရှိသဖြင့် လူဆယ်ယောက်ခန့်သာ မြစ်ကို ဖြတ်ကူးသွားကြ၏။ အခြားသူများ သည်လည်း စောင့်ဆိုင်းရန်ကိုသာ လက်ခံလိုက်ကြရသည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now