241 - 245

198 21 0
                                    

အခန်း(၂၄၁) ဘုရားကျောင်းအတွင်း ဝင်ရောက်ခြင်း

ကျိုးဝမ် သည် စစ်အရာရှိတစ်ဦးရှေ့သို့ ပြေးသွားလိုက်ပြီး မေးလိုက်၏။

"မင်း ဒီနေရာမှာ ဘယ်လောက်ကြာပြီလဲ? ဒီနေရာကို ပင့်ကူ ဘောလုံးဘယ်လောက်တောင် ရောက်နေခဲ့ပြီလဲ?

"ငါတို့ ဒီနေရာကို ရောက်နေတာ တစ်နာရီလောက်ရှိနေပြီ.. ကျိုးမြို့စားရဲ့ဘုရားကျောင်းအတွင်းကို ပင့်ကူဘောလုံးသုံးလုံး ဆင်း သက်သွားတာကို တွေ့ခဲ့ရတယ်"

အရာရှိမှ ပြန်လည်ဖြေကြားလိုက်သည်။

"ပင့်ကူဘောလုံးသုံးလုံးမှာ ဒီလိုပင့်ကူတွေအများကြီး မပါနိုင် ဘူး..အခြေအနေကိုကြည့်ဖို့ လူလွှတ်ခဲ့သေးလား?"

ကျိုးဝမ် ထပ်မေးလိုက်သည်။

အရာရှိသည် ပစ်ခတ်ရင်း အော်ပြောလိုက်သည်

"ငါတို့လည်း အထဲမှာ တစ်ခုခုမှားနေပြီဆိုတာကို သံသယရှိ ပေမယ့်လည်း ဒီမှာက ပင့်ကူတအားများနေတာ…ရှေ့ကို ချီတက် လို့ မရဘူးဖြစ်နေတယ်…ငါတို့ကြိုးစားခဲ့ပေမယ့် အသေအပျောက် က အရမ်းများနေတယ်"

"ဒီမှာ သတ်ဖြတ်နေလို့ကတော့ ပြီးမှာမဟုတ်တော့ဘူး… ကျိုးဝမ်နဲ့ ကျုံးကျီယာ ငါနဲ့လိုက်ခဲ့ပြီး တစ်ချက်သွားကြည့်မယ်"

ဟွေ့ဟိုင်ဖုန်းသည် သူ့ဒိုင်းလွှာဖြင့် ပင့်ကူအုပ်ကြီးကို တွန်းပို့ လိုက်ရင်း ပြောလိုက်သည်။

သူ၏ ချီတက်မှုမှာ အလွန်အမင်းရက်စက်ပြင်းထန်နေသော် လည်း သူသည် ပင့်ကူအိမ်တွင် လျင်မြန်စွာကပ်နေပြီး ရှေ့ဆက်တိုး လို့ မရနိုင် ဖြစ်နေသည်။

ကျိုးဝမ် နှင့် ကျုံးကျီယာသည်လည်း ရှေ့သို့ချီတက်လိုက်ပြီး ၎င်းတို့၏ ဆောဘာ နှင့် ဓားဖြင့် ပင့်ကူအိမ်ကို လှီးဖြတ်လိုက်ကြ၏။

သူတို့နောက်တွင် ကျောင်းသားအချို့လည်း ရှိနေကြသည်။ သူတို့ သည် ပင့်ကူဒီရေလှိုင်းကို အုပ်စုဖွဲ့ပြီးအဆက်မပြတ်တိုက် ထုတ်နေကြသည်။

သွေးစက်အချို့သည် ကျိုးဝမ်၏ မျက်နှာပေါ်သို့ လွင့်စင်လာခဲ့ သည်။ သွေးစက်များမှာ ဟွေ့ဟိုင်ဖုန်းထံမှ ဖြစ်သည်။ ပင့်ကူမျှင် ကြိုးတစ်ချောင်းသည် သူ့မျက်နှာကို ဖြတ်သန်းသွားခဲ့ပြီး သွေးစွန်း အမာရွတ်တစ်ခု ချန်ထားခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now