426 - 430

212 20 0
                                    

အခန်း(၄၂၆) ငါမင်းနဲ့အတူ ထွက်သွားမယ်

"မတွေ့ရတာကြာပြီ ချင်ဝူဖူ"

        ဂျက် သည် နောက်လှည့်လိုက်ပြီး ချင်ဝူဖူ ကို ကြည့်လိုက်၏။

        ချင်ဝူဖူ သည် ဂျက်၏ မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရချိန် တွင် ချက်ချင်းပင် အလန့်တကြား ဖြစ်သွားခဲ့သည်။

"မဖြစ်နိုင်ဘူး….ဂျက်…မင်းဘယ်လို လွတ်လာ……"

        ချင်ဝူဖူ သည် ဂျက်ကို ဝိုင်းဝန်းဖမ်းဆီးသည့်စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည်။ အဖွဲ့ချုပ်တွင်ရှိနေသော သူ့ရဲဘော်ရဲဘက် အများ အပြားလည်း ပါဝင်ခဲ့ကြသည်။

   ထိုအချိန်က ချင်ဝူဖူသည် သူ၏ အကောင်းဆုံးအချိန် ရှိနေဆဲ ဖြစ်သည်။ အဖွဲ့ချုပ်ရှိ တော်ဝင်သူရဲကောင်းကျွမ်းကျင်သူများ ဖြင့် ဝိုင်းရံထားပြီး စိတ္တဇလူသတ်သမား ဂျက် ကို အမဲလိုက်ခဲ့သည်။ သူ သည် လုံးဝကြောက်ရွံ့ခြင်း မရှိခဲ့ပါ။ သူသည် လူ့လောက၏ ဘေး ဆိုးကြီးကိုဖယ်ရှားရန် ထက်သန်ပြင်းပြသော ဇွဲလုံလများ ရှိနေခဲ့၏။

သို့သော်လည်း ဝိုင်းရံမှုများ ဆက်လက်ဖြစ်ပွားလာသည်နှင့် အမျှ သူ့အပေါင်းအဖော်များသည် ဂျက်၏တိတ်တဆိတ် သတ်ဖြတ် ခြင်းကို ပိုပြီးခံလာခဲ့ရသည်။ သူတို့သည် ဂျက်နှင့်ပင် လုံးဝ မတွေ့ခဲ့ ကြပါ။ ဂျက် ဆိုသည်မှာ ကြောက်စရာကောင်းသော နတ်ဆိုး၊ ကောက်ကျစ်သည့် မြေခွေး၊ အဆိပ်ပြင်းသော မြွေတစ်ကောင် ဖြစ် သည်ကို ချင်ဝူဖူ နားလည်သွားစေပြီး မကောင်းဆိုးဝါးလူဆိုးတို့၏ လိုအပ်သော အရည်အချင်းများအားလုံး ၎င်းထံတွင် ရှိနေခဲ့သည်။ နတ်ဆိုးတစ်ကောင်အဖြစ် မွေးဖွားလာသည့် သူဖြစ်သည်။

      ချင်ဝူဖူ၏ ကျောပြင်ပေါ်တွင် နောက်ကျောပြင်တစ်ခုလုံးကို ကုတ်ဆွဲထားသော အမာရွတ်တစ်ခု ရှိနေခဲ့သည်။ တိုက်ပွဲကြောင့် ကျန်ရစ်ခဲ့သော ဒဏ်ရာဖြစ်သည်။ အကယ်၍ သူ့ဘဝစောင့်ရှောက် သူနတ်ဘုရားသည် ထူးခြားသာလွန်နေခြင်း မရှိလျှင် သူသည် တိုက်ပွဲအတွင်း သေသွားလိမ့်မည် ဖြစ်သည်။

ဂျက်၏အမည်သည် လူလတ်ပိုင်းစစ်သားအချို့၏ မျက်နှာများ ကို သိသိသာသာ ပျက်ယွင်းသွားစေခဲ့သည်။ သူတို့ငယ်ရွယ်စဉ်က မိဘများသည် ခြောက်လှန့်ရန်အတွက် မကြာခဏ အသုံးပြုသည့် နာမည် ဖြစ်သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Onde histórias criam vida. Descubra agora