616 - 620

167 18 0
                                    

အခန်း(၆၁၆) သွေးနည်းနည်းထုတ်ပေးစမ်းပါ

ရွှမ်ဝမ်ကလပ်၏ ကျောင်းတွင်းလှုပ်ရှားမှုပွဲပြီးသွားခဲ့ပြီးနောက်  ကျိုးဝမ်သည် အဆောင်သို့ပြန်သွားပြီး နတ်ဧကရီထံသို့မက်ဆေ့ခ်ျ တစ်စောင် ပေးပို့ခဲ့သည်။ ပစ္စည်းများသည် အဆင်သင့်ဖြစ်နေပြီ ဖြစ်သောကြောင့် သူမအတွက် လက်ခံရန် အသိပေးခဲ့ခြင်းဖြစ်သည်။

        [ သူတို့ကို ပို့လိုက်ပါ.. ]

   နတ်ဧကရီမှ စာပြန်လာခဲ့သည်။

        ကျိုးဝမ် သည် ပစ္စည်းများကို လေဟာနယ်ပန်းရှိ ဝင်ပေါက်မှ တစ်ဆင့်ဖြတ်သန်းပြီး ပို့ပေးခဲ့သည်။ ပစ္စည်းများသည် အများကြီး အဖိုးမတန်သော်လည်း သူသည် တစ်သိန်းကျော် သုံးစွဲခဲ့ရသည်။ သူ့နှလုံးသားကို အနည်းငယ် နာကျင်စေသည်။

        [ နတ်ဧကရီ… မင်းအရင်က ပြောဖူးတာက အဆင့်သတ်မှတ် ချက်မှာ ပထမဆုံးတွဲဖက်သားရဲကပဲ အကျိုးခံစားခွင့်ရှိတယ်ဆိုတာ လေ.. ဒါဆိုရင် အနာဂတ်မှာ ပထမနေရာကဘယ်လိုအကျိုးအမြတ် တွေ ရနိုင်မလဲ.. ]

        ကျိုးဝမ် စုံစမ်းလိုက်သည်။

        [ မင်းက ဘာလို့ မေးတာလဲ.. မင်းရဲ့ တွဲဖက်သားရဲက ပထမ အဆင့်ကို မတက်နိုင်ဘူး..  တကယ်လို့ မင်းသိရင်လည်း အသုံးမဝင် နိုင်ဘူး.. ]

        [ ပထမနေရာကို မရယူနိုင်ခဲ့ရင်တောင် ပိုမြင့်မားတဲ့အဆင့် အတွက် ငါ အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်နိုင်ပါသေးတယ်… တခြား အဆင့်တွေက ငါ့ကို အကျိုးအမြတ်ရနိုင်လား.. ]

ကျိုးဝမ်သည် နတ်ဧကရီ၏ လေသံအရ ဆန်ဒီပြောခဲ့သလို အမှန်တကယ်ဖြစ်နိုင်သည်ဟု ပြောနိုင်နေပြီ..။

        [ ရတယ်.. ဒါပေမယ့် မင်းက ထိပ်တန်း ၁၀ ယောက်အတွင်းကို မဝင်နိုင်ဘူးဆိုရင် အကျိုးအမြတ်တွေက အရမ်း အကန့်အသတ်ရှိ နေတယ်.. မင်းရဲ့ တောင်ပံခြောက်ခုပါကာကွယ်သူနဂါးမှာရှိတဲ့ ကံ ကြမ္မာဘီးက တွဲဖက်သားရဲတိုက်ပွဲမှာ လုံးဝအသုံးမဝင်ဘူး.. အဆင့် ဇယားမှာရှိတဲ့ တွဲဖက်သားရဲများရဲ့ ပုံပန်းသဏ္ဍာန်အရ မင်းရဲ့သားရဲ က နောက်ဆုံးမှာ ထိပ်တန်း ၃၀ ထဲဝင်ရင်ကို မဆိုးဘူး.. မင်းနားထဲ က တစ်ကောင်ကလည်း ဒဏ္ဍာရီလာအဆင့်တောင်မရောက်သေး ဘူး ... အဲဒါဆိုရင် ထိပ်ဆုံး ၁၀၀ တောင် ဝင်ဖို့ မဖြစ်နိုင်ဘူး..]

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now