746 - 750

139 25 0
                                    

အခန်း(၇၄၆) ကြီးမားသောအစီအရင်

        " အန်ကယ် ချန်… ကျွန်တော့်ဘာသာ ကိုင်တွယ်နိုင်ပါတယ်.. ဘာမှလုပ်ပေးစရာ မလိုပါဘူး.."

ရှားလျှိုချွမ်က ပြောလိုက်သည်။

        " ဆောရီးပါကွာ… သခင်ကြီးက မစောင့်နိုင်တော့ဘူး.."

        အားချန် စကားပြောရင်း အမြင့်မြတ်ဆုံးသဟဇာတဂိတ်တံခါး ဆီသို့ ဆက်လျှောက်သွားခဲ့သည်။ မကြာခင်… သူသည် ဖြတ်သွားခဲ့ ပြီး ကျိုးဝမ် နှင့် ရှားရွှမ်ယဲ့ တိုက်ခိုက်နေသည်ကို မြင်လာရသည်။

        " ယဲ့လေး..ဖယ်လိုက်တော့.. ဒါကို ငါ့အတွက် ထားလိုက်ပါ.."

        " အန်ကယ် ချန် … သမီးကိုယ်တိုင် ကိုင်တွယ်နိုင်ပါတယ်.."

  ရှားရွှမ်ယဲ့က ပြန်ဖြေခဲ့သည်။

        " ဒါက သခင်ကြီးရဲ့ အမိန့်ပဲ.."

ရှားရွှမ်ယဲ့သည် "သခင်ကြီး" ဟူသော စကားကို ကြားရသော အခါ တိုက်ပွဲကို ကျောခိုင်းပြီး အားချန်၏ဘေးနားသွားရန်မှတပါး ရွေးချယ်စရာ မရှိတော့ပါ။

        အားချန် သူ့လက်ကို ဆန်ထုတ်လိုက်သည်နှင့် ထူးဆန်းသော အဝါရောင်အဆောင်စာရွက် ပေါ်လာခဲ့သည်။ အဝါရောင်အဆောင် စာရွက် ပေါ်လာသည့်အခိုက်တွင် အမြင့်မြတ်ဆုံးသဟဇာတခန်းမ ၏ ရှေ့ရှိ မြေပြင်ပေါ်တွင် ရွှေရောင်မှော်စာလုံးများ ထွန်းတောက် လာခဲ့သည်။ ၎င်းသည် ကြီးမားသောရင်ပြင်ကြီးတစ်ခုလုံံးကို ရွှေ ရောင်အလင်းတန်းများဖြင့် ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။

        ကျိုးဝမ် သည် ချက်ချင်းဆိုသလိုပင် ကြီးမားသောလေပွေကြီး တစ်ခုအတွင်းသို့ပြုတ်ကျသွားသလို ခံစားခဲ့ရသည်။  သူ့ခန္ဓာကိုယ် အတွင်းရှိ ရှေးဦးမူလစွမ်းအားများသည် လေပွေအတွင်းသို့လျင်မြန် စွာစီးဆင်းခြင်းမပြုမီ စုပ်ယူခံလိုက်ရသည်။

        ကျိုးဝမ် ကိုယ်တိုင်မျှသာမဟုတ်ပါ။ သူ့ဆင့်ခေါ်ခဲ့သော တွဲဖက် သားရဲများပင်လျှင် အလားတူကံကြမ္မာကို ခံစားခဲ့ရသည်။ ရွှေဓား ဘုရင်နှင့် မီဒူဆာတို့မှာ ၎င်းတို့၏ ရှေးဦးမူလစွမ်းအားများ လျင်မြန် စွာ ခြောက်ခန်းသွားခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Onde histórias criam vida. Descubra agora