641 - 645

176 24 0
                                    

အခန်း(၆၄၁) အရိုးသေဆုံးခြင်း

    ထိုလူသည် အဖြူအရိုးများဖြင့် ထွင်းထုထားသည့် ချပ်ဝတ် တန်ဆာကို ဝတ်ဆင်ထားသည်။ သူ့ခေါင်းပေါ်တွင် အရိုးခေါင်းလို မျက်နှာဖုံးတစ်ခု ရှိနေသည်။ အဝါရောင်ကျောက်စိမ်းပလ္လင်ပေါ်တွင် ပေါ့ပေါ့ပါးပါးထိုင်နေချိန် သူ့မျက်လုံးများမှထူးဆန်းသောအနီရောင် အလင်းတစ်ခု တောက်ပနေခဲ့သည်။ သူ့အကြည့်များသည် အောက် တွင်ရှိသော လမ်းမရှည်ပေါ်က လူများအား အကဲခတ်နေခဲ့သည်။

        သူသည် လူသားများကို ကြည့်နေသလိုမျိုးမဟုတ်ဘဲ ဝက်များ (သို့) ခွေးများလို သားရဲများအား သဘောထားနေသလိုပင်..။

     မျက်နှာကို လက်တစ်ဖက်ဖြင့် ထောက်ကာ ခေါင်းကို ငုံ့ကြည့် နေခဲ့သည်။ ထိုအချိန်တွင် အောက်လမ်းမပေါ်ရှိ လူများအားလုံး ဖြူဖျော့သွားကြသည်။ အလွန်ကြောက်စရာကောင်းသော အရာ တစ်ခု ဖြစ်ပျက်တော့မည်ပုံနှင့် လူတွေအားလုံး၏ ခန္ဓာကိုယ်များက မထိန်းချုပ်နိုင်ဘဲ တုန်လှုပ်ကုန်ကြသည်။

"အဲဒီကောင်က ဘယ်သူလဲ… ဘာကြောင့် ဒီကောင်က အရမ်း မိုက်နေတာလဲ.."

    လျှိုယွင်က တိုးတိုးလေး ပြောလိုက်သည်။

ကျောက်လှေကားထစ်များအထက်ရှိ အဝေးမှလူက လျှိုယွင် ပြောသည့်စကားကို ကြားသွားပုံပေါ်သည်။ သူ့ကို အဝေးကနေ လှမ်းကြည့်လိုက်ရာ လျှိုယွင်၏ ဦးရေပြားသည် ချက်ချင်း ထုံကျင် သွားပြီး နောက်ကျောမှ ချွေးအေးများ ပြုံထွက်လာခဲ့သည်။

ကံကောင်းစွာပင် ထိုလူက လျှို့ဝမ်ကို စိုက်ကြည့်ရုံသာဖြစ်ပြီး အများကြီးအလေးထားခြင်း မရှိပါ။

        ကျိုးဝမ် သည် ထိုလူ၏ ရှေ့တွင် ဦးခေါင်းခွံဖြင့် ပြုလုပ်ထား သော ပန်းကန်တစ်လုံးကို သတိပြုမိသည်။ ကံဆိုးစွာပင် အတွင်းထဲ တွင် ဘာရှိသည်ကို သူမသိပါ..။

အမှန်တရားနားထောင်သူ၏ စွမ်းရည်သည် ကန့်သတ်ခံထား ရသည်။ အရမ်းဝေးကွာလွန်းသောကြောင့် သူ အာရုံမခံနိုင်ပေ..။

        ကျိုးဝမ် အတွေးများနေစဉ် ထိုလူက လက်ကို ဆန့်တန်းပြီး ပန်းကန်လုံးအတွင်းမှ အရာတစ်ချို့ကိုယူကာ လက်ချောင်းများ ကြားတွင် ညှပ်ထားလိုက်သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now