471 - 475

160 18 0
                                    

အခန်း(၄၇၁) တံခါးကို အတူတကွဖွင့်ကြခြင်း

        "ဘာလို့ ငါ့ကိုကြည့်နေတာလဲ.."

လူးကတ်စ်က ထူးဆန်းသလို ဖြစ်သွားသည်။

        "မင်းရဲ့ ပို့စ်ကို မကြာသေးခင်က ဆိုရှယ်မီဒီယာမှ တင်ထား တာ ငါမြင်ခဲ့တယ်… မင်းက ကျိုးဝမ်နဲ့ ဆက်ဆံရေး ကောင်းရှိနေ တာပဲ.. ဟုတ်တယ်မလား.."

     ဟင်နရီက မေးလိုက်သည်။

        "အဲဒါ ဘာဖြစ်လဲ…"

    လူးကတ်စ် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

"အရမ်းရိုးရှင်းပါတယ်… ဒါကို အရင်ယူလိုက်…"

     ဟင်နရီက သူ့ကို ပုလင်းတစ်လုံး လမ်းကမ်းပေးလိုက်သည်။

လူးကတ်စ်သည် ဟင်နရီထံမှ ပုလင်းကို ယူလိုက်သောအခါ သူ့လက်ချောင်းများယားယံသလို ခံစားမိသည်။ သူ့လက်ကို မြှောက် ကြည့်ရာ ပိုးကောင်တစ်ကောင်ကိုက်ခံရသလို သူ့လက်ချောင်းမှာ အနီစက်တစ်စက်ရှိနေသည်ကို တွေ့လိုက်ရသည်။

    လူးကတ်စ် ဘာမှ မတွေးမိပါ။ သူသည် ပုလင်းကို ကိုင်ပြီး မေး လိုက်သည်

        "ဒါက ဘာလဲ.."

       "အထဲမှာ ရေရှိတယ်… မင်း အတွင်းထဲကရေတွေကို ကျိုးဝမ် သောက်မယ့် ရေထဲလောင်းပြီး သူ့ကို သောက်စေသရွေ့ ဒါက လုပ်သွားလိမ့်မယ်…"

   "အဲဒါဆိုရင် ငါက မင်း နန်းတော်တံခါးဖွင့်နိုင်အောင် အခမဲ့ ကူညီပေးမယ်…"

"မဖြစ်နိုင်ဘူး… ဒီလို ညစ်ပတ်တဲ့ကိစ္စတွေကို ငါကူညီပေးမှာ မဟုတ်ဘူး… "

လူးကတ်စ်သည် အီရာဂျားဘက် မလှည့်ခင် ရေဘူးကို စားပွဲ ပေါ်ပြင်းထန်စွာ ပစ်ထားလိုက်သည်။

    "သခင်ကြီး အီရာဂျား…ကျွန်တော်တို့ သူတို့အကူအညီကို မလိုအပ်ပါဘူး… ကျွန်တော်က ကျိုးဝမ်တို့အဖွဲ့နဲ့ နန်းတော်ကို သွားဖို့လုပ်ပြီးသွားပြီ… နန်းတော်တံခါးကို ဖွင့်နိုင်မယ်လို့ ကျွန်တော် အာမခံပါတယ်…"

       အီရာဂျာ အနည်းငယ် ချီတုံချတုံ ဖြစ်နေပုံရသည်။ လူးကတ်စ် က ဆက်ပြောခဲ့သည်

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now