526 - 530

180 17 0
                                    

အခန်း(၅၂၆) ပျံသန်းနေသောအင်မော်တယ်ကို ပုံဖော်ခြင်း


ထူးဆန်းသည်မှာ ကိပ်မိသားစုသည် ကျိုးဝမ် အား စိန်ခေါ်ခဲ့ သော ဂျွန် အပေါ်တွင် တော်တော်ထူးဆန်းသောတုံ့ပြန်မှု ရှိနေခဲ့၏။

အခြားမိသားစုများမှ စုံစမ်းမေးမြန်းမှုအချို့ ပြုလုပ်ပြီးနောက် သူတို့သည်ပင် ဂျွန်က ဘာကြောင့် ကျိုးဝမ်အား စိန်ခေါ်ခဲ့သည်ကို မသိဘဲ ဖြစ်နေသည်။

      "ဒီကိစ္စက အမှန်တကယ်ကို နည်းနည်းထူးဆန်းနေတာပဲ… ရွှမ်ယဲ့… တိုက်ပွဲကို သွားကြည့်လိုက်…"

     ရှားတန့်ယဲ့ သည် ရှားရွှမ်ယဲ့အား ပြောလိုက်သည်။

"လိုအပ်လို့လား…"

  ရှားရွှမ်ယဲ့က သံသယစိတ်ဖြင့် မေးလိုက်သည်။

"အားလပ်ရက်ခရီးလို့သာ မှတ်ယူလိုက်ပါ…"

     ရှားတန့်ယဲ့ က ပြုံးရင်း ပြောလိုက်သည်။

မိသားစုများ၏ တုံ့ပြန်မှုများသည် နည်းနည်းစီ ကွဲပြားနေကြ သည်။ စုံစမ်းစစ်ဆေးမှုအပြီးတွင် ကိပ်မိသားစု၏ လှည့်ကွက်ဖြင့် ဂျွန်သည် ကျိုးဝမ် အား စိန်ခေါ်ခြင်းမဟုတ်သည်ကို တွေ့ရှိခဲ့သည်။ ဂျွန်သည် ကိုယ့်သဘောဆန္ဒဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ရုံသာ…။ ဒါက က ကိစ္စရပ်အပေါ်တွင် အာရုံစိုက်မှုများအား လျော့ကျသွားစေ၏။

      ရှားရွှမ်ယဲ့ သည် သူမ၏ပစ္စည်းများကို ထုပ်ပိုးပြီး လော့ယန်သို့ ဦးတည်သွားခဲ့၏။

        သူမ၏ ဒဏ္ဍာရီလာတွဲဖက်သားရဲကို ဆုံးရှုံးလိုက်ကတည်းက သူမသည် ကောင်းကောင်းမလုပ်နိုင်ခဲ့ပါ။ ရှားမိသားစုသည် ဒဏ္ဍာရီ လာတွဲဖက်သားရဲတစ်ကောင် ပိုင်ဆိုင်ထားခြင်းကြောင့် သာမန်လူ ထက် ဒဏ္ဍာရီလာတွဲဖက်သားရဲကို ရရှိရန် အခွင့်အလမ်းပိုများ၏။

        သို့သော် နောက်ထပ် ဒဏ္ဍာရီလာတွဲဖက်သားရဲတစ်ကောင် ပိုင်ဆိုင်ရန်မှာ မလွယ်ကူသေးပါ။ ရှားမိသားစုသည်ပင် ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်ကို မသတ်ခင် စုံစမ်းစစ်ဆေးရန် အချိန်များစွာ လိုအပ်သည်။ သူတို့၏ ပညာရှင်များအား ကိုယ်ပိုင်ဒဏ္ဍာရီလာ တွဲဖက်သားရဲများနှင့် မစေလွှတ်မီ သူတို့သည် အပြည့်အဝပြင်ဆင် ထားရန် လိုအပ်သည်။ လုပ်ငန်းစဉ်သည် ပုံမှန်အားဖြင့် လနှင့်ချီပြီး ကြာမြင့်၏။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now