891 - 895

168 22 0
                                    

အခန်း(၈၉၁) အမြှီးကိုးခု မြေခွေး

        ကိုး.. တစ်ဆယ် … ဆယ့်တစ် ဒီလူက မွန်းစတားတစ်ကောင် လား…

ယူအီဆူဂီနာအို သည် ကျိုးဝမ်ကို စေ့စေ့ကြည့်နေရင်း အလွန် အမင်း ရှော့ရသလို ခံစားနေရသည်။

        [ ကျိုးဝမ်က ပြီးစလွယ် လက်ဝှေ့ယမ်းလိုက်တာနဲ့ ဓားစိတ်ဆန္ဒ ၁၀ ခုကျော်ကို အသုံးပြုသွားခဲ့တယ်… ပြီးတော့ သူ့အသက်အရွယ် မှာ ဒီလောက် ဓားစိတ်ဆန္ဒအများကြီးကို ဘယ်လိုလုပ်ပြီး‌နားလည် သုံးသပ်နိုင်တာလဲ….]

    ကျိုးဝမ်၏ ဓားစိတ်ဆန္ဒများမှာ သဘာဝအားဖြင့် သူကိုယ်တိုင် နားလည်သုံးသပ်နိုင်ခဲ့သောအရာများ မဟုတ်ပါ..။ တကယ်တမ်း တော့ ကျိုးဝမ်သည် ယခင်က ဓားကျင့်စဉ်များကို ဘယ်တုန်းကမှ မလေ့ကျင့်ခဲ့ပေ..။ သူ အမှန်တကယ်ကျွမ်းကျင်သည့်အရာမှာ လှုပ် ရှားမှုနည်းစနစ်များ ဖြစ်သည်။ အများဆုံး သူသည် အင်မော်တယ် သုတ်သင်ခြင်းလှုပ်ရှားမှုကို သူ့စာရင်းအတွင်း ထည့်သွင်းထားနိုင် ခြင်းသာရှိသည်။

ဤဓားစိတ်ဆန္ဒများသည် မက်မွန်ပန်းပွင့်သောလျှို့ဝှက်ဆန်း ကြယ်သည့်နယ်မြေတွင် ကျိုးဝမ် သင်ကြားခဲ့ခြင်း ဖြစ်သည်။ အဖြူ ရောင်ဝတ်စုံနှင့်လူ၏ ဓားကျင့်စဉ်တွင် ဓားစိတ်ဆန္ဒသုံးထောင်ပါဝင် နေသည်။ ဤအရာသည် သမုဒ္ဒရာအတွင်းရှိ ရေတစ်စက်မျှသာ..။

    ကျိုးဝမ်မှာ ဓားစိတ်ဆန္ဒသုံးထောင်ကို အပြည့်အဝနားမလည် သော်လည်း ၎င်းတို့ကို မှတ်မိသွားခဲ့ပြီး ဖြစ်သည်။ ဓားစိတ်ဆန္ဒ များသည် ထိပ်တန်းအဆင့် ဓားသမားစစ်စစ်များကို ရင်ဆိုင်ရာတွင် မလုံလောက်သော်လည်း ၎င်းတို့ကို အလွယ်တကူ အသုံးပြုနိုင်သေး သည်။

        “ ဒါက ‌ယေဘုယျပြဿနာပဲ… ကျန်တာက ဘာမှ မမှားဘူး.. ပြန်သွားပြီး ဖြည်းဖြည်းချင်း လေ့ကျင့်လိုက်… ငါ့မှာ လုပ်စရာလေး တွေ ရှိနေသေးလို့ အခုထွက်သွားတော့မယ်…”

ကျိုးဝမ်သည် လေ့ကျင့်ရေးဓားကို ယူအီဆူဂီနာအိုသို့ လက် ကမ်းပေးလိုက်ပြီး ယာအာကို ပွေ့ချီ၍ လေ့ကျင့်ရေးကွင်းအတွင်းမှ ထွက်ခွာသွားခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now