101 - 105

303 28 2
                                    

အခန်း(၁၀၁) ရှေးဦးမူလစွမ်းအားကျင့်စဉ် အသစ်

နောက်ဆုံးအကြိမ် ဖြစ်ခဲ့တုန်းကလိုပင် ပျောက်ဆုံးအင်မော်တယ် ဆုဒြာ၏ လှည့်ပတ်ခြင်းသည် နှေးကွေးမှုတိုးလာသည်။ အချိန် အနည်းငယ်ကြာပြီးနောက် လှည့်ပတ်ခြင်းသည် ရပ်တန့်သွားသည်။ ပျောက်ဆုံးအင်မော်တယ်ဆုဒြာရပ်တန့်သွားသည့် တစ်ချိန်တည်း တွင် ကျိုးဝမ်သည် သူ့ခန္ဓာကိုယ်လည်း ရုတ်တရက် ရပ်တန့်သွား သည်ကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းတွင် သော့ဖွင့်လိုက် သလို ကြွပ်ရွသည့်အသံတစ်ခု ဖြစ်ပေါ်လာသည်။

နောက်ဆုံးအကြိမ်တွင် ကျိုဝမ် သည် ပြန်တုံ့ပြန်ရန်နှေးကွေးကာ ခံစားချက်ပြင်းထန်ခြင်းမျိုး မရှိခဲ့ပါ။ အခုချိန်တွင် သေချာအာရုံစိုက် လိုက်ပြီးနောက် အရှိန်အဝါလှည့်ပတ်ခြင်းတစ်ခုတည်းသာ ရပ်တန့် သွားခြင်းမဟုတ်ကြောင်း နားလည်လိုက်သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးရပ်တန့်သွားသည်သာမက နှလုံးခုန်နှုန်းသည်ပင် တစ်ချက်ချင်း ဖြစ်နေသည်။

ထိုရပ်တန့်ခြင်းသည် တစ်ခဏလေးသာကြာခဲ့ပြီး နောက်စက္ကန့်တွင် ကျိုးဝမ်သည် တစ်ကိုယ်လုံး၏ ရှေးဦးမူလစွမ်းအားများ လျင်မြန်စွာ လှည့်ပတ်လာသည်ကို ခံစားမိလိုက်သည်။

သို့သော်လည်း ၎င်း၏ လှည့်ပတ်ခြင်းလမ်းကြောင်းမှာ ပျောက်ဆုံးအင်မော်တယ်ဆုဒြာနှင့် ခြားနားနေသည်။ နောက်ပြီးထိုအရာသည် အသေးစားဉာဏ်ပညာ ပြည့်စုံခြင်းဆုဒြာ၏ လှည့်ပတ်ခြင်းလမ်းကြောင်းလည်း မဟုတ်ပါ။ သို့သော် ၎င်းသည် သူအရင်က တစ်ခါမှ မလေ့ကျင့်ဖူးသည့် ခြားနား သည့် ရှေးဦးမူလစွမ်းအားကျင့်စဉ် ဖြစ်သည်။

ယခုရှေးဦးမူလစွမ်းအားကျင့်စဉ်တွင် ထူးဆန်းသည့်ခံစားချက်မှာ သူ၏ ခန္ဓာကိုယ်သည် ကမ္ဘာကြီးနှင့်အလိုလိုပေါင်းစပ်သွားသလို ခံစားနေရသည်။ သူ၏တစ်ကိုယ်လုံးမှာ စကြာဝဠာကြီး၏ အစိတ် အပိုင်းတစ်ခုလို ဖြစ်နေသည်။ သူ၏နှလုံးခုန်နှုန်း နှင့် အသက်ရှူခြင်း သည် စကြာဝဠာကြီး၏ စည်းချက်နှင့်အတူတူ ဖြစ်ပျက်နေသည်။

ကျိုးဝမ်သည် စကားလုံးမဲ့ မော်ကွန်းတိုင်မှ မည်သည့်စာလုံးတစ်လုံး ကိုမျှ မမြင်ရပါ။ သို့သော် သူသည် ရှေးဦးမူလစွမ်းအားကျင့်စဉ်မှ စကားလုံးမဲ့မော်ကွန်းတိုင်မှ လာသည်ကို ခံစားမိသည်။ ထိုထူးဆန်းသည့် ခံစားချက်မှာ ဖော်ပြရန် မတတ်နိုင်ဖြစ်နေသည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Unde poveștirile trăiesc. Descoperă acum