181 - 185

298 26 0
                                    

အခန်း(၁၈၁) နတ်သမီး

‌       "မင်း နတ်သမီးကို သတ်ဖို့ယုံကြည်ချက်ရှိပြီလား?"

       ကျိုးဝမ် သည် အုပ်စုနောက်မှ လိုက်ပြီး ကြာပန်းပွင့်ဥမင်သို့ ချီတက်သွားနေသူများကို မေးလိုက်သည်။

       "မရှိဘူး"

   ဟွေ့ဟိုင်ဖုန်း ပြန်ဖြေလိုက်သည်။

       ကျန်းယန် နှင့် ကျုံးကျီယာသည် ပြန်လည်ဖြေကြားခြင်း မရှိ သော်လည်း သူတို့မျက်နှာတွင်လည်း ယုံကြည်ချက်မရှိသည်ကို ဖော်ပြနေသည်။

     "မင်းတို့မှာ နတ်သမီးကို သတ်ဖို့ ယုံကြည်ချက်မရှိဘဲ သွားတဲ့ အခါ စွန့်စားလွန်းရာ မကျလွန်းဘူးလား?"

       ကျိုးဝမ် သည် သုံးယောက်လုံးကိုကြည့်ပြီး ပြောစရာစကားမရှိ ဖြစ်နေသည်။

ဟွေ့ဟိုင်ဖုန်းသည် ပြုံးလိုက်ပြီး ပြောလိုက်သည်

   "တကယ်လို့ တစ်စုံတစ်ခုက သေချာပေါက်ပြုလုပ်နိုင်မယ်ဆို ရင် ပြုလုပ်ရတာ ဘယ်‌ပျော်ဖို့ ကောင်းတော့မှာလဲ ငါ့ကောင်ရ၊ မင်းမှာ ယုံကြည်ချက်မရှိဘူးဆိုမှ စိတ်ဝင်စားဖို့ကောင်းမှာပေါ့"

"ဘာလိုအတွေးအခေါ်ကြီးတုန်း?"

       ကျိုးဝမ် မှာ ပိုပြီးတော့ပင် ပြောစရာပျောက်ဆုံးကုန်သွားတော့ သည်။ လူတစ်ယောက်၏ အသက်ကိုရင်းပြီး ပျော်ရခြင်းသည် စိတ်ဝင်စားစရာကောင်းသည်ကို ကျိုးဝမ်အနေဖြင့် သဘောတူခြင်း မရှိပါ။

    ကျုံးကျီယာ သည် နှုတ်ခမ်းစုလိုက်ပြီး ပြောလိုက်သည်

"ဟွေ့ဟိုင်ဖုန်း ပြောတာက အမှန်ကြီးတော့မဟုတ်ဘူး၊ ဒါပေ မယ့် အမှားလည်း မရှိဘူးလေ၊ တကယ်လို့ လူတိုင်းက လုပ်နိုင်တယ် ဆိုရင် ဘာကြောင့် ငါတို့က လုပ်နေတော့မှာလဲ?"

   "မင်းကရော ဘာပြောမလဲ?"

       ကျိုးဝမ် သည် ကျန်းယန်ကို ကြည့်လိုက်သည်။

"အကြံပေးအရာရှိက မင်းကို အချိန်တိုင်းစောင့်ကြည့်ခိုင်းထား တာ၊ မင်းတို့အားလုံးသွားကြမှတော့ ငါအနေနဲ့ လိုက်လာရုံပဲလေ"

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Onde histórias criam vida. Descubra agora