531 - 535

155 19 0
                                    

အခန်း(၅၃၁) ပိုးအိမ်ဖြူ အတွင်းပိုင်း

       ရှားရွှမ်ယဲ့ သည် မတတ်နိုင်တော့ဘဲ ဂျွန်အား လှမ်းကြည့်ခဲ့၏။ သူသည် သူတော်စင် ဟူသောဘွဲ့အမည်ကို ရရှိခဲ့ဖူးသော်လည်း ထို အရာမှာ မိသားစုခြောက်ခုအကြား ဟာသတစ်ခုမျှသာ ဖြစ်သည်။

   ရှားရွှမ်ယဲ့၏ မျိုးဆက်ကို မေ့ထားလိုက်ပြီး ဂျွန်၏ ရွယ်တူများ အကြားတွင် လန့်စ် ကဲ့သို့ လူထူးလူဆန်းတစ်ယောက်လည်း ရှိနေခဲ့ သည်။ နှိုင်းယှဉ်မှုတွင် ဂျွန်သည် မှိန်ဖျော့သွားသည်။

       ယခုတွင် ဂျွန်သည် တုကူးကော၏ ချီးကျူးခြင်းကို အမှန်တ ကယ်ရရှိနေသဖြင့် ရှားရွှမ်ယဲ့ သည် ထိုကောင်လေးကို အနီးကပ် သေချာကြည့်ရန်မှတပါး မတတ်နိုင်တော့ပါ။

       ဂျွန် သည် ရှေးဂရိရုပ်တုတစ်ခုကဲ့သို့ ကွင်းအတွင်း ရပ်နေခဲ့၏။ ထိုနေရာတွင် ရပ်နေသော်လည်း သူသည် လှပခြင်း နှင့် သန့်ရှင်း စင်ကြယ်သော ခံစားချက်ကို ပေးစွမ်းနိုင်သည်။ သူ့အရှိန်အဝါသည် အမှန်တကယ် ပြင်းထန်နေသည့်အတွက် တော်ဝင်သူရဲကောင်း အဆင့်တွင် ရှိနေစေသည်။ သို့သော် ရှားရွှမ်ယဲ့သည် တုကူးကောက ဘာကို ကြောက်စရာကောင်းသည်ဟု ရည်ညွှန်းမှန်း မသိခဲ့ပါ..။

       "ဘာလို့ ဒီလိုပြောရတာလဲ…"

       ရှားရွှမ်ယဲ့ သည် တုကူးကောဆီသို့ လျှောက်သွားလိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးမြန်းခဲ့၏။

       "သူ့မှာ အထူးစွမ်းအားတစ်ရပ်ရှိနေတယ်.."

    တုကူးကော က ဂျွန်ကို ကြည့်ရင် ပြောလိုက်သည်။

      "အထူး…"

       ရှားရွှမ်ယဲ့ သည် တုကူးကောပြောသည့် "အထူး" အဓိပ္ပါယ်ကို နားမလည်နိုင်ပါ..။

   များစွာသော ရှေးဦးမူလစွမ်းအားကျင့်စဉ်များ၊ ရှေးဦးမူလစွမ်း အားသိုင်းကျွမ်းကျင်မှုများ၊ တွဲဖက်သားရဲများ၊ ဘဝစောင့်ရှောက်သူ နတ်ဘုရားများ နှင့် အသက်ဝိညာဉ်များကို အထူးစွမ်းအားဟု ခေါ်ဆို နိုင်သည်။ ယခုဖော်ပြထားသည်များမှာ ယေဘုယျဆန်ဆန် ဖော်ပြ ရုံမျှသာ…။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now