551 - 555

195 20 0
                                    

အခန်း(၅၅၁) အမှန်တရားနားထောင်သူ ရွှေပိုးအိမ်

မွန်းစတားလေး သေသွားခဲ့သည်နှင့် ရွှေကွင်းများမှာ ကိုယ်ပိုင် အသက်ဆုံးရှုံးသွားပုံရသည်။ တစ်ခုပြီး တစ်ခုသည် သူတို့၏ မူလ အရွယ်အစားသို့ ပြန်ရောက်သွားပြီး တချွင်ချွင်မြည်သံနှင့်အတူ မြေ ပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

        " တောင်ပံခြောက်ခုပါကာကွယ်သူနဂါးကြီး … ဒါက နည်းပြရဲ့ တွဲဖက်သားရဲလား…"

    မင်ရှို့သည် တောင်ပံခြောက်ခုပါကာကွယ်သူနဂါးကြီးကို တစ် ချက်ကြည့်လိုက်သည်နှင့် မှတ်မိသွား၏။ အမှန်အားဖြင့် လူတိုင်းက တောင်ပံခြောက်ခုပါကာကွယ်သူနဂါးကြီးအား မှတ်မိနေကြသည်။ နောက်ဆုံးတော့ ၎င်းသည် အဆင့်သတ်မှတ်ချက်ဇယားတွင် ပထမ ဆုံးတွဲဖက်သားရဲ တစ်ကောင်ဖြစ်ခဲ့သည် မဟုတ်ပါလော…။

    "နည်းပြက နည်းပြပါပဲ… သူ့မှာ ဒဏ္ဍာရီလာအဆင့်တွဲဖက် သားရဲတစ်ကောင်တောင် မြန်မြန်ဆန်ဆန် ရှိနေခဲ့ပြီ…"

သို့သော်လည်း ဖုန့်ချိုးယန် သည် ထိုအရာမှာ ပုံမှန်အတိုင်းသာ ဖြစ်သလို ခံစားရသည်။

        "ငါ ကံကောင်းသွားတာပါ…ဒဏ္ဍာရီလာသတ္တဝါနှစ်ကောင်ရဲ့ တိုက်ပွဲတစ်ခုကြားမှာ ငါကံကောင်းခြင်း ရရှိခဲ့တယ်"

        ကျိုးဝမ် အမှန်အတိုင်း ပြောလိုက်၏။ ထို့နောက် သူသည် လီရွှမ်ကို ကြည့်ကာ မေးမြန်းလိုက်သည်။

        "မင်း အဆင်ပြေလား.."

       လီရွှမ်၏ လည်ပင်းရှိ အခွံမာသည် လုံးဝကွဲအက်သွားခဲ့သည်။ သူ့လည်ပင်းပေါ်တွင် ခရမ်းရောင်အမှတ်အသားအရာရှိနေပြီး အရိုး များ ကျိုးလုမတတ်ပင်..။ အကယ်၍ သူသည် နည်းနည်းလောက် နောက်ကျသွားခဲ့လျှင် သူ့ဘဝစောင့်ရှောက်သူနတ်ဘုရားသည်ပင် သူ့ အသက်ကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ သူပိုင်ဆိုင်သော ပြန်လည်ကုသနိုင်စွမ်းက မည်မျှပင် အားကောင်းနေပါစေ ဦီးခေါင်း ပြုတ်ထွက်ပြီး ပြန်လည်ရှင်သန်ရန်မှာ မဖြစ်နိုင်တော့ပါ။

        "ငါ အဆင်ပြေပါတယ်… ဒီရွှေကွင်းတွေက ဘာလက်နက်လဲ မသိဘူး… ကြောက်စရာကောင်းတယ်…"

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now