511 - 515

173 16 0
                                    

အခန်း(၅၁၁) မီးရှူးနဂါးအား ထပ်မံတိုက်ခိုက်ခြင်း

"ဟုတ်ပါတယ်.. အဲဒီတုန်းက သခင်လေးဝမ်၊ ကျန်းယုကျစ် နဲ့ ကျွန်တော်တို့က တောင်ပံခြောက်ခုပါကာကွယ်သူနဂါးကို အတူတူ သတ်ခဲ့ကြတယ်… ဒါပေမယ့် အဲဒီတုန်းက တွဲဖက်သားရဲဥ ကျမလာ ခဲ့ဘူး… နောက်ပိုင်း သခင်လေးဝမ်က မီဒူဆာကို မျှားခေါ်သွားပြီး တောင်ပံခြောက်ခုပါကာကွယ်သူနဂါးနဲ့ တိုက်ခိုက်စေတယ်.. ရလဒ် ကတော့ တွဲဖက်သားရဲဥတစ်လုံးဖြစ်လာတယ်.. အခု တောင်ပံ ခြောက်ခုပါကာကွယ်သူနဂါးက အားကောင်းလာပြီဆိုတော့ သူ့ရဲ့ တိုက်ပွဲဝင်အင်အားက ဒဏ္ဍာရီလာသတ္တဝါအကြားမှာ မြင့်မားလိမ့် မယ်လို့ ယူဆသင့်တယ်…"

       "ဒါက သေချာပေါက်ကိစ္စတော့ မဟုတ်ဘူး.. တောရိုင်းဒဏ္ဍာရီ လာတွဲဖက်သားရဲတွေက နောက်ဆုံးမှာ မင်းပြုစုစောင့်ရှောက်ထား တာထက် နိမ့်ကျတယ်…"

       အန်ရှန့် သည် အန်ထျန်းကျိုအား ငြင်းဆိုခြင်းမရှိဘဲ ပြုံးပြုံး လေးသာ ပြောလိုက်၏

"ကြီးကြပ်ရေးမှူး…အကို ပြောတာမှန်ပါတယ်… ဒါပေမယ့် လည်း ဘယ်လိုပဲဖြစ်ဖြစ် ဒါက စွမ်းအားကြီးမားတဲ့ ဒဏ္ဍာရီလာ အဆင့်သတ္တဝါတစ်ကောင်ပဲလေ… သခင်လေးဝမ် ပိုင်ဆိုင်တယ်… သူက ကျွန်တော်တို့ လော့ယန်မြို့ရဲ့ အုတ်မြစ်တစ်ခု အဖြစ် ဆုံးဖြတ် နိုင်တယ်…"

"ကျောင်းသားတစ်ယောက်ကို အားကိုးတဲ့ထိ မင်းရဲ့ စိတ်ဓာတ် ဘယ်တုန်းက ကျဆင်းသွားရတာလဲ… ငါတို့ လော့ယန်မြို့က ကျောင်းသားတစ်ဦးကို အုတ်မြစ်တစ်ခုအဖြစ်မှီခိုအားထားရသည့် အချိန့်အထိ ဘယ်တုန်းက ယိုယွင်းပျက်စီးသွားခဲ့တာလဲ…"

  အန်ထျန်းကျို သည် အန်ရှန့် အား စိုက်ကြည့်နေခဲ့သည်။

"အဲဒါနဲ့ပက်သက်ပြီး ကျွန်တော်လည်း ဘာမှ မလုပ်နိုင်ဘူး… ကျွန်တော်လည်း အုတ်မြစ်တစ်ခု ဖြစ်ချင်ပေမယ့်လည်း ဒဏ္ဍာရီလာ အဆင့်တွဲဖက်သားရဲ တစ်ကောင်မှ မရှိဘူးလေ…"

       အန်ရှန့် သည် စကားပြောရင်း သူ့လက်ကို မြှောက်ကာ ပြော လိုက်၏။

       "ဘာတွေ အလျင်လိုနေတာလဲ… တိမ်ဖြူတောင်မှာ ငါတို့ အစီ အစဉ်ကို လုပ်ဆောင်နေတာ မဟုတ်ဘူးလား…"

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now