176 -180

226 19 0
                                    

အခန်း(၁၇၆) အရူးကြီး

     "ခင်ဗျားက သေမှုသေးခင်းစုံစမ်းရေးအရာရှိလေ၊ ဒီကိစ္စက ဥပဒေကို ဆန့်ကျင်နေမိပြီဆိုတာက ခင်ဗျားသိလား?"

       ကျိုးဝမ် သည် သူ၏ခန္ဓာကိုယ်ကို ချုပ်တည်းထားသည့် အင် အားကို ချိုးဖောက်နိုင်ရန် အမျိုးမျိုးသော စွမ်းအားများကို ကြိတ်ပြီး အသုံးပြုနေခဲ့သည်။

သို့သော်လည်း အရာအားလုံးမှာ အသုံးမဝင်ဘဲဖြစ်နေသည်။ Dr.Soul ၏ နောက်မှ သူ့ကို ဘယ်မျက်လုံးရှိ အနီရောင်အလင်းတန်း ဖြင့် အလင်းထိုးထားသလို စိုက်ကြည့်နေခြင်းသည် သူ၏ဝိညာဉ်ကို ချိတ်ပိတ်ထားသလို ခံစားလိုက်ရသည်။

  ကျိုးဝမ်သည် သူ၏ ရှေးဦးမူလစွမ်းအားသိုင်း ကျွမ်းကျင်မှုကို အသုံးမပြုနိုင်ဘဲဖြစ်နေသလို ရှေးဦးမူလစွမ်းအားကျင့်စဉ်ကို လှည့် ပတ်ခြင်းနှင့် တွဲဘက်သားရဲကို ဆင့်ခေါ်ခြင်းကိုလည်း မတတ်နိုင်ဘဲ ဖြစ်နေသည်။ ပျောက်ဆုံးအင်မော်တယ်ဆုဒြာသည်ပင် အလို အလျောက်လှည့်ပတ်ခြင်းသည် အေးခဲသွားသည်ဟု ထင်ရသည်။

သို့သော်လည်း ကျိုးဝမ်သည် စိတ်အားငယ်ခြင်း ဖြစ်မသွားခဲ့ ပါ။ အဘယ့်ကြောင့်ဆိုသော် ယခုကဲ့သို့ ထူးဆန်းသည့်အခြေအနေ တွင် သူ၏ ကိုယ်အတွင်းမှ ထူးဆန်းပြီး ရင်းနှီးနေသည့် စွမ်းအား တစ်ခုသည် ကြီးထွားလာခြင်းကြောင့် ဖြစ်သည်။

"ဥပဒေဆိုတာ လူတွေဖန်တီးထားတာ၊ တကယ်လို့ ငါက လုံလောက်အောင် သန်မာမယ်ဆိုရင် ငါကဥပဒေကိုတောင် ချမှတ် လို့ရတယ်၊ အဲဒါက ပြဿနာမဟုတ်ဘူး"

       ယန်ကျန်း သည် တည်ငြိမ်စွာ ပြောလိုက်သည်။ သို့သော်လည်း သူ၏ မျက်လုံးများထဲတွင် စိုးရိမ်မှုများ ပိုပြီး တိုးမြှင့်လာသည်။

     "ဒါပေမယ့် ခင်ဗျားက ဥပဒေကို လျစ်လျူရှုရလောက်အောင် မသန်မာသေးပါဘူး၊ တကယ်လို့ မင်းငါ့ကို သတ်မယ်ဆိုရင် ဥပဒေ အောက်ကနေ မင်းလွတ်မြောက်နိုင်မယ်လို့ ထင်ထားတာလား?"

       ကျိုးဝမ် အချိန်ဆွဲရင်း မေးခွန်းထုတ်နေလိုက်သည်။

   "ဘာကြောင့် Dr.Soul ကို သုံးရတယ်ဆိုတဲ့ အကြောင်းပြချက် ပဲကွ၊ မဟုတ်ရင် မင်းလိုသူရဲကောင်းအဆင့်ကျောင်းသားတစ် ယောက်ကို ငါ့အသက်ဝိညာဉ် အသုံးပြုဖို့ ဘယ်လိုအပ်ပါ့မလဲ"

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Wo Geschichten leben. Entdecke jetzt