481 - 485

176 18 0
                                    

အခန်း(၄၈၁) စစ်မှန်သောဒဏ္ဍာရီလာအဆင့်တွဲဖက်သားရဲ

ငွေရောင်ရေမြွေသည် ပင်လယ်အတွင်းသို့ ဝင်ရောက်သည်နှင့် ပင်လယ်ရေနှင့်ပေါင်းစပ်ကာ ပျောက်ကွယ်သွားလေပြီ…။

  ကျိုးဝမ်သည် ၎င်းကို ပင်လယ်ကြမ်းပြင်တွင် ရှာခိုင်းထားခဲ့၏။ ခဏအကြာတွင် ငွေရောင်ရေမြွေသည် ပါးစပ်ထဲတွင် တစ်စုံတစ်ခု ကို ငုံထားလျက် ပင်လယ်ထဲမှ တွားသွားတက်လာသည်ကို သူမြင် လိုက်ရသည်။

       ကျိုးဝမ် သည် အရွက်မပါသော အနက်ရောင်နာနတ်သီးတစ် လုံးနှင့်တူသော အရာတစ်ခုကို မြင်လိုက်ရ၏။ ဂရုတစိုက်ကြည့်ရင်း အကြေးခွံတွေ ဖုံးလွှမ်းထားသောဥတစ်လုံးမှန်း သိသွားခဲ့သည်။

တောင်ပံနက်ခြောက်ခုပါနဂါးနက်ကြီးရဲ့ ဥလား…

       ကျိုးဝမ် ဝမ်းမြောက်သွားခဲ့သည်။

ငွေရောင်ရေမြွသည် ဥအား ကျိုးဝမ်ကို ကမ်းပေးလိုက်၏။ ကျိုးဝမ်သည် လျှို့ဝှက်ဆန်းကြယ်သောဖုန်းကို အသုံးပြု၍ ၎င်းကို ကြည့်လိုက်သည်။ အမှန်တကယ်ပင် ဒဏ္ဍာရီလာတွဲဖက်သားရဲဥ တစ်လုံးပင်…။

တောင်ပံခြောက်ခုပါကာကွယ်သူနဂါး      
: ဒဏ္ဍာရီလာအဆင့်

ဘဝစောင့်ရှောက်သူနတ်ဘုရား      
: ကာကွယ်သူနဂါး

အသက်ဝိညာဉ်: အနက်ရောင်မီးလျှံတောင်ပံများ

ကံကြမ္မာစက်ဝန်း          : နောက်ဆုံးကာကွယ်သူ

ခွန်အား                                  : ၆၉

လျင်မြန်မှု                             : ၆၈

ကြံ့ခိုင်မှု                                 : ၆၈

ရှေးဦးမူလစွမ်းအား              : ၆၅

ထူးချွန်သိုင်းကျွမ်းကျင်မှု 
: အဆိပ်ထွက်သက်
: နဂါး၏ ဒေါသ
: ငရဲနတ်ဆိုးမီးတောက် 
: တောင်ပံခြောက်ခုဓားချက်

တွဲဖက်ပုံစံ              
: နတ်ဆိုးမီးတောက်နေသောနဂါးတောင်ပံများ

တကယ့်ဒဏ္ဍာရီလာအဆင့်တွဲဖက်သားရဲတစ်ကောင်ပါလား!

       ကျိုးဝမ် အံ့ဩလွန်းပြီး ဝမ်းသာနေခဲ့သည်။ ယခုမှသာ တကယ့် ဒဏ္ဍာရီလာအဆင့်တွဲဖက်သားရဲဥ အစစ်အမှန်ကို ပထမဆုံးအကြိမ် သူမြင်ဖူးခြင်း ဖြစ်သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now