221 - 225

199 20 0
                                    

အခန်း(၂၂၁) ပျံသန်းနေသောအင်မော်တယ်သိုင်းကျွမ်းကျင်မှု

       ကျိုးဝမ် ငြိမ်သက်သွားသည်။ ယခုကဲ့သို့ အခြေအနေမျိုး ကြုံတွေရလေလေ သူသည် ပိုပြီး တည်ငြိမ်လေလေ ဖြစ်လာသည်။

       သူသည် နဂါးဂိတ်နတ်သမီးသိုင်းကျွမ်းကို အကန့်အသတ် အကုန်သို့ တွန်းတင်လိုက်ပြီး လန့်စ်၏ အချိန်နှင့်အမျှ တိုက်ခိုက် နေမှုများကို သရဲတစ္ဆေကဲ့သို့ ရှောင်းတိမ်းကာ ခုခံနေခဲ့သည်။

"ဒါမလုံလောက်သေးဘူး….တကယ်လို့ ငါ့လှုပ်ရှားမှုနည်းစနစ် တွေသာနည်းနည်းပိုမြန်မယ်ဆိုရင်……တကယ်လို့ လေထဲမှာရှိတဲ့ အချိန် ငါ့ပြောင်းလဲရွေ့လျားမှုတွေ နည်းနည်းပိုပြီး ရုတ်ခြည်းဖြစ်နိုင် မယ်ဆိုရင်….တကယ်လို့ ချိုးကွေ့မှုမှာ နည်းနည်း…."

       ကျိုးဝမ် သည် တိုက်ပွဲအတွင်း ဉာဏ်အလင်းထိုးထွင်းသိမြင် ခြင်းများကို စဉ်ဆက်မပြတ် ရရှိလာသည်။ သူ၏ ငှက်မွှေးတစ်ခု အလေးချိန်ကို မြှင့်တင်ခြင်းနယ်ပယ်တွင် ကျွမ်းကျင်မှုပိုတိုးလာပြီး အသုံးပြုရသည်မှာ ချောမွေ့လာသည်။

"လက်သီးထိုးချက်ဆယ့်ငါးချက်…. ဒီကောင်က တွဲဖက်သားရဲ တစ်ကောင်တောင်မှ အသုံးမပြုသေးပါလား?"

      တုကူးချွမ် အနည်းငယ် အံ့အားသင့်သွားသည်။ ကျိုးဝမ်၏ ရှောင်တိမ်းခြင်း နှင့် လှည့်ပတ်သွားခြင်းတို့ဖြင့် လန့်စ် ၏ လက်သီး ဆယ့်ငါးချက်ကို တောင့်ခံထားနိုင်သည်။

"မကြာတော့ပါဘူး…လက်သီးချက်ဆယ်ချက်အောက်အတွင်း မှာ ကျိုးဝမ် အနေနဲ့ သူ့တွဲဖက်သားရဲကို ထုတ်သုံးလိမ့်မယ်..မဟုတ် ရင် ရှုံးနိမ့်ခြင်းက သူ့အတွက် တစ်ခုတည်းသော ရလဒ်ပဲ"

       ရှားပင်း က ကျိုးဝမ် သည် သူ့ကန့်သတ်ချက်သို့ ရောက်ရှိတော့ မည်ဟု သေချာပြောနိုင်သည်။

       လန့်စ် ၏ တိုက်ခိုက်မှုများသည် ပိုပြီး ပြင်းထန်သည်ထက် ပြင်း ထန်လာသည်။ ကျိုးဝမ် သည် လူတစ်ယောက်တည်းကို ရင်ဆိုင် နေရခြင်း မဟုတ်ဘဲ ကြီးမားသည့်ဆူနာမီလှိုင်းကြီးကို ရင်ဆိုင်နေ ရသလို ခံစားနေရသည်။ သူသည် ခုခံနိုင်စွမ်းအား ကင်းမဲ့နေသည် ဟု ခံစားနေရသည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now