26 - 30

274 27 0
                                    

အခန်း(၂၆) နေမင်းဖြိုခွင်းကျင့်စဉ်

ဘန်း!
နတ်ဘုရားလက်သီး နှင့် လက်ဝှေ့အိတ်တို့၏ ပေါင်းစပ်မှု အင်အား သည် အရိုးခြောက်ဗိုလ်ချုပ်၏ မျက်စိပေါက်များကို အက်ကွဲသွားပြီး ကျိုးဝမ်၏လက်သီးသည်လည်း ဖောက်ထွက်သွားသည်။ မျက်လုံးမှ မီးလျှံများသည် တစ်စစီကွဲထွက်သွားပြီး ချက်ချင်း သွေးကဲ့သို့ ဖျန်းပက်သွားသည်။
လှံတစ်ချောင်းနှင့် ထူးကဲသန်မာလှသည့်အရိုးခြောက်ဗိုလ်ချုပ်သည် ရပ်တန့်သွားသည်။ ထို့နောက် အရိုးလှံသည် မြေပေါ်လဲကျသွား၏။ သူ၏ အရိုးများအားလုံးသည် တစ်စစီ သူ့ပတ်လည်တွင်ပြန့်သွား သည်။ အရိုးခြောက်မြင်းသည်ပင် အက်ကွဲသွားပြီး အရိုးပုံကြီး ဖြစ်သွားသည်။
ကျိုးဝမ် ထိုးလိုက်သည့် အရိုးခေါင်းသည်လည်း ကွဲကြေသွားပြီး အထဲတွင် အနီရောင်မီးရောင် ထွက်နေသေးသည်။
ကျိုးဝမ် အရိုးခေါင်းပတ်လည်ဖယ်လိုက်သည့်အခါ အနီရောင် တွဲဘက်သားရဲဉကို တွေ့လိုက်သည်။ ထိုအရာသည် ငန်းဉအရွယ် ဖြစ်ပြီး တစ်ခုလုံးမှာ သလင်းကျောက်ပုံဆောင်ခဲလိုဖြစ်ပြီး ကျောက်စိမ်းနှင့်တူသည်။ သွေးမီးရောင်လည်း တောက်လောက်နေ သည် ထင်ရသည်။
“တွဲဘက်သားရဲ ဉတစ်လုံးလား?” မင်းရဲ့ကံက အရမ်းမဆိုးပါဘူး၊ ကံမကောင်းတာက သူရဲကောင်းအဆင့် တွဲဘက်သားရဲသတ္တဝါဉကို မျိုးပေါက်ဖို့ မင်းမှာ ရှေးဉီးမူလစွမ်းအား အလုံအလောက်ရှိမှာ မဟုတ်ဘူး၊ ဒါပေမယ့် အရိုးခြောက်ဗိုလ်ချုပ်က နည်းနည်းထူးဆန်း တယ်၊ မင်း ဉကို ကြုံသလိုမျိုးမဖောက်တာ အကောင်းဆုံး ဖြစ်လိမ့် မယ်” လီရွှမ် ဒဏ်ရာများကို ကုရင်း ပြောလိုက်သည်။ ဒဏ်ရာများ သည် တဖြည်းဖြည်းပြန်စေ့နေပြီး သွေးထွက်ခြင်း ရပ်သွားပြီ ဖြစ်သည်။ ထိုအရာမှ သေချာပေါက် “တုနှိုင်းမဲ့နတ်ဘုရားခန္ဓာကိုယ် ကျင့်စဉ်” ကို ကျေးဇူးတင်ရမည် ဖြစ်သည်။
“မင်းမလိုချင်ဘူးလား” ကျိုးဝမ် က လင်းရွှမ်ကို မေးလိုက်၏။
လီရွှမ် ခေါင်းငြိမ့်လိုက်သည်။
“မင်းကြောင့်မဟုတ်ရင် ငါနဲ့ မြန်ထူ သေလောက်ပြီ၊ ပြီးတော့ ငါက တွဲဘက်သားရဲဉကို ဘာအတွက်သုံးရမှာလဲ၊ ပြီးတော့ သာမန်သူရဲကောင်းအဆင့် တွဲဘက်သားရဲကို ငါတကယ်မလိုချင် ဘူး? မင်းနဲ့ထိုက်တန်တာကို မင်းယူသင့်တယ်”
ကျိုးဝမ်ခေါင်းညိတ်လိုက်ပြီး မဏ္ဍပ်တိုင်တက်ဟန်ရေးပြရန် စိတ်မဝင်စားပေ။ သူသည် အရိုးခြောက်ဗိုလ်ချုပ်၏ တွဲဘက်သားရဲဉ ကို သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ ခေါင်းပြတ်နေသည့် ကျန်းဟောက် အလောင်းကို မကြည့်ဘဲ
“ကျန်းဟောက် က ဒီအပြစ်တွက် ထိုက်တန်တယ်၊ ဒါပေမယ့် သူ့သေခြင်းဟာ ငါတို့ရဲ့ ရလဒ်တွေမှာ သေချာပေါက်သက်ရောက်မှာပဲ၊ ဒါက ငါတို့ကို ထိပ်တန်းကျောင်းတွေ ဝင်ဖို့ခက်ခဲတော့မှာပဲ”
လီရွှမ်သည် ထိုစကားကြားရသောအခါ ရယ်မောလိုက်ပြီး “ အေးဆေးနေလိုက် ညီကို၊ ငါတို့ထွက်သွားတာနဲ့ မင်းကြိုက်တဲ့ ထိပ်တန်း ကျောင်းကို လျှောက်လိုက်၊ ငါမင်းဝင်ခွင့်ကို အာမခံတယ်”
လီရွှမ်၏ ဒဏ်ရာများသည် မဆိုးရွားသော်လည်း ရှုမြန်ထူ သည် သူ၏ဒဏ်ရာများအတွက် စိုးရိမ်နေသည်။ သူသည်လည်း ဆေးကုသ မှု ခံယူချင်နေပြီ ဖြစ်သည်။ သုံးယောက်သား အမဲလိုက်ခြင်းကို ရပ်လိုက်ပြီး အရိုးပုတီးစေ့များ စုပြီးသောအခါရှေးဟောင်းမြို့မှ ထွက်ခွာလိုက်ကြသည်။
စာမေးပွဲခန်းစောင့်သည်အရိုးပုတီးစေ့များ၊မျိုးကွဲအမြုတေများ စစ်ဆေးလက်ခံပြီး လီရွှမ်နှင့်ရှုမြန်ထူတို့ကို ဆေးကုသမှုခံယူရန် ပို့ဆောင်လိုက်သည်။ ကျိုးဝမ်ကတော့ အများပိုင်ပို့ဆောင်ရေးတွင် တစ်ယောက်တည်း အိမ်ပြန်နေပြီဖြစ်သည်။
အပြန်လမ်းတွင် သူသည်သူ၏ဖုန်းကို အသုံးပြု၍ ရှေးဟောင်း အင်ပါယာမြို့တော်ဂိမ်းနယ်မြေအတွင်း တစ်ခါထပ်ဝင်လိုက်သည်။ သူသည် ဂိမ်းနယ်မြေအရိုးခြောက်ဗိုလ်ချုပ်၏ အင်အားသည် အပြင်လောကလောက် အားကောင်းလား၊ အားနည်းသလားကို သေချာသိချင်မိသည်။
မျှော်လင့်ထားသည့်အတိုင်း သည်ကိစ္စက ငါစိတ်ကူးယဉ်တာ မဟုတ်ဘူးပဲကိုး၊ ဂိမ်းထဲက အရိုးခြောက်ဗိုလ်ချုပ်က အများကြီး အားနည်းတာပဲ၊ ဒါကြောင့်ငါက သူ့ကို သူရဲကောင်းအဆင့်သတ္တဝါ လို့ သံသယမဝင်ခဲ့တာပဲ”
သို့သော်လည်း လီရွှမ်ကဲ့သို့ အရိုးခြောက်ဗိုလ်ချုပ်ကို အာရုံ ပြောင်းအောင်လုပ်နိုင်ခြင်းမရှိ၍ ကျိုးဝမ်က အရိုးခြောက်ဗိုလ်ချုပ် စက်ဝိုင်းပုံပတ်နေရန်သာ တတ်နိုင်တော့သည်။ ငါတစ်ယောက် တည်း အင်အားနဲ့သတ်ဖို့က မဖြစ်နိုင်ဘူးပဲ၊ ကျိုးဝမ်၏ အနီရောင် ကိုယ်ပွားသည် အရိုးခြောက်ဗိုလ်ချုပ်အနားကပ်၍ သူ၏ မျက်လုံး အခွက်များကို ထိုးရန်မှာ သုံည အခွင့်အရေး ဖြစ်သည်။
ကျိုးဝမ် စိတ်မပျက်သွားခဲ့ပါ၊ သူ၏ အနီရောင်ကိုယ်ပွားသည် အရိုးခြောက်ဗိုလ်ချုပ်ကို စက်ဝိုင်းပုံ ဆက်လက်လှည့်ပတ်နေသည်။ သူသည် အရိုးခြောက်ဗိုလ်ချုပ်၏ အားနည်းချက် သိနေသဖြင့် တစ်ကိုယ်တော်သတ်ရန်မှာ အချိန်သာလိုအပ်သည်။ သူလုပ်နိုင် သည်ကို အကောင်းဆုံးလုပ်မည် ဖြစ်သည်။
အိမ်ပြန်ရောက်သောအခါ ကျိုးဝမ်၏ နေ့စဉ်ဘဝသည် ပုံမှန် အတိုင်း လည်ပတ်နေခဲ့သည်။ အိပ်ချိန်မှအပ စားရင်း၊ ရေချိုးခန်း အသုံးပြုရင်းပင် ဂိမ်းဆော့နေခဲ့သည်။
အကြိမ်များစွာ ကြိုးစားခဲ့ပြီးနောက် သူသည် အရိုးခြောက် ဗိုလ်ချုပ်ကို သတ်ရန် အပြည့်စုံဆုံး အနေအထားကို ရရှိခဲ့သည်။
ဂိမ်းထဲမှ အရိုးခြောက်ဗိုလ်ချုပ်သည် တွဲဘက်သားရဲဉမချပေး သော်လည်း ကျိုးဝမ်အတွက် ကျေနပ်ဖွယ်အံ့အားသင့်မှုဖြစ်သည့် အမြန်နှုန်းအဆင့်(၁၃)ကို ရရှိခဲ့သည်။
ကျိုးဝမ် အမြန်နှုန်းအမြုတေကိုစုပ်ယူပြီးနောက် တစ်ကိုယ်လုံး ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရကာ ထိုခံစားချက်က သူ့ကို တိမ်ပေါ်ရောက်နေသလိုပင် ဖြစ်သည်။
ခနကြာပြီးနောက် ခံစားချက်များ တဖြည်းဖြည်း ပျောက်ကွယ် သွားသည်။ ကျိုးဝမ် သူ၏ ဂိမ်းအချက်အလက်ကို ကြည့်လိုက်ရာ သူကြောင်အ သွားသည်။
သူသည် အမြန်နှုန်းအဆင့်(၁၃)ကို စုပ်ယူခဲ့သော်လည်း သင်္ချာ နည်းအရ ပြောလျှင် သူသည် အမြန်နှုန်းအဆင့် (၁၃)ဖြစ်သွားရမည် ဖြစ်သည်။ သို့သော် သူ့အမြန်နှုန်းမှာ အဆင့်(၉)သို့ သာ တိုးသွား သဖြင့် သူမျှော်မှန်းထားသည်အောက်နည်းနေသည်။
အနည်းငယ်တွေးတောပြီးသောအခါ ကျိုးဝမ် အကြမ်းအား ဖြင့် ဘာကြောင့်ဖြစ်သည်ကို နားလည်သွားသည်။
ငါအရင်ထင်ခဲ့တာက သေမျိုးအဆင့်က  သူရဲကောင်းအဆင့် အမြုတေကို စုပ်ယူခဲ့ရင် သက်ရောက်မှုကောင်းမယ် မှတ်တာ၊ အမြုတေက လူတစ်ယောက်ရဲ့အဆင့်ကို သူရဲကောင်းအဆင့် ရောက်အောင် ခွင့်ပြုမပေးနိုင်ဘူး၊ ရှေးဉီးမူလစွမ်းအားကျင့်စဉ် ကသာလျှင် လူကိုအဆင့်တစ်ခုကို မြှင့်တင်ပေးနိုင်ပြီး အဆင့်သစ် တစ်ခုရောက်မှသာလျှင် သူရဲကောင်းအဆင့်အမြုတေက အဲ့လူ၏ အခြေအနေကို မြှင့်တင်ပေးနိုင်တာပေါ့၊ သည်အချက်ပဲ ဖြစ်ရမယ်၊ ကျိုးဝမ် ကူရာမဲ့စွာ စိတ်ရှုတ်ထွေးသွားသည်။
ကျိုးဝမ်သည်အစက နှောင်ကြိုးမဲ့သမထကျင့်စဉ်ကို သုံးပြီး သူရဲကောင်းအဆင့်တက်ရန် ရည်ရွယ်ထားသည်။ သို့သော် တုနှိုင်းမဲ့ နတ်ဘုရားခန္ဓာကိုယ်ကျင့်စဉ်၏ ခမ်းနားမှုက မြင်ပြီးသောအခါ သူ၏ အရင်က နှောင်ကြိုးမဲ့သမထကျင့်စဉ်နှင့်အဆင့်တက်ရန်မှာ အကောင်းဆုံးရွေးချယ်မှုမဟုတ်ဟု ထင်လာသည်။
ဒါပေမယ့် ငါဒီနှောင်ကြိုးမဲ့သမထကျင့်စဉ်မှမသုံးဘဲ သူရဲ ကောင်းအဆင့်တက်ဖို့ တော်ဝင်သူရဲကောင်းအဆင့်ကျင့်စဉ်ကို ဘယ်လိုရှာရမလဲ? ကျိုးဝမ် လမ်းပျောက်သွားသည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now