761 - 765

167 21 0
                                    

အခန်း(၇၆၁) ကိုယ်ပျောက်၍ ဂိမ်းနယ်မြေကို ကူးယူခြင်း

မည်သည့်အသိပညာရပ်တွင်မဆို မှတ်မိရန် အခက်ခဲဆုံးမှာ အကျွမ်းတဝင်မရှိသော ပညာရှင်ဆန်သည့်အသုံးအနှုန်းများ နှင့် ဖော်ပြချက်များ ဖြစ်သည်။ ယခုလို စကားလုံးများနှင့် ဖော်ပြချက် များကို အများအားဖြင့် အသုံးမပြုသောကြောင့် ဤဝေါဟာရများကို လူတစ်ယောက်၏ အသိပညာနှင့် ချိတ်ဆက်ရန် နည်းလမ်းများစွာ မရှိပေ…။

အနောက်ပိုင်းနယ်မြေမှ လူတစ်ယောက်လိုမျိုးပင်…။

      အကယ်၍ သူ့ကို ကျမ်းဂန်များ ဖတ်ခွင့်ပေးလျှင်ပင် တာအို ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သူ မသိနိုင်ပါ။ သူ့ကို ဗေဒင် ကျမ်း ဖတ်ခွင့်ပေးလျှင်လည်း ရှစ်မြှောင့်တြိဂံက မည်သည့်အရာ ဖြစ်သည်ကို မသိနိုင်ပေ..။ အဆိုပါစကားလုံးများသည် နိုင်ငံခြား သားများအတွက် မှတ်မိရန် အရမ်းခက်ခဲစေသည်။

       ကျိုးဝမ် သည် ယခုပုံပြင်ဇာတ်လမ်းကို ပြောပြသည့်အခါ သူ သည် ပညာရှင်များသာနားလည်နိုင်သော အဆိုပါစကားလုံးများကို ပုံပြင်ဇာတ်လမ်းအတွင်း၌ ရတနာများအဖြစ် ပြောင်းလဲခဲ့သည်။ ပုံပြင်ဇာတ်လမ်းက ဝမ်ချန်ကို အဆိုပါရတနာများကို ရှာဖွေရန် စိတ်ဝင်စားစေခြင်းက စာသားများကို မှတ်မိသွားစေခဲ့သည်။

       " ရှင် ဖန်တီးထားတဲ့ ဇာတ်လမ်းက အတော်လေး စိတ်ဝင်စား ဖို့ ကောင်းပေမယ့် ဇာတ်လမ်းထဲက ရတနာတွေက ရှေးဦးမူလစွမ်း အားကျင့်စဉ်ရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်နဲ့ ကွဲလွဲနေတယ် မဟုတ်လား.."

   ဝမ်ချန်သည် ကျိုးဝမ်၏ ပုံပြင်ဇာတ်လမ်းကို ပြီးဆုံးသွားသည် အထိ နားထောင်ပြီးနောက် ၎င်းအပေါ် အနည်းငယ် မကျေမနပ် ခံစားရသော်လည်း ပြဿနာတစ်ခုကိုလည်း နားလည်သွားခဲ့သည်။

       " ဒါက ကွဲပြားနေပေမယ့်လည်း မှတ်သားရခက်တဲ့ စကားလုံး တွေကို မှတ်မိစေခဲ့တယ် မဟုတ်လား…"

       ကျိုးဝမ် က ပြုံးပြုံးလေး ပြောလိုက်သည်။

       ဝမ်ချန် သည် ကျင့်စဉ်ကို ပြန်တွေးရင် သူမ မှတ်မိသွားပြီး ဖြစ် ကြောင်း နားလည်သွားခဲ့သည်။ အဆိုပါစကားလုံးများကို ပြန်တွေး ကြည့်သောအခါတွင် ပို၍ ထင်ထင်ရှားရှား ရှိနေခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )حيث تعيش القصص. اكتشف الآن