351 - 355

200 18 0
                                    

အခန်း(၃၅၁)ရွှေရောင်တောင်ပံပုရွက်ဆိတ်ပျံကြီးကို သုတ်သင်ခြင်း

ကျိုးဝမ်သည် ပုရွက်ဆိတ်မြို့နှင့်အလွန်ရင်းနှီးနေပြီ ဖြစ်သည်။ သူသည် ဘာမှလုပ်စရာမလိုဘဲ စီးတော်ယာဉ်ဖြစ်သော ကျောက်တုံး ချီသည် အနက်ရောင်ပုရွက်ဆိတ်ပျံများနှင့် မပျံသန်းနိုင်သော ပုရွက် ဆိတ်အုပ်စုကြီးကို ရှင်းလင်းပစ်နိုင်သည်။

တန်ဖိုးနိမ့်အမြုတေများ ကျဆင်းလာခဲ့ပြီး အသုံးပြုမှုနည်းပါး သွားသည်။ တွဲဖက်သားရဲဥများ ကျလာခဲ့သောအခါ သူ့တွဲဖက် သားရဲများအတွက် အဆာပြေအဖြစ် ကျွေးမွေးလိုက်ည်။

အာဏာရှင်ဘီလူးကြီးသည် အလွန်အစားကြူးသည်မှာ သိသာ ပါသည်။ ၎င်း၏စားချင်စိတ်သည် ငှက်ပျောသီးနတ်သူငယ်မလေး နှင့် ငွေတောင်ပံတိမ်လွှာပင်ကူနှစ်ကောင်ပေါင်းဖြင့် နှိုင်းယှဉ်နိုင်၏။ ထို့အပြင် ၎င်းသည် သေမျိုးအဆင့်သာ ရှိသေးသော်လည်း ဖုန်းတွင် ဆာလောင်ခြင်းအသိပေးချက်များသည် မကြာခဏပေါ်လာခဲ့သည်။ ထိုအချက်သည် ကျိုးဝမ်အား ခေါင်းကိုက်စေသည်။

[သေမျိုးအဆင့်မှာတောင် ဒီကောင်က ဒီလိုအစားကြီးနေမယ် ဆိုရင် ဒဏ္ဍာရီလာအဆင့်ကို အမှန်တကယ်တက်နိုင်ခဲ့ရင် တောင် ပေါင်းတစ်ထောင်ကို တကယ်ကြီး မျိုချနိုင်မလား? ]

        ကျိုးဝမ် သည် ဒီကောင်အား ပြုစုပျိုးထောင်ရန် တတ်နိုင်ပါ့မ လားကို စိုးရိမ်နေမိသည်။

        သူ၏ သူငယ်ချင်းဟောင်း ရွှေရောင်တောင်ပံပုရွက်ဆိတ်ပျံကြီး ကို နောက်တစ်ကြိမ်မြင်လိုက်ရသောအခါ ၎င်းသည် လုံးဝပြောင်းလဲ မသွားခဲ့ပါ။ သို့သော်လည်း ကျိုးဝမ် သည် အသတ်ခံရမည်ကို စောင့် ဆိုင်းနေရသော ကျိုးဝမ် နှင့် မတူညီတော့ပါ။

တစ္ဆေခြေလှမ်းများကို အသုံးပြုရင်း အထွဋ်အထိပ်ပျံသန်းနေ သော အင်မော်တယ်ဖြင့် ရွှေရောင်တောင်ပံပုရွက်ဆိတ်ပျံကြီးကို ချက်ချင်းပင် နှစ်ပိုင်းခွဲခြမ်းလိုက်လေသည်။ ယခင်အချိန်တုန်းက စွမ်းအားကြီးခဲ့သောရွှေရောင်တောင်ပံပုရွက်ဆိတ်ပျံကြီးမှာ ကျိုးဝမ် ၏တိုက်ချက်တစ်ခုကိုပင် မခံနိုင်တော့ပါ။ ၎င်း၏ ရှင်သန်ရာအတွက် မှီခိုမှုဖြစ်သော လျင်မြန်မှုအရှိန်မှာ တစ္ဆေခြေလှမ်းများနှင့် အထွဋ် အထိပ်ပျံသန်းနေသောအင်မော်တို့နှင့် ရင်ဆိုင်ရချိန်တွင် အသုံးဝင် ခြင်း မရှိတော့ပါ။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now