681 - 685

191 18 0
                                    

အခန်း(၆၈၁) ဝင်္ကပါအတွင်းရှိ ရတနာသေတ္တာ

      အန်ရှန့်၏ အဆိုအရ သူနှင့် အန်ထျန်းကျို တို့သည် လျှို့ဝှက် ဆန်းကြယ်သောချိတ်ဆက်မှုနယ်မြေတစ်ခုအတွင်းသို့ မတော်တဆ ပြုတ်ကျသွားခဲ့သည်။ ဝင်္ကပါတစ်ခုနှင့် တူ၏။ ထို့အပြင် ဝင်္ကဘာ အတွင်း၌ ရတနာသေတ္တာများစွာ ရှိနေခဲ့သည်။ ရတနာသေတ္တာကို ဖွင့်လိုက်သည်နှင့် သူတို့ကို တွဲဖက်သားရဲဥများ၊ မျိုးနွယ်ခြားအမြု တေများ သို့မဟုတ် ထူးဆန်းသောအရာဝတ္ထုများ ပေးနိုင်သည်။ မည်သည့်အရာမှ မရရှိတာလည်း ဖြစ်နိုင်သည်။

အန်ထျန်းကျို၏ ပထမဆုံး ဒဏ္ဍာရီလာတွဲဖက်သားရဲဥသည် အဆိုပါနေရာမှ ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် လူတစ်ဦးသည် ဝင်္ကပါအတွင်းရှိ ရတနာသေတ္တာ သုံးခုကိုသာ ဖွင့်နိုင်သည်။

အန်ရှန့်၏ကံက ကောင်းမနေခဲ့ပါ။ သူသည် ရတနာသေတ္တာ သုံးခုကို ဖွင့်ခဲ့သော်လည်း မည်သည့်ဒဏ္ဍာရီလာတွဲဖက်သားရဲဥမှ မရရှိခဲ့ပါ။ သူသည် မည်သည့်အရာမှ မရခဲ့သလိုပင်..။

ဝင်္ကပါအတွင်း အန်ရှန့်သည် လျှို့ဝှက်ဆန်းကြယ်သောဆေး ပြားတစ်ခု ရတနာသေတ္တာတစ်ခုမှ ရရှိခဲ့သည်။၎င်းကို အသုံးပြုပြီး နောက် သူ့ရုပ်ပိုင်းဆိုင်ရာမှာ ပြောင်းလဲမှုအချို့ ရှိလာခဲ့သည်။ ယခင် က အန်ရှန့်သည် ကျိုးဝမ်ကို သူသည် ဝိညာဉ်ခန္ဓာများနှင့်ပတ်သက် ပြီး အထူးအာရုံခံနိုင်သည်ဟု ပြောခဲ့ဖူးသည်။ လျှို့ဝှက်ဆန်းကြယ် ဆေးပြား၏ ကျေးဇူးပင်..။

        " ဒီဘက်ခေတ်မှာ သာမန်ထက်ထူးခြားခြင်းဟာ တကယ်တမ်း  တော့ ဘာမှမဟုတ်တော့ဘူး… ဒီလိုမျိုး နေရာကောင်းတစ်ခုဟာ အမှန်တကယ်ရှိတယ်လို့ တွေးလို့ရပါတယ်… ကမ္ဘာတစ်ဝှမ်းလုံးမှာ ထူးဆန်းသောဒိုင်မေရှင်းများနဲ့ ချိတ်ဆက်နယ်မြေတွေ မရေမတွက် နိုင်အောင် ရှိကြတယ်… လူဘယ်လောက်များများက ကံအားလျော် စွာ ကြုံဆုံပြီး ရရှိခဲ့သူ ဘယ်လောက်တောင် ရှိနေပြီလဲလို့ ငါတွေးမိ တယ်… အတိတ်တုန်းက ဝူးရှသိုင်းဝတ္ထုတွေမှာ ကံကြမ္မာနဲ့ တွေ့ဆုံ ရတယ်ဆိုတာ ဒီဘက်ခေတ်မှာ သာမန်ဆန်လွန်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့ပြီ…"

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now