286 - 290

200 21 0
                                    

အခန်း(၂၈၆) ထူးဆန်းသောယာဉ်ထွက်ခွာခြင်း

        ကျိုးဝမ် ထွက်လာသည့်အခါ လုယွင်ရှန်းတို့အဖွဲ့သည်လည်း တဲအတွင်းမှ ထွက်လာကြပြီး အပျက်အစီးများဆီသို့ လှမ်းကြည့် လိုက်သည်။

  "သခင်လေး ဝမ် …ငါတို့ သွားကြည့်သင့်လား?"

    လုယွင်ရှန်း သည် ကျိုးဝမ် ကို မေးလိုက်သည်။ သူသည်လည်း ဆူညံသံများသည် ထူးဆန်းသောယာဉ်မှ ထွက်ပေါ်လာသည်ဟု ယုံကြည်သည်မှာ ရှင်းနေသည်။

        ကျိုးဝမ် ခေါင်းညိတ်လိုက်သည်

"တစ်ချက်သွားကြည့်တာ ကောင်းလိမ့်မယ်"

သူသည်လည်း ထူးဆန်းသောယာဉ်ကို အလွန်သိချင်နေမိ၏။ ဂိမ်းအတွင်းတွင် သူသည် လိုဏ်ခေါင်းအတွင်းဝင်ခဲ့သော်လည်း ယာဉ်ကို မမြင်တွေ့ခဲ့ရပါ။

        ကျိုးဝမ် သည် ထူးဆန်းသောယာဉ်မှ မည်သည့်နေရာမှလာ သည်ကို အလွန်သိချင်မိသည်။

    "ဒီအရာက တစ်စုံတစ်ယောက်အထဲကနေ ယူလာခဲ့တာလား ဒါမှမဟုတ် မြေအောက်လိုဏ်ခေါင်းအတွင်းမှာ မူလထဲက ရှိနေတဲ့ အရာတစ်ခုလား?"

    လုယွင်ရှန်း သည် အပျက်အစီးအတွင်း ဝင်သွားသည့် ကျိုးဝမ် အနောက်လိုက်သွားသည်ကို လုနင် မြင်လိုက်ရလျှင် ဒဏ်ရာများ ပြန်လည်မသက်သာသေးသော်လည်း သူတို့နောက် လိုက်မသွားခင် ခဏလောက်တုံ့ဆိုင်းနေခဲ့သည်။

"လေပြင်းတွေကို ဘယ်လိုဖြေရှင်းလိုက်တာလဲ?"

        လုနင် သည် ကြီးမားသည့်နှင်းမြေခွေးကို စီးနင်းပြီး ၎င်းတို့ နောက်မှ လိုက်လာခဲ့သည်။ သူမသည် ကျိုးဝမ်နှင့် လုယွင်ရှန်းတို့မှာ ဟင်းလင်းပြင်လေကို အတားအဆီးအနှောင့်အယှက် ဖြစ်စေရန် မည်သည့်နည်းလမ်းကိုမှ အသုံးပြုခြင်းမရှိသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် သူမသည် မတတ်နိုင်တော့ဘဲ စဉ်းစားရခက်သလို ခံစား နေရသည်။

      သူမသည် ယခင်က အခြားသူများနှင့် ဝင်ရောက်ခဲ့သောအခါ သူတို့သည် ဟင်းလင်းပြင်လေကို အတားအဆီးအနှောင့်အယှက် ဖြစ်ပြီး လမ်းကြောင်းတစ်ခုရှာရန်အတွက် တွဲဖက်သားရဲအရေ အတွက်အများအပြားကို စတေးခဲ့ရသည်။ သို့သော်လည်း ၎င်းသည် ရပ်တန့်ရန်အတွက်သာ ဖြစ်ပြီး ဟင်းလင်းပြင်လေသည် ပေါ်လာနေ သေးသည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now