881 - 885

175 17 0
                                    

အခန်း(၈၈၁) အရူးအမူးထွက်ပြေးခြင်း

                    

မည်သည့်စကားမှ မပြောတော့ဘဲ ကျိုးဝမ်သည် မြေဒြပ်စင် သားရဲကို စီးနင်းပြီး အဝေးသို့ရောက်စေရန် မြေကမ္ဘာလွတ်မြောက် ရေးကို အသုံးပြုခဲ့သည်။

သို့သော်လည်း မြေဒြပ်စင်သားရဲ၏ မြေကမ္ဘာလွတ်မြောက် ရေး ပြီးဆုံးသွားပြီးနောက် အဖိုးကြီးကလည်း သူ့ဘေးနားတွင် ပေါ် လာခဲ့ကြောင်း နားလည်သွားခဲ့သည်။ အဖိုးကြီးကလည်း မြေကမ္ဘာ လွတ်မြောက်ရေးကို အသုံးပြုကာ သူ့နောက်သို့ လိုက်ခဲ့ခြင်းပင်..။

        ကျိုးဝမ် စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး မြေဒြပ်စင်သားရဲအား မြေကမ္ဘာလွတ်မြောက်ရေးကို ထပ်မံအသုံးပြုခိုင်းလိုက်သည်။ ဤ တစ်ကြိမ်တွင်မူ ကျိုးဝမ်သည် မြေဒြပ်စင်သားရဲကို ၎င်း၏ ရှေးဦး မူလစွမ်းအားအကုန်အသုံးပြုခိုင်းပြီး ဝေးကွာသောမြေကမ္ဘာလွတ် မြောက်ရေးဖြင့် ကီလိုမီတာရာပေါင်းများစွာသို့ ရောက်ရှိစေသည်။

မြေကမ္ဘာလွတ်မြောက်ရေးမှ သူထွက်လာရုံရှိနေသေးစဉ် ဘေး နားတွင်ရှိနေသော သစ်ပင်တစ်ပင်မှ အဖိုးကြီးလမ်းလျှောက်ထွက် လာသည်ကို မြင်လိုက်ရသည်။ အဖိုးကြီးသည် သစ်ပင်အတွင်း ပုန်း ကွယ်နေခဲ့သော တစ္ဆေတစ်ကောင်လိုပင်…။

        " သစ်သားလွတ်မြောက်ရေးကျင့်စဉ်…."

    ကျိုးဝမ်၏ နှလုံးသားအေးခဲသွားခဲ့ပါပြီ….။

အဖိုးကြီးသည် မြေကမ္ဘာလွတ်မြောက်ရေးနည်းစနစ်ကိုသာ သိရုံမက သစ်သားလွတ်မြောက်ရေးနည်းစနစ်ကိုလည်း သိနေခဲ့၏။ အကယ်၍ ဧကရာဇ်ဂူဗိမာန်အတွင်း ထိုနည်းစနစ်ကို အသုံးမပြုနိုင် သော အချက်သာ ရှိမနေခဲ့လျှင် ကျိုးဝမ်အနေဖြင့် အလွယ်တကူ လွတ်မြောက်ခဲ့လိမ့်မည် မဟုတ်ပါ..။

        “ မင်း လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး…”

  အဖိုးကြီးက အေးစက်စွာပြောရင်း ကျိုးဝမ်ကို စိုက်ကြည့်နေခဲ့ သည်။ ကြွက်လိုက်ဖမ်းနေသည့် ကြောင်တစ်ကောင်လို ၎င်းသည် ကျိုးဝမ်ဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်လာပြီး လုံးဝစိတ်ပူပန်နေခြင်း မရှိပါ..။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 1 ( Ch 1 - 990  ထိ )Where stories live. Discover now