1271------1272

98 7 1
                                    

အခန်း (၁၂၇၁)(စာစဉ် ၉၁- အပိုင်း ၁၁)
“အမေနှင့်သား”

(ကပ်ဘေးကြီးက ချင်းရန်နယ်ပယ်ကို ရောက်လာ တော့မယ်၊ ငါကပုန်းအောင်းနေတဲ့ ပညာရှင်မျိုး ဖြစ် နေတယ်၊ ငါဒီလိုလုပ်နေလို့ မဖြစ်ဘူး ငါထွက်ပြီးကမ္ဘာ ကြီးကို ကယ်တင်ရမယ် . . .)
(ငါ့ရဲ့ဒဏ္ဍာရီက ဘယ်တော့မှ မသေဆုံးစေရဘူး၊ ဒါကငါ့အတွက် သိုင်းလောကမှာ ပြန်အခြေချဖို့ အခွင့် အရေး တစ်ခုပဲ . . .)
ရဲရှောင်လည်း တွေးပြီးနောက် ခေါင်းညိတ်လိုက် ကာ -
“ကောင်းပါပြီ ကျုပ် ခင်ဗျားတို့နဲ့အတူ လိုက်ခဲ့ပါ မယ် အစ်ကိုကြီးတို့ . . .”
ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန်တို့လည်း ထိုစကားကြောင့် စိတ်သက်သာရာ ရသွားကြသည်။
(တော်သေးတာပေါ့ သူကလက်ခံလို့ သူမပါဘဲသာ ပြန်သွားရင် ဥသျှောင်ကြီး သုံးပါးက ငါတို့ကို သေတဲ့ အထိ ရိုက်နှက်ဦးမှာ . . .)
ဇန်ယွန်ဖေ့တို့မှာ ထိုသို့တွေးရုံမျှပင် ထိတ်လန့်နေ ကြပါတော့သည်။
. . .
နောက်နှစ်ရက်အကြာတွင် ရဲနန်ရှန်နှင့် ယွဲ့ဂေါင်ရွှဲ့ တို့မှာ ရဲမြို့တော်ရှိရာသို့ ပြန်ရောက်လာခဲ့ကြသည်။
ယွဲ့ဂေါင်ရွှဲ့လည်း မြို့တော်ကို မြင်မြင်ချင်း စိတ် လှုပ်ရှားမှု အပြည့်ဖြင့် ရဲအိမ်တော်ရှိရာသို့ ပြေးထွက် သွားသည်။
သူမ ရင်းနှီးခဲ့သော မြို့လေးဖြစ်၍ ခံစားချက်များ က ကလေးငယ် တစ်ဦးပမာ ပေါ့ပါးနေသည် မဟုတ်ပါ လား။
ရဲနန်ရှန်ပင် ပြေးထွက်သွားသော ယွဲ့ဂေါင်ရွှဲ့၏ နောက်သို့ အမီမလိုက်နိုင်တော့ချေ။
သို့သော် ရဲအိမ်တော်၏အပေါက်ဝနား ရောက်ခါနီး အချိန်တွင် ယွဲ့ဂေါင်ရွှဲ့မှာ ရုတ်တရက် အရှိန်ကို လျှော့ ချလိုက်ပြီး ရပ်တန့်လိုက်၏။
“ဘာဖြစ်လို့လဲ . . .”
ရဲနန်ရှန်မှ အထိတ်တလန့်ဖြင့် မေးလိုက်သည်။
ဇနီးဖြစ်သူ ထိုသို့ ဖြစ်သွားခြင်းကို နားမလည်နိုင် ဖြစ်နေသည့် ပုံပါပင်။
“ကျွန်မ စဉ်းစားနေတာ . . .”
ယွဲ့ဂေါင်ရွှဲ့မှ မျက်ရည်များ ဝေ့တက်လာရင်းဖြင့် ပြန်ဖြေလိုက်သည်။
“ကျွန်မသားကို ကျွန်မ မမြင်ရတာ နှစ်ပေါင်းများ စွာ ကြာပြီ၊ အမေတစ်ယောက်အနေနဲ့ သူ့အနား မနေ ပေးနိုင်ခဲ့ဘူး၊ သူ သူ ကျွန်မကို မုန်းများ မုန်းနေမလား လက်ရော လက်ခံပါ့မလား . . .”
ထိုသို့ ပြောပြီးချိန်တွင်မူ ယွဲ့ဂေါင်ရွှဲ့၏ မျက်ဝန်းထဲ မှ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျဆင်းလာသည်။
“ကျွန်မက အမေကောင်းတစ်ယောက် မဟုတ်ဘူး၊ ကိုယ်မွေးထားတဲ့ သားအပေါ်မှာ တာဝန်မကျေခဲ့တဲ့ အမေ တစ်ယောက်ပေါ့ . . .”
“ရှောင်ရှောင်က လိမ္မာတဲ့ ကလေးတစ်ယောက်ပါ သူက မင်းကို အချိန်ပြည့်လွမ်းနေတာ၊ မင်းအကြောင်း ကိုလည်း ခဏခဏ မေးနေတာ၊ အဲဒီလို ကလေးမျိုး က သူ့အမေ ပြန်လာတာကို သေချာပေါက် ပျော်နေမှာ ငါလောင်းရဲတယ် . . .”
ရဲနန်ရှန်မှ ယွဲ့ဂေါင်ရွှဲ့အား နှစ်သိမ့်စကားဆိုလိုက် သည်။
သို့သော် သူမည်သို့ နှစ်သိမ့်နေပါစေ ယွဲ့ဂေါင်ရွှဲ့မှာ ရှေ့ဆက်မတိုးဘဲ တွေတွေကြီးသာ ရပ်နေသည်။
သူမအဖို့ သားဖြစ်သူနှင့် မျက်နှာချင်းဆိုင်ရန် ချီတုံ ချတုံ ဖြစ်နေဟန်ပါပင်။
ထိုအချိန် ရဲအိမ်တော်၏ တံခါးဝမှာ ရုတ်တရက် ပွင့်လာခဲ့သည်။
တံခါးနောက်တွင် လျှောက်လမ်းအား ကော်ဇောနီ များဖြင့် ခင်းကျင်းထားပြီး ထိုကော်ဇောများ ဘေးပတ် လည်တွင် အနီရောင်ပွင့်ဖတ်များဖြင့် အလှဆင်ထား ၏။
ရဲရဲနီနေသော ပန်းပွင့်များ၏ပွင့်ဖတ်များဖြင့် အလှ ဆင်ထားပုံက မြို့ရိုးများ၊ နံရံများ၊ အိမ်တော်ကြီးတစ်ခု လုံးနှင့် ကောင်းကင်ကြီးပါ နီထွေးနေသလိုပါပင်။
သို့သော် ခြံဝန်းထဲတွင်မူ မည်သူမှမရှိ၊ တိတ်ဆိတ် လျက်သာ ရှိနေသည်။
ယွဲ့ဂေါင်ရွှဲ့၏ စိတ်ထဲ အထီးကျန်ဆန်ပြီး အသက် မဲ့သလို ခံစားလိုက်ရသည်။
သို့သော် ထိုခံစားချက်က ခဏတာမျှသာ ဖြစ်ပြီး အတိုင်းမသိ ဝမ်းသာသည့် ခံစားချက်ကို သူမ ထပ်မံ ခံ စားလိုက်ရပြန်သည်။
အကြောင်းမှာ ရှေ့ထွက်၍ လာကြိုဆိုသော လူမှာ သူမ၏ သားဖြစ်နေ၍ ဖြစ်သည်။
သူမအတွက် အခြားလူများ ကြိုဆိုခြင်း မကြိုဆို ခြင်းကို ဂရုမစိုက်၊ ထိုလူများကိုလည်း သူမ မလိုအပ် ချေ။
သူမ လိုအပ်သည်မှာ သားဖြစ်သူကိုသာ မဟုတ်ပါ လား။
ထိုအချိန် ကော်ဇော၏ အခြားတစ်ဖက်တွင် အဖြူ ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ရပ်နေ လျက် ရှိသည်။
ထိုလူငယ်မှာ အရပ်ရှည်ရှည်နှင့် ချောမောခန့်ညား လှပြီး အဆင်းရော အချင်းပါ ပြည့်စုံသည့် အသွင်မျိုး ရှိ၏။
ထို့ကြောင့် တံခါးဝသို့ ဖြည်းညှင်းစွာ လျှောက် လှမ်းလာနေသည့် သူ၏ ပုံစံက ကောင်းကင်ဘုံမှ နတ် သားတစ်ပါးလိုပါပင်။
ထိုလူငယ်မှာ ပုံမှန်အတိုင်းသာ လျှောက်လှမ်းလာ ခြင်း ဖြစ်သော်လည်း ကမ္ဘာကြီးတစ်ခုလုံး သူနှင့်အတူ လိုက်ပါလာသလိုပင် အရှိန်အဝါကြီးမားနေသည်။
လူငယ်ပေါ်လာသည်နှင့် ယွဲ့ဂေါင်ရွှဲ့၏ အနီရောင် ကမ္ဘာကြီးက ပိုမို၍ အသက်ဝင်သွားခဲ့သည်။
လူငယ်မှာလည်း ယွဲ့ဂေါင်ရွှဲ့အတိုင်း စိတ်လှုပ်ရှား နေသည့် ဟန်မျိုးပါပင်။
စင်စစ် လူငယ်လေးဆိုသည်မှာ ရဲရှောင်ပင် ဖြစ်၏။
ရဲရှောင် ပေါ်လာသည့်အချိန် ယွဲ့ဂေါင်ရွှဲ့မှာ အံ့ဩ လွန်း၍ အာမေဋိတ်သံပင် ထွက်သွားလေသည်။
ထိုခံစားချက်များနှင့်အတူ သူမ၏ မျက်လုံးများမှ လည်း မျက်ရည်များက အတိုင်းဆမရှိ စီးကျလာတော့ သည်။
(သူက ငါ့သားပဲ ဒါကငါ့သားပဲ . . .)
(တော်တော်ကို ချောမောပြီး ခန့်ညားလွန်းတယ်၊ အခုလောက်ထိ ချောမောလွန်းတဲ့ လူလေးက ငါ့သား ပါလား . . .)
နှလုံးသားထဲ၌ ဖြစ်တည်လာသည့် အမေနှင့် သား ကြားက ဆက်နွယ်မှုကြောင့် ယွဲ့ဂေါင်ရွှဲ့အဖို့ မျက်ရည် မဆည်နိုင်အောင် ဖြစ်နေရသည်။
ကော်ဇော၏ တစ်ဖက်ခြမ်းတွင် ရပ်နေသော လူ ငယ်လေးကိုလည်း သားဖြစ်ကြောင်း အတပ်ပင် သိနေ သည်။
(ဒါကငါ့သားပဲ သေချာတယ် . . .)
မည်သူမှ သားဖြစ်သူကြောင်း ထုတ်ဖော်ပြောစရာ မလို၊ သွေးက စကားပြောသည် မဟုတ်ပါလား။
(သူက ငါ့ရဲ့ အစိတ်အပိုင်းပဲ . . .)
ထိုအချိန် ရဲရှောင်မှာလည်း ယွဲ့ဂေါင်ရွှဲ့အတိုင်းပင် စိတ်လှုပ်ရှားနေရသည်။
အစပိုင်းတွင် သူ့ဘက်မှ ထိုသို့သော ခံစားချက်မျိုး မရှိနိုင်ဟု တွေးထင်ခဲ့သော်လည်း တကယ်တမ်းတွင် မဟုတ်ခဲ့ပေ။
မိခင်ဖြစ်သူကို မြင်လိုက်သည်နှင့် သူ့စိတ်ထဲရှိ ခံ စားချက်များကို မည်သို့ ချုပ်ထိန်းနေပါစေ အချည်နှီး၊ စိတ်တည်ငြိမ်အောင် မထိန်းနိုင်တော့ချေ။
(ဒါကဒီကမ္ဘာကြီးပေါ်မှာ ရှိတဲ့ ငါ့ရဲ့အမေပဲ . . .)
ရဲရှောင်အဖို့ ယွဲ့ဂေါင်ရွှဲ့နှင့် ယခုမှ ဆုံတွေ့ရခြင်း မဟုတ်၊ ယခင်ဘဝကလည်း ကူညီပေးခဲ့ဖူးလေသည်။
မျက်နှာချင်းဆိုင် မတွေ့ရသည့်တိုင် မျက်မှန်းတန်း နေမိခြင်းဖြစ်သည်။
သို့သော် ထိုမှတ်ဉာဏ်များက လက်ရှိတွင် အရေး မပါတော့ဘဲ ယခုအခါ သူ့ခေါင်းထဲ၌ အတွေးတစ်ခု သာ ရှိတော့၏။
(အမေ ဒါကငါ့ရဲ့ အမေပဲ . . .)
သူ၏ ခန္ဓာကိုယ်ထဲ၌ လူငယ်လေး ရဲရှောင်၏ စိတ် ဝိညာဉ် အပိုင်းအစ ရှိနေခြင်းကြောင့် ထိုသို့ ခံစားနေရ ခြင်းကို သူကောင်းစွာ သိနေသည်။
ထိုလူငယ်လေးက ပေါ့ပျက်ပျက် နေတတ်သည့် တိုင် ရင်ထဲ၌မူ လက်မလျှော့သည့် အရာတစ်ခု ရှိနေခဲ့ သည်။
ထိုအရာကား အမေဖြစ်သူကို တွေ့ရန်သာ ဖြစ်၏။
ကလေးငယ် တစ်ဦးအဖို့ အမေဖြစ်သူနှင့် မတွေ့ရ ခြင်းက ကြီးမားသော ဆုံးရှုံးမှုကြီးသာ ဖြစ်လိမ့်မည်။
ထို့ကြောင့် မွေးကတည်းကမိခင်နှင့် မတွေ့ရသော လူငယ်လေး ရဲရှောင်မှာလည်း ထိုစိတ်ဆန္ဒက ကြီးစိုး နေခြင်း ဖြစ်သည်။
ရဲရှောင်လည်း ထိုလူငယ်လေး၏ ခံစားချက်များ ကို နားလည်နေ၍ ချုပ်တီးရန် မကြိုးစားတော့ဘဲ ဖွင့် ထုတ်ချရန်သာ ကြိုးစားလိုက်တော့သည်။
ထို့ကြောင့် သူ၏ မျက်လုံးများ နီရဲလာပြီး မိခင် ဖြစ်သူနှင့်အတူ လိုက်ငိုမိမတတ်ပင် ဖြစ်လာသည်။
ယွဲ့ဂေါင်ရွှဲ့မှာလည်း သားဖြစ်သူ သူမထံ ရောက် အလာကိုပင် မစောင့်တော့ဘဲ ပြေး၍ တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။
သူမ၏ မျက်ဝန်းများထဲမှလည်း မျက်ရည်များက ပိုးပိုးပေါက်ပေါက် ကျဆင်းနေတုန်းပါပင်။
ထိုမျက်ရည်များက ရဲရှောင်၏ ဝတ်ရုံကိုပင် စိုစွတ် သွားတော့သည်။
“ရှောင်ရှောင် ငါ့သားလေး . . .”
ယွဲ့ဂေါင်ရွှဲ့က တုန်ယင်သော အသံဖြင့် ခေါ်လိုက် သည်။
လက်ရှိတွင် သူမအဖို့ ခံစားချက်များကို ထိန်းချုပ် ရန်မှာ မဖြစ်နိုင်တော့။
နောင်တရမှု၊ ချစ်ခြင်းမေတ္တာ၊ စိုးရိမ်မှု၊ ပူပန်မှု ခံ စားချက်များမှာ အတိုင်းဆမရှိ ပွင့်အန်ထွက်ကုန်တော့ သည်။
၁၈ နှစ်လုံးလုံး သားဖြစ်သူကို နေ့စဉ်မပျက် လွမ်း ဆွတ်ခဲ့ရသည်။
သားဖြစ်သူနှင့် ပတ်သက်၍လည်း စိတ်ကူးပေါင်း များစွာကို ကြိမ်ဖန်များစွာ တွေးခဲ့ဖူးသည်။
(သူက ဘယ်လောက်လောက် အရပ်ရှည်နိုင်လဲ၊ အခုဆိုရင် လူကြီးကြီး ဖြစ်နေရောပေါ့၊ သူက ဘယ်သူ နဲ့ရော တူပါလိမ့် . . .)
ထိုသို့ဖြင့် သူမမှာ သားဖြစ်သူအား စိတ်ကူးဖြင့် သာ မှန်းဆ လွမ်းဆွတ်ခဲ့ရပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now