1223-------1224

103 11 0
                                    

အခန်း (၁၂၂၃)(စာစဉ် ၈၈- အပိုင်း ၅)

“တောင်တန်းများပေါ်မှ ရယ်မောခြင်း”

ပိုင်ရှင်းယွဲ့မှာ ကြိုးပျက်သွားသည့် စွန်တစ်ခုကဲ့သို့ ပင် အဝေးသို့ လွင့်ထွက်သွား၏။

“ဘုန်း . . .”

ထိုသို့ လွင့်ထွက်သွားရသည့်တိုင် သူမ၏ မျက်နှာ ပေါ်၌ နာကျည်းမုန်းတီးမှုများက မပျောက်ကွယ်သွား၊ ထင်ဟပ်နေဆဲပါပင်။

ထိုအချိန် အခြားလူများမှာလည်း အခွင့်ကောင်း ရောက်ပြီကို သိ၍ ပိုင်ရှင်းယွဲ့ကို တစ်ချက်တည်းဖြင့် အသေသတ်ရန် တဟုန်ထိုး ပြေးလာနေသည်။

ထိုစဉ် ကောင်းကင်ထက်မှ လူတစ်ဦး၏ အော်သံ မှာ အရှိန်အဝါ အပြည့်ဖြင့်ပင် ထွက်ပေါ်လာ၏။

ထိုအော်သံကြီးက ကျယ်လောင်လွန်း၍ ကမ္ဘာတစ် ခုလုံးကိုပင် တုန်ခါသွားစေသယောင်ပင်။

“အတင့်ရဲလိုက်တာ . . .”

ထိုအော်သံထဲ၌ မည်သူမှ မဖီဆန်ဝံ့သည့် အမိန့် အာဏာသက်ရောက်သည့် အရှိန်အဝါမျိုးလည်း ဖြည့် စွက် ပါဝင်နေလေသည်။

မူလတာအို၏ အလယ်အလတ် အဆင့်ရှိနေသော တန်ချင်းဖန်ပင် ထိုအော်သံကြီးကို ကြားသောအခါ စိတ်ထဲ၌ ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်သွားမိသည်။

(ဘယ်သူများလဲ . . .)

(ဘာလို့ သူ့အသံက ဒီလောက်ထိ အရှိန်အဝါကြီး နေရတာလဲ . . .)

ထိုအသံကြီး မဆုံးသေးခင်မှာပင် လူရိပ်တစ်ခုမှာ သူတို့၏ကြား၌ တစ္ဆေတစ်ကောင်ကဲ့သို့ ဘွားခနဲ ပေါ် လာလေသည်။

ထိုအရိပ်ပိုင်ရှင်မှာ မလွဲဧကန် ရဲရှောင်ပင် ဖြစ်၏။

ရဲရှောင် ရောက်လာချိန် ပိုင်ရှင်းယွဲ့မှာ မြေပြင်ပေါ် ၌ သေလုမြောပါးပင် ဖြစ်နေလေပြီ။

ထိုမြင်ကွင်းကို ကြည့်ရင်း ရဲရှောင် ရင်ထဲ၌ ဒေါသ မီးများက တဟုန်းဟုန်း တောက်လောင်သွားသည်။

ထို့ကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ် လိုက်ပြီး ကျယ်လောင်သော အသံကြီးဖြင့် -

“ခွေးမသားတွေ . . .”

ရဲရှောင်အဖို့ ဒေါသအထွတ်အထိပ်သို့ ရောက်နေ သော်လည်း ပိုင်ရှင်းယွဲ့က အရေးကြီးနေ၍ သူမရှိရာ ထံသို့ အလျင်အမြန်ပင် သွားလိုက်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now