1201------1202

111 8 1
                                    

အခန်း (၁၂၀၁)(စာစဉ် ၈၆- အပိုင်း ၁၁)

“အားဟူ ပြန်လာခြင်း”

အားဟူမှာ ထွက်လာပြီဖြစ်သော်လည်း အခြေနေ မှာမူ ကောင်းပုံ မရချေ။

ဟင်းလင်းပြင်ထဲမှ ထွက်လာပြီးချင်း ခြေပစ်လက် ပစ် လဲလျောင်းကာ လျှာမှာလည်း အပြင်သို့ ထွက်နေ လေသည်။

ဝုဖ၏ ဖမ်းဆီးခြင်းကို အချိန်ကြာမြင့်စွာ ခံခဲ့ရ၍ အမှန်တကယ်ကိုပင် မောပမ်းနေခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းအဖို့ ယခင်ကကဲ့သို့ ဟိတ်ဟန်မျိုး မထုတ်နိုင်တော့ဘဲ အိန္ဒြေပင် မဆယ်နိုင်တော့ချေ။

အားဟူမှာ ချင်းရန်နယ်ပယ်၌ အမြန်ဆုံး ဖြစ်သော ကြောင့် စက္ကန့်ပိုင်းအတွင်း ဝုဖ၏ လက်မှ လွတ်အောင် လုပ်နိုင်စွမ်း ရှိသည်။

သို့သော် ပြဿနာမှာ ထိုသို့ လုပ်နိုင်သည့်တိုင် လုပ် ရန် အခြေအနေ မရှိနေမှာ မရှိ။
ဝုဖမှ သူ့ကိုမီနိုင်မည်ဟု ယုံကြည်နေစေရန်အတွက် ပြုလုပ်ရဦးမည် မဟုတ်ပါလား။

အကယ်၍ ဝုဖသာ အားဟူကို မမီနိုင်မှန်း သိသွားပါ က ချက်ချင်းဆိုသလိုပင် ကောင်းကင်လှေကားသို့ ပြန် သွားနိုင်ပေသည်။

ထိုအခါ အန္တရာယ်ကျရောက်သွားမည်က အခြားလူ မဟုတ်၊ သူ၏ သခင်နှင့် ဟန်ပိုင်ယွဲ့တို့သာ ဖြစ်၏၊

ရွှေဝိညာဉ်မျှော်စင်မှာ အစွမ်းထက်သည် ဆိုသော် ငြား ဝုဖ၏ တိုက်ခိုက်မှု လေးငါးချက်ကိုသာ ရဲရှောင် ခံ နိုင်လိမ့်မည်။

ထိုသို့ ကာကွယ်နိုင်ရန်အတွက်လည်း အသုံးပြုသူ ထံမှ စွမ်းအင်များကို လိုအပ်မည် မဟုတ်ပါလား။

ရဲရှောင် ယခုအကြိမ် ကာကွယ်လိုက်နိုင်ခြင်းမှာ ကံ ကောင်းမှုဟုလည်း ဆိုနိုင်သည်။

အကယ်၍ ဝုဖသာ မျှော်စင်အကြောင်း သိသွားပါ က အသီးများထက်ပင် ပို၍ စိတ်ဝင်စားသွားနိုင်သည်။

အသီးများကို များစွာစားသုံးခြင်းက အသုံးမဝင်မှန်း သိနေသော ဝုဖမှာ ရွှေဝိညာဉ်မျှော်စင်ကို သေချာပေါက် တပ်မက်မိပေလိမ့်မည်။

ထိုအခါ နံပါတ်တစ် စွမ်းအားအကြီးဆုံး ပညာရှင် ၏ အားပြင်းပြင်းတိုက်ခိုက်မှုကို မူလတာအို အဆင့်နှစ် သာ ရှိသေးသည့်လူက မည်သို့ ခုခံနိုင်ပါမည်နည်း။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now