1197------1198

135 14 1
                                    

အခန်း (၁၁၉၇)(စာစဉ် ၈၆- အပိုင်း ၇)

“စွန့်စားခြင်း”

ပိုင်ရှင်းယွဲ့မှာ စိတ်ရော ကိုယ်ပါ ပင်ပန်းနေပြီမက သူမ၏ စိတ်စွမ်းအင် ချီဓာတ်များလည်း ကုန်ဆုံးနေပြီ ဖြစ်သည်။
တိုက်ခိုက်နေစဉ် အဆင့်တက်ပါက ကုန်ဆုံးသွား သည့် စွမ်းအင်အများအပြား ပြန်ရရှိနိုင်သော်လည်း ထို ပြန်ရသည့် စွမ်းအင်ထက် သူမ ကုန်ဆုံးရသည့် စွမ်း အင်များက ပိုများပြားနေလေသည်။
တစ်နည်းအားဖြင့် စွမ်းအင် အဝင်နှင့် အထွက် မညီ မျှနေခြင်း ဖြစ်သည်။
ထို့ပြင် တပည့်ဖြစ်သူကို ကျောပိုး၍ လျင်မြန်သော နှုန်းဖြင့် ထွက်ပြေးနေရပါသေးသည်။
ပိုင်ရှင်းယွဲ့မှာ ရန်သူများ၏ လက်အတွင်း အလွယ် တကူ အရှုံးမပေးလို၍ သူမ၏ စွမ်းအင်များ အားလုံး ကုန်စင်သွားသည်အထိ အသုံးပြုချင်နေမိသည်။
(ငါအရှုံးပေးလိုက်ရင် ငါရောငါတပည့်ပါ သေရလိမ့် မယ်၊ အသက်ရှင်ဖို့ အခွင့်အရေး ရှိနေရင် ဘယ်သူမှ သေချင်မှာ မဟုတ်ဘူး၊ အခက်ခဲတွေကြားက ရုန်းကန် ရမယ်ဆိုရင်တောင် ငါ့တပည့်ကိုပဲ ငါအသက်ရှင်ခွင့်ပေး လိမ့်မယ်၊ သူကငယ်သေးတယ် သူ့အတွက် တောက်ပ တဲ့ အနာဂတ်က ရှေ့မှာ ဆီးကြိုနေတယ် . . .)
(ငါ့တပည့်က ကြိုးလည်း ကြိုးစားတယ်၊ သူလိုချင် တဲ့ အရာကိုဘယ်လိုရအောင် ယူရမလဲဆိုတာကိုလည်း သူသိတယ်၊ ငါကတော့ အဲဒီလို မဟုတ်ဘူး . . .)
(ငါ့တပည့် ချစ်တဲ့ လူကို ချစ်မိရင် ငါပဲ သိက္ခာကျရ မှာ၊ ငါပဲအရှက်ရမှာ၊ ကမ္ဘာကြီးကိုတောင် ငါဘယ်လို မျက်နှာချင်းဆိုင်ရမလဲ မသိတော့ဘူး . . .)
(ငါ့စိတ်ကို လွှတ်ပေးပြီး သူ့နောက်ကို လိုက်မယ်ဆို ရင်လည်း ရယ်စရာကောင်းတဲ့ ပတ်သက်ဆက်နွယ်မှု ကြီး ဖြစ်နေမှာပဲ၊ အဲဒီလိုသာဆို ငါကတကယ့်ကို ဟာ သတစ်ပုဒ် ဖြစ်သွားမှာ၊ သူ့အတွက်ရော ငါ့အတွက်ရော ပေါ့ . . .)
(ငါမလုပ်နိုင်ဘူး ဒါပေမယ့် ငါ့ရင်ထဲက ခံစားချက် တွေကိုလည်း ငါမဖုံးကွယ်နိုင်ဘူး၊ အခုဖြစ်ပျက်နေတာ တွေ အားလုံးက ဇာတ်ဆရာအလိုကျပဲ၊ အဲဒီတော့ ငါ သေသွားခဲ့ရင်လည်း ကောင်းမွန်တဲ့ အဆုံးသတ်ပဲ ဖြစ် မှာပါ၊ ငါအခု စိုးရိမ်နေတာက ချူးချူးရဲ့ လုံခြုံမှုကိုပဲ)
(ငါသူ့အိမ်ကို သွားရာလမ်းမှာ သူတို့ မျိုးနွယ်စု အတွက် သေသွားခဲ့ရင် သူ့စိတ်ထဲ ငါ့ကို တစ်သက်လုံး အမှတ်ရနေမှာပါ၊ ငါဒီထက်ပိုပြီး ဘာမှမမျှော်လင့်မိပါ ဘူး၊ ငါ့ထက် ချူးချူးကို ပိုပြီး ဂရုစိုက်စေချင်တယ်၊ ချူး ချူးရဲ့ ဆရာက သူ့အတွက်နဲ့ သေသွားခဲ့ရတယ်ဆိုတာ သူ့ကို သတိရစေချင်တယ်၊ အဲဒါဆိုရင် ချူးချူးကို သူ ကောင်းကောင်း ဆက်ဆံမှာပဲ . . .)
(ငါ့အပေါ် သူတင်နေတဲ့ ကျေးဇူးကြွေးကြောင့် ချူး ချူးအပေါ်လည်း သူကောင်းပေးလိမ့်မယ်၊ ချူးချူးကို ပျော်ရွှင်စေမှာ သေချာပါတယ် . . .)
(အဲဒီလိုသာ ဖြစ်မယ်ဆိုရင် ငါသေရလည်း တန်ပါ တယ် ဒီလိုမှမဟုတ်ရင် ငါ့ရဲ့ရှက်ရွံ့မှုနဲ့ ခံစားချက်တွေ ကို ငါကိုယ်တိုင်တောင် ခံစားနိုင်မှာ မဟုတ်ဘူး . . .)
ပိုင်ရှင်းယွဲ့မှာ ရင်နာစွာဖြင့် အတွေးနယ်ချဲ့မိလျက် ရှိသည်။
“ချူးချူး မင်းပျော်ပျော်ရွှင်ရွှင်နေသွားမယ်လို့ ငါ့ကို ကတိပေးစမ်းပါ. . .”
ထိုစဉ် လေပြင်းများနှင့်အတူ ရေနံ့ဆီနံ့များ ထွက် ပေါ်လာပြီး အဝေးတစ်နေရာမှမီးတောက်များမှာ ဟုန်း ဟုန်းတောက် လောင်ကျွမ်းနေသည်ကို သူမတွေ့လိုက် ရသည်။
ဝရမ်ချူးချူးမှာလည်း ထိုမြင်ကွင်းကို ကြည့်ရင်း မျှော်လင့်ချက်များ ပျက်စီးသွားသလို ခံစားလိုက်ရလေ သည်။
(နောက်ဆုံးတော့ သူတို့ ရှာတွေ့သွားပြီထင်တယ်)
“ဆရာ အဲဒီနေရာကို သွား . . .”
ဝရမ်ချူးချူးမှ တိုးညှင်းသော အသံဖြင့် ပြောလိုက် သည်။
“သူတို့ မီးစရှို့တဲ့ နေရာကိုသာ ရောက်အောင်သွား၊ မသိအောင် သွားနော် . . .”
သူမ ထိုသို့ပြောလိုက်ချိန် အခြားနေရာများမှလည်း မီးတောက်များ လောင်ကျွမ်းလာလေသည်။
စင်စစ် ရန်သူများမှ တောအုပ်တစ်ခုလုံးကို မီးရှို့ပစ် လိုက်ခြင်းပါပင်။
ထို့ကြောင့် တောင်တန်းများပေါ်ရှိ သစ်ပင်များအား လုံးမှာ မီးတောက်များ၏ ဝါးမြိုခြင်းကို ခံနေရပြီ ဖြစ် သည်။
ရန်သူများမှာလည်း ထိုမီးတောက်များ အတွင်းမှ မိန်းကလေးနှစ်ဦးကို အသည်းအသန်ပင် ရှာဖွေနေကြ သည်။
ထိုစဉ် ပိုင်ရှင်းယွဲ့မှာ ပထမဦးဆုံး မီးစရှို့ခဲ့သည့် နေ ရာသို့ ဦးတည်၍ သွားနေလေသည်။
“သူတို့တွေ မီးစရှို့လိုက်တဲ့နေရာက အစပိုင်းမှာ အန္တရာယ် အများဆုံးနေရာပဲ၊ အဲဒီနေရာမှာ သူတို့ရဲ့လူ တွေလည်း အများကြီး ရှိနေနိုင်တယ် ဒါပေမယ့် သူတို့ တွေ တခြားနေရာကို မီးပတ်ရှို့ရင် အဲဒီနေရာမှာလူတွေ သိပ်ရှိနိုင်မှာ မဟုတ်တော့ဘူး . . .”
“ကျွန်မတို့သာ အဲဒီနေရာကိုကွေ့ပတ်ပြီး သွားမယ် ဆိုရင် အသက်ရှင်နိုင်လိမ့်မယ်၊ ဒါပေမယ့် မီးတောက် က ကြီးသထက် ကြီးလာရင်တော့ ကျွန်မတို့ ပုန်းခိုနိုင် မယ့် နေရာရှိတော့မှာ မဟုတ်ဘူး . . .”
“အဲဒါကြောင့် မီးစရှို့ခဲ့တဲ့နေရာကို သွားဖို့က ကျွန်မ တို့အတွက် နောက်ဆုံးမျှော်လင့်ချက်ပဲ၊ ကျွန်မတို့တွေ လွတ်လမ်းကို တွေ့နိုင်မှာပါ . . .”
“ကျွန်မတို့တွေ သူတို့ မီးစရှို့ခဲ့တဲ့ နေရာကိုရောက် တာနဲ့ သူတို့နဲ့ ၁၀ မိုင်ကျော်ကျော်လောက် ဝေးသွားမှာ ပဲ၊ အရေးကြီးဆုံးအချက်က သူတို့က သူတို့စရှို့ခဲ့တဲ့ နေ ရာကိုပဲ အာရုံရှိကြမှာ မဟုတ်ဘူး၊ကျန်တဲ့နေရာတွေကို အသည်းအသန်ရှာ နေကြမှာ၊ ကျွန်မထင်တာ မမှားဘူး ဆိုရင် အနည်းဆုံး တစ်ရက်လောက်ကတော့ ကောင်း ကောင်း အသက်ရှင်သန်နိုင်လိမ့်မယ် . . .”
ဝရမ်ချူးချူးမှ ပိုင်ရှင်းယွဲ့အား သူမ၏ ဗျူဟာကို ပြောပြလျက် ရှိနေသည်။
“ဆရာ တစ်ခါတစ်ရံမှာ အင်အားဆိုတဲ့ အရာမျိုးက ဗျူဟာဆိုတဲ့ အရာလောက် အသုံးမဝင်ဘူး၊ ကျွန်မတို့ အားနည်းနေတဲ့ အချိန်မှာ ဗျူဟာကိုပဲ ပိုပြီးအသုံးပြုရ မယ်၊ ဒါကရန်သူကို ရင်ဆိုင်နိုင်ဖို့ အကောင်းဆုံးနည်း လမ်းပဲ အနည်းဆုံးတော့ ကျွန်မတို့ ခဏတာလောက် လုံလုံခြုံခြုံ နေနိုင်မှာပါ . . .”
ဝရမ်ချူးချူးမှ ထပ်မံပြောလိုက်၏။
“ဆရာ့အပေါ် ကျွန်မ ဆရာလုပ်သလို ဖြစ်သွားရင် တောင်းပန်ပါတယ် ခွင့်လွှတ်ပါနော် . . .”
ပိုင်ရှင်းယွဲ့မှာမူ မည်သည့်စကားမှမဆို၊ တပည့်ဖြစ် သူကိုသာ တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး မျက်လုံးများ မှ မျက်ရည်များ ဝဲလျက်ရှိသည်။
တပည့်ဖြစ်သူမှာ အားအင်ချိနဲ့နေသည့်ကြားက  အ ကောင်းဆုံး အသက်ရှင်နိုင်မည့် နည်းလမ်းကို ပြောပြ နေသည် မဟုတ်ပါလား။
ထိုနည်းလမ်းက အသုံးဝင်သည့် နည်းလမ်းဖြစ်နေ ၍ သူမအဖို့ ကျိန်းသေပင် လုပ်ရပေလိမ့်မည်။
ထိုအချိန် လူအချို့မှာ မီးတောက်များကြား တိုးဝင် ရင်း ရှာဖွေလျက် ရှိသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်၌ လူ ၄ ဦး မှာ ပျံသန်းရင်းဖြင့် တောအုပ်အတွင်း နေရာအနှံ့ လိုက် လံ စစ်ဆေးကြည့်နေကြပါတော့သည်။
. . .
မီးတောက်များကြောင့် တောရိုင်း တိရစ္ဆာန်များမှာ အော်ဟစ်ပြေးလွှားလျက် ရှိကြပြီး အသံများမှာ ဆူညံ ပွက်လောရိုက်လျက် ရှိသည်။
“ဆရာ အဲဒီလမ်းကသွား သတိတော့ ထားသွား”
ဝရမ်းချူးချူးမှ ပိုင်ရှင်းယွဲ့အား လေသံတီးတိုးဖြင့် ပြောလိုက်သည်။
မီးတောက်များ ဝါးမြိုသံဖြင့် ဆူညံနေ၍ သူမ၏ အသံကို ရန်သူများ ကြားရန်မှာ မဖြစ်နိုင်ချေ။
“လူရှိတဲ့ နေရာဘက်ကိုသွား သတိတော့ထားနော် အဆင်ပြေသွားမှာပါ . . .”
ဝရမ်ချူးချူးမှ ယုံကြည်မှုအပြည့်ဖြင့် ပြောနေသော် လည်း ပိုင်ရှင်းယွဲ့မှာမူ ထိတ်လန့်နေမိလေသည်။
ဝရမ်းချူးချူး ပြောသမျှ အကြံများအားလုံးမှာ သူမ အတွက်မူ အလွန်အမင်း စွန့်စားနေရသလို ဖြစ်နေခဲ့ရ သည်။
လက်ရှိအချိန်တွင် သူမ၏ အသက်ပါမက တပည့် ဖြစ်သူ၏ အသက်ကိုပါ ထည့်တွက်၍ အလွဲအမှားမရှိ အောင် လုပ်ဆောင်ရမည် မဟုတ်ပါလား။
“မကြောက်နဲ့ ဒီလူတွေက အဝေးကိုပဲ အာရုံစိုက် နေကြတာ . . .”
ဝရမ်ချူးချူးမှ ဆက်၍ ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ သူတို့တွေက အဝေးကိုပဲ အာရုံ စိုက်လွန်းနေတော့ အနီးကို သတိပြုမိကြမှာ မဟုတ် ဘူး၊ ကျွန်မတို့ စွန့်စားရမယ်ဆိုပေမယ့် အသက်ရှင်ဖို့ အတွက်ဆိုရင် စွန့်စားသင့် စွန့်စားရမှာပဲ . . .”
ဝရမ်ချူးချူးမှ ပြတ်သားစွာဖြင့် ပြောလိုက်ပါတော့ သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now