1255--------1256

107 10 0
                                    

အခန်း (၁၂၅၅)(စာစဉ် ၉၀- အပိုင်း၉)
“ဧကရာဇ်၏ သဘောထား”
ထိုအခိုက်အတန့်တွင် လူတိုင်းမှာ လိဝူလျန်၏ အကြောင်း တွေးမိလိုက်ကြပြန်သည်။
လိဝူလျန်မှာ ရှောင်ဧကရာဇ်ထက်ပင် အရင် သေ ဆုံးသွားသူဖြစ်ပြီး လူတိုင်းကလည်း ထိုအတိုင်းသာ အတည်ပြုထားကြသည်။
သို့သော် ယခုအခါ လူတိုင်း၏ ရှေ့မှောက်၌ အား ပြည့်အင်ပြည့်ဖြင့်ပင် ထပ်မံပေါ်လာပြန်သည်။
ထိုသို့ဆိုပါက ရှောင်ဧကရာဇ် ပြန်ပေါ်လာသည့် ကိစ္စမှာလည်း လက်မခံနိုင်စရာ မရှိပေ။
ထိုသို့ဆိုသော်ငြား ရန်သူများမှာ လက်မခံနိုင်သေး ဘဲ မယုံနိုင်အောင်ပင် ဖြစ်နေကြသည်။
အကယ်၍ ရဲရှောင်သာ အသက်ရှင်နေဦးမည်လျှင် တိုက်ပွဲမှာ အခြေအနေမှာ သေချာပေါက်ပင် ပြောင်း လဲသွားနိုင်သည်။
ထို့ကြောင့် လူတိုင်းမှာအထိတ်တလန့်ဖြင့် ပြိုင်တူ ပင် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။
ထိုအခါ စူးရှလှသော ဓားအလင်းတန်း တစ်ခုမှာ ကောင်းကင်ထက်၌ ဝင်းခနဲ လင်းလက်သွားသည်ကို လူတိုင်း မြင်လိုက်ကြရသည်။
တစ်ချိန်တည်းမှာပင် ပေ ၃၀၀၀ ပတ်ချာလည်ရှိ သစ်ပင်ကြီးများ အားလုံးမှာ ပြတ်တောက်သွားပြီး ဦး တည်ချက် တစ်ဖက်တည်းသို့ လွင့်ထွက်သွားကုန်ကြ ၏။
စင်စစ် ဓားအလင်းတန်းမှာ မြေပြင်ပေါ်၌ ပိတ်ဆို့ နေသော သစ်ပင်များ အားလုံးကို ချိန်ရွယ်ဖယ်ရှား လိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် လူတစ်ရပ်စာခန့်သာ ရှိသော သစ်ငုတ် တိုများသာလျှင် မြေပြင်ပေါ်၌ ကျန်ရစ်ခဲ့တော့သည်။
ထိုအချိန် သစ်ပင်များ ရှင်းလင်းသွား၍ လူတိုင်းမှာ ရုတ်တရက် နေရောင်ကို မြင်တွေ့လိုက်ကြရသည်။
မယုံနိုင်အောင် အစွမ်းထက်လွန်းသော ဓားချက် က ရန်သူများကို ကြက်သီးများပင် ထသွားစေခဲ့သည်။
အကယ်၍ ထိုဓားချက်သာ သူတို့ကို ထိမှန်သွားပါ က အနည်းဆုံး အယောက် ၃၀ လောက်ပင် ခုတ်ပိုင်းခံ ရနိုင်သည် မဟုတ်ပါလား။
သို့သော် ဓားခုတ်ချက်ကို ပြုလုပ်လိုက်သော လူမှာ လူများကို ခုတ်ပိုင်းခြင်းမဟုတ်ဘဲ သစ်ပင်များကိုသာ ခုတ်ပိုင်းလိုက်ခြင်း ဖြစ်သည်။
ဤသည်က ခြိမ်းခြောက်မှု ပြုလိုက်ခြင်းပါလော။
သို့တည်းမဟုတ် ပညာပြလိုက်ခြင်းပါလော။
မည်သို့ပင်ဆိုစေကာမူ ယခု တိုက်ခိုက်မှုမှာ လူများ ၏ ရင်ထဲတွင် စွဲထင်သွားပြီဖြစ်၍ ၎င်းတို့၏ ဘဝတစ် လျှောက်လုံး မေ့ပျောက်နိုင်တော့မည် မဟုတ်ပေ။
ထို့ပြင် ထိုဓားတိုက်ခိုက်မှုတွင် အေးစက်သော လေပြင်းများ သာမက ရေခဲချီဓာတ်များလည်း ပါဝင် နေသည်။
ထိုအချိန်တွင် ကောင်းကင်ထက်မှ ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။
“ဆရာသမား . . .”
“မင်းအတွက် ငါလမ်းဖောက်ပေးပြီးသွားပြီ . . .”
ထိုအသံကြောင့် ဝတ်ရုံနက်နှင့် လူများမှာ မယုံနိုင် အောင် ဖြစ်သွားကြသည်။
(ဒီလို ဓားခုတ်ချက် လုပ်နိုင်တဲ့ လူကတောင် သူ့ရဲ့ ဆရာသမားအတွက် လမ်းရှင်းပေးတာ ဟုတ်လား)
(ဒါဆို သူ့ရဲ့ဆရာသမားက ဘယ်လောက်တောင် အစွမ်းထက်မလဲ၊ အဲဒီဆရာသမား ဆိုတဲ့လူက ဘယ် သူများလဲ . . .)
ထိုစဉ်မှာပင် ကောင်းကင်ထက်၌ ပုံရိပ်တစ်ခု ပေါ် လာ၏။
ထိုပုံရိပ် ပိုင်ရှင်မှာ ရိုးရှင်း၍ ဆွတ်ဆွတ်ဖြူသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
ထိုလူ၏ မျက်နှာမှာ ရေခဲလွှာကဲ့သို့‌ ချောမွေ့နေပြီး အပြစ်အနာဆာမရှိ ချောမောခန့်ညားလွန်းနေသည်။
ထို့ပြင် အေးစက်သော အငွေ့အသက်များနှင့်အတူ ကောင်းကင်ထက်၌ ရပ်နေသည့် ထိုလူ၏ အရှိန်အဝါ က နတ်ဘုရားတစ်ပါးအလားပင် ဖြစ်နေသည်။
စင်စစ် ထိုလူမှာ ကမ္ဘာပေါ်၌ နှစ်ယောက် မရှိနိုင် သော ရေခဲဓား ဟန်ပိုင်ယွဲ့ပင် ဖြစ်၏။
သို့သော် ဟန်ပိုင်ယွဲ့မှာ သူ၏ သရုပ်အမှန်ဖြင့် ပေါ် လာခြင်း မဟုတ်ဘဲ မျက်နှာကို ပြောင်းလဲမှု အနည်း ငယ် လုပ်ပြီးမှ ပေါ်လာခြင်း ဖြစ်သည်။
အကြောင်းမှာ ရဲနန်ရှန်က သူ့ကို ရဲမျိုးနွယ်၌ မြင် တွေ့ခဲ့ဖူးသည် မဟုတ်ပါလား။
ထို့ကြောင့် သူ့ကိုယ်သူ ပိုမို ချောမောခန့်ညားသည့် အသွင်မျိုးဖြစ်အောင် ပြုလုပ်ထားခြင်းပါပင်။
ထို့နောက် ဟန်ပိုင်ယွဲ့မှာ ဝတ်ရုံတလူလူဖြင့် မြေ ပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။
ထိုအချိန် ယွဲ့ရှောင်၊ ယွဲ့ဟန်၊ လိဝူလျန်နှင့် ကျန် လူများအားလုံးမှာ ဟန်ပိုင်ယွဲ့ ဆင်းသက်လာသည်ကို ငေးကြည့်နေကြလေသည်။
လိဝူလျန်နှင့် ညီမနှစ်ဦးမှာ ထိုသို့ဟန်ထုတ် အပို လုပ်ကာ ဆင်းသက်လာသော ဟန်ပိုင်ယွဲ့ကို ကြည့် ရင်း ဒေါသအကြီးအကျယ်ပင် ထွက်လျက်ရှိသည်။
(ဟန်ပိုင်ယွဲ့ မျိုးမစစ်ကောင် ကြည့်စမ်းပါဦး၊ ငါ တို့ကတော့ ဒီမှာသေလုမြောပါးဖြစ်ပြီး အားကုန်နေပြီ၊ သူကတော့ လာပြီး ဟိတ်ဟန်တခွဲသားနဲ့ လုပ်နေသေး တယ် . . .)
သုံးဦးသားမှာ ထိုသို့တွေးရင်း ဟန်ပိုင်ယွဲ့ထံ ပြေး ကာ ရိုက်နှက်ပစ်ချင်သည့် စိတ်များ တဖွားဖွားပင် ဖြစ် ပေါ်နေမိကြသည်။
(ကြည့်စမ်းပါဦး ကိုယ့်ကိုယ်ကိုယ် ချောတယ်လို့ ထင်နေတယ်ပေါ့ ဟုတ်လား၊ မင်းကိုယ်မင်း အလှဆုံး လို့ သရုပ်ဆောင်လိုက်စမ်းပါဦး၊ မင်းမျက်နှာကို ငါတို့ ထိုးလိုက်ရင် လှနိုင်ဦးမယ်လို့ ထင်လို့လား၊ တစ်ကိုယ် လုံးတောင် အညိုအမဲစွဲသွားဦးမယ် . . .)
ဟန်ပိုင်ယွဲ့ မြေပြင်ပေါ်သို့ ဆင်းသက်လာသည့် အချိန်မှာပင် ကောင်းကင်ထက်၌ လူတစ်ဦး ထပ်မံပေါ် လာပြန်သည်။
ထို့နောက် ထိုလူမှာ မြားတစ်စင်းအလား မြေပြင် ထက်သို့ အလွန်လျင်မြန်သော အရှိန်မျိုးဖြင့် ရောက်ရှိ လာလေသည်။
ထိုလူမှာ အသက် ၃၀ အရွယ်ခန့်ရှိပြီး ပိန်ပိန်ပါး ပါး ခန္ဓာကိုယ်၊ လေးထောင့်စပ်စပ် မျက်နှာမျိုးဖြင့် အေးစက်သော မျက်လုံးအစုံကို ပိုင်ဆိုင်ထားသည်။
ဟန်ပိုင်ယွဲ့လောက် ချောမော ခန့်ညားခြင်းမရှိ သော်ငြား အရှိန်အဝါပိုင်းတွင်မူ ထိုလူမှာ ဟန်ပိုင်ယွဲ့ ထက် သာလွန်နေသည်။
မည်မျှထိဆိုလျှင် စကြာဝဠာအတွင်းမှ ဘုရင်တစ် ပါး သက်ဆင်းလာသလို၊ လူတိုင်းမှာ သူ၏ အမိန့်ကို အလိုလို နာခံလိုစိတ် ဖြစ်သည်အထိ အရှိန်အဝါမှာ ကြီးမားနေခြင်း ဖြစ်သည်။
ထိုလူမှာ လက်နောက်ပစ်လျက်ဖြင့် ဝတ်ရုံနက်နှင့် လူများကို ကြည့်လိုက်ကာ -
“သတ္တိမရှိတဲ့ လူပေါင်း ၁၆၀၊ မင်းတို့အားလုံး ဒီနေ့ ဒီထဲက ထွက်သွားခွင့် မရစေရဘူး . . .”
လူတိုင်းမှာ ခပ်ပြတ်ပြတ်ပင် ပြောလိုက်သော ထို လူအား ကြည့်ရင်း ထိတ်လန့်သွားကြလေသည်။
အချို့ဆိုလျှင် ဒူးများပင် တဆတ်ဆတ် တုန်နေကြ ပါသေးသည်။
“ရှောင် ရှောင်ဧကရာဇ် ရဲရှောင်ပါလား . . .”
“သူပဲ ဟုတ်တယ် ဒါအမှန်ပဲ . . .”
“ဘာလို့ သူက အသက်ရှင်နေရသေးတာလဲ မဖြစ် နိုင်လိုက်တာ . . .”
ဝတ်ရုံနက်ဝတ် လူများမှာ နေ့ခင်းကြောင်တောင် အိပ်မက်ဆိုး မက်နေသလိုပင် ခံစားလိုက်ရသည်။
(ဘယ်လိုဖြစ်ရတာလဲ . . .)
(ဒီနေ့က ဘယ်လို နေ့မျိုးလဲ . . .)
အုပ်စုနှစ်စုမှ လူများမှာ ရုတ်တရက် သူတို့ကိုယ်သူ တို့ သေဆုံးရတော့မလိုပင် ခံစားနေရသည်။
တိုက်ပွဲအစ၌ ညီအစ်မနှစ်ဦးကို အနိုင်ယူနိုင်တော့ မည့်ဆဲဆဲမှာပင် သေဆုံးခဲ့သည်မှာ ကြာပြီဖြစ်သော မရဏဓား လိဝူလျန်မှာ ယခင်ထက် သာလွန်သော အစွမ်းများဖြင့် ပေါ်လာခဲ့သည်။
သို့သော် ဤသည်မှာ အဆုံးသတ် မဟုတ်သေး။
လိဝူလျန်နှင့် မိန်းကလေးနှစ်ဦး ပူးပေါင်းတိုက်ခိုက် သည့်တိုင် ရန်သူများကို အပြတ်မရှင်းနိုင်သေးဘဲ ဖြစ် နေရသည်။
အကယ်၍ ရန်သူများအနေဖြင့် ထိုအခြေအနေ တွင် ဆက်တိုက်ခိုက်နိုင်ပါက သေချာပေါက်ပင် အနိုင် ရနိုင်မည်သာ။
သို့သော် လိဝူလျန်နှင့် မိန်းကလေးနှစ်ဦး အားအင် ကုန်ခမ်းတော့မည့် အချိန်မှာပင် ပိုမိုအစွမ်းထက်သော လူများ ရောက်လာကြပြန်သည်။
ပထမဦးစွာ ရေခဲဓား ဟန်ပိုင်ယွဲ့ ရောက်ရှိလာပြီး အံ့ဩဖွယ်ကောင်းသော ဓားတိုက်ခိုက်မှုမျိုးဖြင့် သစ် ပင်များကို ခုတ်ပိုင်းခဲ့သည်။
ဟန်ပိုင်ယွဲ့ ထိုသို့ ပေါ်လာသည်အထိ လက်ခံနိုင် ၍ ရသော်လည်း ရှောင်ဧကရာဇ်ပါ ထပ်မံ ရောက်လာ ချိန်တွင်မူ ရန်သူများမှာ ပိုမို၍ တုန်လှုပ်ခဲ့ရသည်။
ဂိုဏ်းသုံးခု၏ ရှေ့မှောက်တွင် ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီး၍ သေဆုံးသွားခဲ့သော ရှောင်ဧကရာဇ်မှာ မည် သို့ ရောက်ရှိလာပါသနည်း။
(ဘယ်လိုဖြစ်ရတာလဲ . . .)
(ဒါဆို ဧကရာဇ် တံဆိပ်ပြားက ရှောင်ဧကရာဇ် ကိုယ်တိုင် ပစ်လိုက်တာပေါ့ . . .)
လိဝူလျန်၏ သေဆုံးခြင်းမှာမူ ချောက်ထဲသို့ ပြုတ် ကျသွားသည့်တိုင် အလောင်းကိုမူ မည်သူမှ မျက်စိဖြင့် အတပ် မမြင်ခဲ့ကြပေ။
ထို့ကြောင့် ချောက်ကမ်းပါးအောက်၌ ကံကောင်း ထောက်မစွာဖြင့် အသက်ရှင်လာပြီး သိုင်းလောကထဲ ပြန်ဝင်လာခြင်းမှာ ကျိုးကြောင်းဆီလျော်မှု ရှိပေသေး သည်။
တောင်အောက်သို့ ပြုတ်ကျပြီး ကျင့်စဉ်များ၊ ရှား ပါးရတနာများ ရရှိကာ ပိုမို၍ အစွမ်းထက်သွားသည် ဆိုသည့် ပုံပြင်ဇာတ်လမ်းများလည်း ရှိဖူးသည် မဟုတ် ပါလား။
သို့သော် ရှောင်ဧကရာဇ်မှာမူ ထိုပုံပြင်ဇာတ်လမ်း များကဲ့သို့ မဟုတ်။
ဂိုဏ်းသုံးခု၏ ပြင်းထန်လှသော တိုက်ခိုက်မှုများ ကို ခံခဲ့ရပြီး ခန္ဓာကိုယ် တစစီဖြစ်ခဲ့ရုံမက စိတ်ဝိညာဉ် ပင် ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။
ထိုကဲ့သို့ အဆိုးရွားဆုံးနည်းဖြင့် သေဆုံးခဲ့ရသော လူမှာ အသက်ရှင်လျက်ဖြင့် တဖန်ပြန်လည် ရောက်ရှိ လာခဲ့သည်။
ဤသည်မှာ မဖြစ်နိုင်စရာ ကောင်းလွန်းနေသည် မဟုတ်ပါလား။
“မင်းက ရဲရှောင်လား . . .”
“မင်းက ရှောင်ဧကရာဇ်လား . . .”
ရန်သူခေါင်းဆောင်မှ ထိတ်လန့်နေသော ဟန်ဖြင့် မေးလိုက်သည်။
“မဖြစ်နိုင်လိုက်တာ မဖြစ်နိုင်ဘူး . . .”
“ငါတို့ပညာရှင်တွေရဲ့ တိုက်ခိုက်မှုအောက်မှာ မင်း ပေါက်ကွဲသွားတာကို ငါမြင်ခဲ့တယ်လေ၊ မင်းရဲ့ ခန္ဓာ ကိုယ်ရော မင်းရဲ့စိတ်ဝိညာဉ်ရော သေဆုံးသွားခဲ့တာ၊ အခုက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ . . .”
ရဲရှောင်မှ ခပ်ထေ့ထေ့ ပြုံးလိုက်ရင်း -
“အဲဒါမင်းတို့ ကန်းနေလို့ပေါ့ . . .”
ခပ်ပြတ်ပြတ်ပင် ပြန်ပြောလိုက်သော ရဲရှောင်၏ စကားကြောင့် ရန်သူများမှာ ဘာပြန်ပြောရမှန်း မသိ အောင် ဖြစ်သွားကြသည်။
(မင်းတို့ ကန်းနေလို့သာ မင်းတို့ မမြင်ကြတာပေါ့၊ အခု ငါကမင်းတို့ အရှေ့ကို ရောက်နေပြီလေ . . .)
“အစ်ကိုကြီး . . .”
ညီအစ်မနှစ်ဦးမှာ ဝမ်းသာအားရဖြင့်ပင် လှမ်းခေါ် လိုက်ကြသည်။
(ဒါငါတို့ အစ်ကိုကြီးရဲ့ မျက်နှာပဲ၊ ကြည့်စမ်းပါဦး လွန်ခဲ့တဲ့ နှစ်တွေတုန်းက တောင်းရမ်းစားသောက်ရ တဲ့ဘဝနဲ့ရှိခဲ့တဲ့ အစ်ကိုကြီးရဲ့ပုံစံကို ငါကောင်းကောင်း မှတ်မိနေသေးတယ် . . .)
(ဝန်ခံရမယ့် အချက်က အစ်ကိုကြီးရဲ့ မျက်နှာ အ စစ်အမှန်က သခင်လေး ရဲရှောင်ရဲ့ မျက်နှာထက် အ များ ကြီးဆိုးရွားတယ်ဆိုတာကိုပဲ . . .)
(တစ်ယောက်က မြေကြီးဆိုရင် တစ်ယောက်က ကောင်းကင် အဲဒီလောက်ကို ဆိုးရွားတာ . . .)
လူငယ်လေး ရဲရှောင်မှာ အလွန်တရာ ချောမော ခန့်ညားလှသော်လည်း ရှောင်ဧကရာဇ်မှာမူ သာမန် ရုပ်ရည်မျိုးသာ ရှိသူတစ်ဦး ဖြစ်သည်။
အကျဉ်းချုပ်ရလျှင် သခင်လေး ရဲရှောင်၏ ရုပ်ရည် နှင့် ဘာဆိုဘာမှ မဆိုင်သလို ဖြစ်နေလေသည်။
မိန်းကလေးနှစ်ဦးမှာ အစ်ကိုဖြစ်သူကို ကြည့်ရင်း သက်ပြင်းသာ ချနေမိကြသည်။
(သခင်လေးရဲရှောင်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်စားတာ ကံကောင်းလို့ပေါ့ မဟုတ်ရင် ဒီလိုရုပ်ရည်မျိုးနဲ့ မိန်းမ တောင် ရမှာမဟုတ်ဘူး၊ ကျွင့်ယင်းလျန်ဖြင့် ဘာကို ကြည့်ပြီး သဘောကျမှန်း မသိခဲ့ဘူး . . .)
(ငါတို့တွေရဲ့ ယောင်းမဘဝကတော့ တော်တော် ကို ခက်ခဲမှာပဲ၊ သူက ငါတို့အစ်ကိုကြီး ဒီလိုရုပ်ရည်မျိုး ဖြစ်ခဲ့တာတောင် ချစ်ခဲ့သေးတယ် . . .)
ထိုအချိန် ဝတ်ရုံနက်ဝတ် လူများမှာလည်း ကိုယ်စီ ကိုယ်စီ အပြန်အလှန် ကြည့်လိုက်ကြသည်။
ထို့နောက် ခေါင်းဆောင်ဖြစ်သူမှ -
“ရှောင်ဧကရာဇ်က ဒီလို လူကိုယ်တိုင် ပေါ်လာပြီ ဆိုမှတော့ ငါတို့တွေ လက်လျှော့ဖို့ပဲ ရှိတာပေါ့၊ ပြန် ဆုတ်ကြမယ် . . .”
ခေါင်းဆောင်ဖြစ်သူ ကိုယ်တိုင်မှ ထိုသို့ ပြောလာပြီ ဖြစ်၍ ကျန်လူ ၁၀၀ ကျော်မှာလည်း ချက်ချင်းပင် ပြန် လှည့်ရန် ဟန်ပြင်လိုက်ကြသည်။
ထိုလူများမှာ နောက်ထပ် အကြံအစည်များ ထပ်မံ ကြံစည်ရန်အတွက် ထွက်ခွာသွားကြမည့် ပုံပါပင်။
ထို့ပြင် ရန်သူ ခေါင်းဆောင်ကို အမြင်စူးရှသူဟုပင် ဆိုရပေမည်။
လိဝူလျန်နှင့် မိန်းကလေးနှစ်ဦးကို အနိုင်ယူရန်မှာ သူတို့၏ လူ ၃၅ ရာခိုင်နှုန်းလောက်ကို ဆုံးရှုံးခံလိုက် လျှင် ဖြစ်နိုင်သော်လည်း ရှောင်ဧကရာဇ် ပေါ်လာချိန် တွင်မူ ထိုသို့ မဖြစ်နိုင်တော့ချေ။
ထို့ပြင် ရှောင်ဧကရာဇ်နှင့်အတူ ဟန်ပိုင်ယွဲ့လည်း ပါလာပါသေးသည်။
ထို့ကြောင့် သူတို့နှစ်ဦး ပေါင်းလိုက်လျှင် လိဝူလျန် နှင့် မိန်းကလေးနှစ်ဦး ပေါင်းသည်ထက်ပင် ပို၍ အင် အားကြီးနိုင်သည်။
ဟန်ပိုင်ယွဲ့၏ ပထမဆုံး တိုက်ခိုက်ချက်ကို အား လုံး မျက်မြင်ကြုံတွေ့လိုက်ရသည် မဟုတ်ပါလား။
တစ်နည်းအားဖြင့် ဟန်ပိုင်ယွဲ့မှာ အနည်းဆုံး လိဝူ လျန်နှင့် အဆင့်တူလောက် ရှိပေလိမ့်မည်။
အကယ်၍ ရှောင်ဧကရာဇ်မှာ ဟန်ပိုင်ယွဲ့ထက် ပို အစွမ်းထက် နေမည်ဆိုပါက ဝတ်ရုံနက်ဝတ် လူများ မှာ တိုက်ပွဲတွင် မည်သို့မှ အသာစီးရနိုင်လိမ့်မည် မဟုတ်ပါ။
ထို့ပြင် ရှောင်ဧကရာဇ် ပါမကလိဝူလျန်မှာလည်း တိုက်ပွဲတွင် အပြင်းထန်ဆုံးတိုက်ခိုက်လာနိုင်ပြီး အမွှာ ညီအစ်မနှစ်ဦးမှာလည်း သူမတို့၏ ကျင့်စဉ် နည်းစနစ် များဖြင့် တရပ်စပ် တိုက်ခိုက်လာနိုင်သည်။
ထို့အတူ ရေခဲဓား ဟန်ပိုင်ယွဲ့မှာလည်း ထူးချွန် ပြောင်မြောက်သော ဓားခုတ်ချက်များကို ပြုလုပ်လာ လာနိုင်သည်။
ထို့ကြောင့် အားလုံးပေါင်းလိုက်လျှင် ထိုလူများ၏ အင်အားက ကြောက်မက်ဖွယ်ကောင်းလွန်းနေသည်။
ထိုသို့သော အခြေအနေမျိုးကို သိလျက် ရန်သူများ မှာ ဆက်တိုက်ခိုက်လျှင် ပိုးဖလံမျိုး မီးကိုတိုးသည့် အဖြစ်မျိုးသာ ဖြစ်နေလိမ့်မည်။
အသက်ကို စတေး၍ တိုက်ခိုက်ကြလျှင်ပင် သူတို့ ဘက်မှ အားနည်းချက် တစ်ခါနှစ်ခါ လုပ်မိမည်ဆိုပါက အားလုံး အသတ်ခံရမည်မှာ မလွဲဧကန်ပင်။
ထို့ကြောင့် ရန်သူခေါင်းဆောင်မှာ နောက်ဆုတ်ရန် ဆုံးဖြတ်ချက် ချလိုက်ရခြင်းပါပင်။
“နောက်ဆုတ်မယ် ဟုတ်လား . . .”
ရဲရှောင်မှ ရဲနန်ရှန်နှင့် မိန်းကလေးနှစ်ဦး ဒဏ်ရာ အပြင်းအထန် ရထားသည်ကို ကြည့်ရင်း ရေရွတ်လိုက် သည်။
သူ၏ စိတ်ထဲ၌လည်း ဒေါသမီးများက ချုပ်ထိန်း မရအောင် ဖြစ်လာခဲ့သည်။
(မင်းတို့က ငါ့ရဲ့ ညီမတွေကို နာကျင်အောင် လုပ် တယ်၊ ငါ့ရဲ့ မိဘတွေနဲ့ ငါ့ရဲ့ ညီအစ်ကိုကိုလည်း နာ ကျင်အောင် လုပ်တယ်၊ မင်းတို့ကောင်တွေက ဒီလိုမျိုး သေလုမြောပါး ဖြစ်အောင် လုပ်ပြီးမှ ထွက်သွားကြ တော့မယ်ပေါ့၊ ငါ့ကို ဘယ်သူများ ထင်နေလဲ . . .)
(မင်းတို့တွေ လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်နေ တာလား . . .)
“မင်းတို့ သွားလို့ရတယ်လို့ ငါကပြောလို့လား . . .”
ရဲရှောင်မှ အေးစက်စက်ဖြင့် ပြောလိုက်သည်။
“ဘာလဲ ရှောင်ဧကရာဇ် ငါ့လူတွေ အားလုံးကို မင်း နဲ့အတူတူ ရှိစေချင်တာလား . . .”
ရန်သူခေါင်းဆောင်မှာ ခနဲ့တဲ့တဲ့ ပြန်ပြောလိုက် သည်။
“ရှောင်ဧကရာဇ် မင်းက တိုက်ခိုက်တဲ့နေရာမှာ ထူးချွန်တယ် ဆိုတာကို ငါသိပါတယ်၊ မင်းမှာ မယုံနိုင် လောက်တဲ့ စွမ်းအားတွေ ရှိတယ်ဆိုတာကိုလည်း ငါ သိတယ် . . .”
“မင်းလိုလူမျိုးနဲ့ မျက်နှာချင်းဆိုင်တိုက်ရင် ငါတို့ တွေ ရှုံးမှာ သေချာတယ်၊ တိုက်ရင်းနဲ့တောင် သေသွား နိုင်တယ် ဒါပေမယ့် ငါတို့အခု ဒီနေရာကနေ ထွက်ပြေး ဖို့ဆိုတာတော့ မခက်ခဲဘူးလို့ ငါယုံကြည်တယ် မင်း ရောဘယ်လိုထင်လဲ . . .”
“ငါတို့တွေကို ဒီမှာ ရှိနေစေချင်ရင်တော့ ကြိုးစား ကြည့်လိုက်ပေါ့ ရှောင်ဧကရာဇ် . . .”
ရန်သူခေါင်းဆောင်မှာ ထီမထင်ဟန် မျက်နှာထား မျိုးဖြင့် ပြောလိုက်သည်။
“ဘာတွေဆက်ဖြစ်မလဲတော့ မသိဘူး ဒါပေမယ့် သေချာတဲ့ တစ်ချက်တော့ ရှိတယ်၊ ငါ့လူတွေက သူတို့ ရဲ့ အသက်ကို မငဲ့ဘဲ အစွမ်းကုန် တိုက်ခိုက်ကြမယ်ဆို ရင် အနည်းဆုံးတော့ ငါတို့မသေခင် မင်းတို့ဘက်က နှစ်ယောက်လောက်ကို အပါခေါ်သွားနိုင်လိမ့်မယ်၊ အဲ ဒါကိုတော့ ငါလုံးဝ ယုံကြည်တယ် . . .”
“အထူးသဖြင့် မင်းတို့ အသည်းအသန် ကာကွယ် နေတဲ့ လူ ၄ ယောက်ပေါ့ သူတို့တွေက ငါတို့နဲ့အတူ သေရလိမ့်မယ် သေချာပေါက်ပဲ . . .”
“အဲဒါဆို မင်းဘာဆက်လုပ်မလဲ မင်းနည်းနည်း တော့ ဒုတိယအကြိမ် ပြန်စဉ်းစားရင် ကောင်းမယ်ထင် တယ်၊ ငါပြောတာ မှန်တယ် မဟုတ်လား . . .”
ထိုလူ၏ အသံကခနဲ့တဲ့တဲ့လေသံမျိုး ဖြစ်နေသော် လည်း အမှန်တိုင်း ပြောနေခြင်းသာ ဖြစ်သည်။
ရဲရှောင်နှင့် ဟန်ပိုင်ယွဲ့တို့ ပေါ်လာသည့်အချိန် အခြေအနေများမှာ ပြောင်းလဲသွားသည် ဆိုသော်ငြား ရဲရှောင်တို့ဘက်မှ သေချာပေါက် အနိုင်ရမည်မျိုးတော့ မဟုတ်ပေ။
အကယ်၍ ရန်သူများဘက်မှ အသေအကျေ တိုက် ခိုက်လာပါက အနည်းဆုံးမူ ရဲရှောင်တို့ဘက်မှ လူ တစ် ယောက်၊ နှစ်ယောက်ကို သေအောင်သတ်သွားနိုင်မည် မှာ အသေအချာပင်။
ထိုလူများမှာလည်း မူလတာအို အဆင့်ကိုး ပညာ ရှင်များ ဖြစ်ကြပြီး ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန်တို့ထက်ပင် အစွမ်းထက်ကြသည် မဟုတ်ပါလား။
ထို့ကြောင့် ထိုကဲ့သို့သော လူ ၁၀၀ ကျော်ကို မိမိ တို့ဘက်မှ မထိမခိုက်ဘဲ သတ်ဖြတ်နိုင်ရန်မှာ မဖြစ်နိုင် သလောက်ပင် ရှိနေပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now