1459-----1460

54 0 0
                                    

အခန်း (၁၄၅၉ - က)(စာစဉ် ၁၀၉- အပိုင်း ၉)
“အိပ်မက်ပျက်သုဉ်းခြင်းနယ်မြေ”
အရှေ့ကောင်းကင်ဆိုသည်မှာ မည်သည့်အရာပါနည်း။
ထိုမေးခွန်းကို ဖြေဆိုရန်မှာ မခက်ခဲသော်လည်း မေးရန်မသင့်သည့် မေးခွန်းမျိုးပါပင်။
“ကောင်းကင်ဘုံအထက် လူသားနယ်ပယ်မှာ ဧရိယာ ၅ ခုရှိတယ် . . .”
“အရှေ့၊ အနောက်၊ တောင်မြောက်နဲ့ ဖန်သားကောင်းကင်တို့ပေါ့ . . .”
ဆိုင်ရှင်လူဝကြီးမှ ရဲရှောင်အား သင်ခန်းစာပို့ချနေသည့်ဟန်မျိုးဖြင့် ပြောလိုက်၏။
“အရှေ့၊ အနောက်၊ တောင်မြောက်နဲ့ ဖန်သားနန်းတော်တို့ဆိုတာ အရှေ့ကောင်းကင်၊ အနောက်ကောင်း ကင်၊ တောင်ကောင်းကင်၊ မြောက်ကောင်းကင်နဲ့ ဖန်သားနန်းတော်တို့ပဲ . . .”
“အခုငါတို့ရှိနေတဲ့နေရာကတော့ အရှေ့ကောင်းကင်ရဲ့ အရှေ့ဘက်အကျဆုံး မြို့ငယ်လေးတစ်မြို့ပေါ့၊ ဒီလို နေရာမျိုးမှာ လူစွမ်းကောင်းတွေမရှိကြဘူး၊ ပြောရရင် အရှေ့ကောင်းကင်ရဲ့ စွန့်ပစ်ခံမြို့လေးတစ်မြို့ပဲ ဘယ်သူမှ သဘောမကျတဲ့မြို့ပေါ့ . . .”
ရဲရှောင်မှ ခေါင်းညိတ်လိုက်ပြီး -
“ကျုပ်သိပြီ ဒါပေမယ့် ဘာလို့  ၅ ခုပဲရှိတာလဲ . . .”
“ဘာလို့ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်မှာ ဒီဧရိယာ ၅ ခုပဲရှိရတာလဲ ဆိုလိုတာက ဒါကကမ္ဘာကြီး တစ်ခုပဲလေ မဟုတ်ဘူးလား . . .”
(ကောင်းကင်ကြီးဆိုတာတော့ တစ်ခုပဲရှိတာပေါ့ ဒါကိုလူတိုင်းသိတယ်၊ ထိပ်သီးပညာရှင်တွေလို့ ပြောကြတဲ့ အစွမ်းထက်ဆုံးလူတွေကလည်း ကောင်းကင်ကြီးကို ၅  ပိုင်းပိုင်းခဲ့တာပဲ မဟုတ်လား . . .)
လူဝကြီးက ထိုကဲ့သို့ တွေးတောနေမိသော်လည်း ထုတ်ဖော်ပြောဆိုခြင်းမူ မရှိချေ။
“လူတွေက အဲဒီလိုကောင်းကင် ၅ ခုကို ဧရိယာ ၅ ခုအဖြစ် ခေါ်ဆိုကြတာပဲလေ . . .”
“အင်း . . . နေရာလွတ်နေတာတွေတော့ရှိတယ် ဒါပေမယ့် အဲဒါတွေက ဧရိယာ ၅ ခုထဲမှာ မပါဘူး . . .”
“ရှေးဟောင်းမှတ်တမ်းတွေအရတော့ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်မှာ အရင်တုန်းက အုပ်စိုးသူ ၉ ပါးရှိခဲ့တယ်၊ အခုငါတို့မှာ ၅ ပါးပဲရှိတယ်လေ၊ အရာအားလုံး မျှခြေဖြစ်ဖို့ဆိုရင် အုပ်စိုးသူ ၄ ပါးထပ်လိုနေတာပေါ့”
“ဒါပေမယ့် နှစ်ပေါင်းများစွာကြာတာတောင် ဘယ်သူမှ ထပ်ပေါ်မလာခဲ့ဘူး၊ အဲဒါကြောင့် အဲဒီနေရာလွတ် တွေက နောက်ဆုံးမှာ ပညာရှင်တွေ လေ့ကျင့်တဲ့နေရာတွေ ဖြစ်သွားကြတော့တာ၊ အဲဒီနေရာတွေကို ဘယ်သူမှ လည်း ထိန်းချုပ်နိုင်ခွင့်မရှိတော့ဘူးလေ . . .”
ဆိုင်ရှင်မှ သူ၏ကမ္ဘာအကြောင်းကို အားတက်သရောပြောပြနေလေသည်။
“အင်း . . . အဲဒီလိုနေရာတွေရှိသေးတယ်ပေါ့ . . .”
ရဲရှောင်မှ ခေါင်းညိတ်ရင်း ရေရွတ်လိုက်မိသည်။
“အဲဒီနေရာတွေကို သွားလေ့ကျင့်ရင်ကောင်းမယ်ထင်တယ်၊ ကျုပ်လည်း တစ်နေ့နေ့တစ်ချိန်ချိန်မှာ အုပ်စိုး သူတစ်ပါး ဖြစ်လာနိုင်တာပဲမဟုတ်လား . . .”
ဆိုင်ရှင်မှာ ထပ်၍မပြောဝံ့တော့။
နှုတ်သာဆိတ်သွားတော့၏။
(မဖြစ်ဘူး . . . ဒါတွေကို လျှောက်ပြောနေလို့မဖြစ်ဘူး . . .)
(ဒီလို သတိလက်လွတ်စကားတစ်ခွန်းက မင်းအသက်ကိုတောင်ပါသွားစေနိုင်တယ် . . .)
“ဒါနဲ့ကျုပ်မေးခွန်းတစ်ခုလောက် မေးပါရစေဦး၊ ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်အဆင့်ရောက်ပြီလဲ”
ရဲရှောင်မှ ဆိုင်ရှင်အားကြည့်ရင်း မေးလိုက်၏။
“ငါကအခုမှ မူလလျှို့ဝှက်အဆင့်ခုနှစ်ပဲရှိပါသေးတယ် . . .”
ဆိုင်ရှင်ဖြစ်သူမှ ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
“ဪ . . .”
ရဲရှောင်လည်း ခေါင်းညိတ်လိုက်ပြီးနောက် အဆင့်များအကြောင်းထပ်မေးလိုက်လေသည်။
“ . . .”
နောက်ဆုံးတွင် ရဲရှောင်လည်း ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ရှိ အဆင့်များအကြောင်းကို သိခွင့် ရသွားတော့သည်။
မူလတာအိုအဆင့်အထက် ကောင်းကင်ဘုံအထက် လူသားနယ်ပယ်တွင် အဆင့်များရှိနေသေးသည်။
မူလလျှို့ဝှက်အဆင့်၊ မူလနတ်သမီးအဆင့်၊ မူလနတ်ဘုရားအဆင့်နှင့် မူလသူတောင်စင်အဆင့်တို့ဖြစ်၏။
မူလသူတော်စင်အဆင့်အထက်တွင်မူ ကမ္ဘာကြီးကိုအုပ်စိုးသည့် အုပ်စိုးသူများ၏ အဆင့်ဖြစ်သော ဝိညာဉ် အဆင့်တစ်ဟူသော အဆင့်ရှိနေသည်။
“မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ မူလလျှို့ဝှက်အဆင့်ခြောက်ကိုတောင် ရောက်နေတာ အထင်ကြီးစရာပဲ . . .”
ဆိုင်ရှင်မှ ရဲရှောင်အား မည်သို့မြှောက်ပင့်ပြောဆိုရမှန်းကိုမသိ၍ ထိုသို့သာ ပြောဆိုလိုက်၏။
ရဲရှောင်လည်း မျက်နှာပျက်သွားပြီး -
“အဲဒါတွေထည့်မပြောပါနဲ့ဗျာ ကျုပ်က ကျင့်ကြံမှုပိုင်းမှာ တော်တော်ကို နောက်ကျနေတာ၊ ကျုပ်မိသားစုထဲ မှာဆိုရင် မရေမတွက်နိုင်အောင်ကို အရိုက်ခံခဲ့ရတာ၊ သူတို့က ကျုပ်ကို ပါရမီပါတဲ့လူတစ်ယောက်လို့ ပြောပေမယ့် ကျုပ်က ကျင့်ကြံမှုတွေလုပ်ရတာကို မကြိုက်ဘူး၊ ကျုပ်လည်း ဘာမှမတတ်နိုင်ဘူးလေ . . .”
ရဲရှောင်စကားကြောင့် ဆိုင်ရှင်ဖြစ်သူမှာ ခေါင်းသာညိတ်လိုက်တော့သည်။
(မင်းမှာ ကျောထောက်နောက်ခံကောင်းကောင်းရှိနေတာပဲ၊ မင်းသာပိုပြီးကြိုးစားမယ်ဆိုရင် မင်းရဲ့ခန္ဓာ ကိုယ်အနေအထားနဲ့ ဒီထက်ပိုပြီးတော့တောင် အင်အားကြီးသွားမှာပဲ . . .)
“ငါမင်းကို တစ်ခုလောက်မေးပါရစေ . . . မင်းအသက်ဘယ်လောက်ရှိပြီလဲ . . .”
ဆိုင်ရှင်ဖြစ်သူမှ ရဲရှောင်အားကြည့်ကာ မေးလိုက်၏။
“ကျုပ်ဘဝရဲ့ အလဟဿဖြစ်ခဲ့တဲ့အချိန်တွေအကြောင်းတွေကို မပြောချင်ပါဘူး . . .”
“ကျုပ်က ၁၉ နှစ်ရှိပြီလေ . . .”
ရဲရှောင်မှ အရက်တစ်ငုံသောက်ရင်း ပြောလိုက်သည်။
“၁၉ နှစ်တောင် အလဟဿဖြစ်ခဲ့ရတယ်၊ အချိန်တွေကအကြာကြီးဆိုပေမယ့် အဓိပ္ပာယ်မရှိခဲ့ပါဘူး . . .”
“၁၉ နှစ်ဟုတ်လား၊ အဓိပ္ပာယ်မရှိခဲ့ဘူး အချိန်ကအကြာကြီးပေါ့လေ ဟုတ်လား . . .”
ဆိုင်ရှင်မှ မျက်လုံးပြူးမျက်ဆံပြူးဖြင့် ရေရွတ်လိုက်၏။
“မင်းက ၁၉ နှစ်ပေါ့၊ ၁၉ နှစ်ဆိုတဲ့အချိန်က မင်းအတွက်အကြာကြီးဖြစ်ပြီး အဓိပ္ပာယ်မရှိဘူးလို့ ပြောခဲ့တယ် ပေါ့၊ ဘယ်လိုများဖြစ်ရတာလဲ . . .”
“ဟုတ်တယ် . . . ကျုပ်က ၁၉ နှစ်လုံးလုံး အချိန်ဖြုန်းခဲ့တယ်လေ . . .”
“လွန်ခဲ့တဲ့ ၁၉ နှစ်လုံးလုံးကို ကျုပ်က အချိန်တွေဖြုန်းခဲ့မိတာ . . .”
ရဲရှောင်မှ ခဏမျှစဉ်းစားလိုက်ဟန်ဖြင့် စကားတန့်လိုက်သည်။
ထို့နောက်မှ -
“ကျင့်ကြံမှုအပေါ်မှာ အားစိုက်လိုက်တာဆိုလို့ ၁ နှစ်တောင်မရှိလောက်ဘူးထင်တယ် . . .”
“ကောင်းပြီ . . . အဲဒါဆိုရင် မင်းဒီလောက်အချိန်တိုတိုလေးအတွင်းမှာ ဘယ်လိုဖြစ်လို့ ဒီလောက်အဆင့်ထိ ရောက်လာရတာလဲ . . .”
ဆိုင်ရှင်ဖြစ်သူမှ မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။
“ခင်ဗျား ဘာကိုဆိုလိုချင်တာလဲ . . .”
“အင်း . . . ကျုပ်အထင်တော့ ဆေးတွေကြောင့်ဖြစ်မယ်ထင်တယ် . . .”
ရဲရှောင်မှ မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။
“သူတို့က ကျုပ်ကို အဲဒီဆေးတွေပဲစားဖို့ အတင်းတိုက်တွန်းခဲ့တာလေ . . .”
“သေလိုက်ပါတော့ဗျာ ကျုပ်ဒီကိုမလာခင် နှစ်ဝက်လောက်လုံးလုံး အဲဒီအရာတွေကိုပဲ နေ့တိုင်းစားခဲ့ရတာ၊ ဒါတွေက ကျင့်ကြံမှုမှာ တန်ဖိုးရှိတဲ့ပစ္စည်းတွေလို့ သူတို့က ပြောခဲ့သေးတယ် အဲဒီတော့ရောဘာလုပ်ရမှာလဲ . . .”
“ဆေးတွေကြောင့် ကျုပ်အစာအိမ်တွေ၊ အူတွေတောင် ဆေးအရောင်ပြောင်းနေပြီထင်တယ်၊ ခင်ဗျားက ခင်ဗျားရဲ့ ပေါင်မုန့်မီးကင်တွေကို အသုံးမဝင်ဘူးလို့ ထင်နေတယ်မလား ဒါပေမယ့် ကျုပ်ပြောတာကို ယုံလိုက် ခင်ဗျားသာ အသီးတွေ၊ အမြစ်တွေ၊ ဆေးတွေကို ကျုပ်လို တောက်လျှောက်စားနေရမယ်ဆိုရင် ခင်ဗျားပေါင်မုန့်တွေ ကို ခင်ဗျားပြန်ပြီး လွမ်းဆွတ်နေလိမ့်မယ် . . .”
ရဲရှောင်ပြောသည်မှာလည်း အမှန်ပင်ဖြစ်၏။
ပြီးခဲ့သောနေ့ဝက်အတွင်း တန်ဖိုးရှိသောဆေးပစ္စည်းများကိုသာ နေ့စဉ်နှင့်အမျှ သူစားသုံးခဲ့ရသည်။
ထိုအရာများမှာ ချင်းရန်နယ်ပယ်တွင် ရတနာတစ်ပါးကဲ့သို့ဖြစ်သော်လည်း ယခုကမ္ဘာတွင်မူ ဘာဆိုဘာမှ အဖိုးမတန်ချေ။
အစောပိုင်းက သူပေးခဲ့သည့် သစ်ကြမ်းပိုးအသီးကိုကြည့်လျှင် သိသာနိုင်သည် မဟုတ်ပါလား။
ထို့ကြောင့် ရဲရှောင်ပြောခဲ့သည်က အမှန်တရားများပါပင်။
ဆိုင်ရှင်ဖြစ်သူမှာမူ ရဲရှောင်စကားကြောင့် မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားလေသည်။
ထို့အတူ ရင်ထဲ၌လည်း မြင်းများကဆုန်ပေါက်ပြေးလွှားနေသည့်အလား တဒိတ်ဒိတ်ပင် တုန်ယင်နေပြန် သည်။
(ဘုရား . . . ဘုရား . . .)
(မင်းက ဆေးပစ္စည်းတွေကို နေ့စဉ်နဲ့အမျှ စားခဲ့တယ်ဟုတ်လား . . .)
(စားတာမှ အစားစားသလိုတောင် စားခဲ့တာပေါ့ ငါ့ကိုသာ တစ်ယောက်ယောက်က အဲဒီလိုနေ့စဉ်စားဖို့ တိုက်တွန်းမယ်ဆိုရင် အနည်းဆုံးတော့ မူလနတ်သမီးအဆင့်ကိုရောက်နေလောက်ပြီ . . .)
ဆိုင်ရှင်မှာ ထိုသို့တွေးလိုက်ရုံဖြင့်ပင် ငိုချင်လာမိလေသည်။
(တစ်ယောက်နဲ့တစ်ယောက် ကုသိုလ်ကံချင်းက မတူဘူးပဲ၊ ကိုယ့်ထက်နိမ့်ကျတဲ့လူကို မတွေ့မချင်းကိုယ့် ဘဝကိုယ် အဆိုးရွားဆုံးဖြစ်နေတယ်လို့ ထင်မိမှာပဲ . . .)
ထိုသို့ဖြင့် အစားအသောက်များ စားသောက်ပြီးသည့်အချိန်တွင် ယခုကမ္ဘာသစ်အကြောင်းကို ရဲရှောင် တီးခေါက်မိသွားချေပြီ။
သို့သော် သူ့အတွက် ပြဿနာကြီးတစ်ခုရှိနေသေး၏။
အကြောင်းမှာ သူ့အတွက် သက်သေခံစရာတစ်ခုခုမရရှိသေး၍ ဖြစ်သည်။
ဆိုင်ရှင်ဖြစ်သူမှာမူ ရဲရှောင်ထံ၌ ထိုအကြောင်းကိုကြားချိန် မျက်လုံးများအရောင်ဝင်းလက်သွားလေသည်။
ထို့အတူ စိတ်ထဲ၌လည်း ရဲရှောင်၏နောက်ခံရာဇဝင်အကြောင်းကို စဉ်းစားနေမိ၏။
(သူက သက်သေခံတံဆိပ်ပြားတောင်မရှိဘူးဆိုတော့ လျှို့ဝှက်တဲ့မျိုးနွယ်စုကဖြစ်လိမ့်မယ် . . .)
(ဟုတ်တယ် . . . အင်အားကြီးမျိုးနွယ်တစ်ခုဖြစ်မယ်ဆိုတာ အသေအချာပဲ . . .)
“မင်းအတွက် သက်သေခံတံဆိပ်ပြားတစ်ခုခုလုပ်ဖို့ လိုနေပြီ . . .”
“အင်း ဒါပေမယ့် အဲဒါက ဒီမြို့မှာတော့ လုပ်လို့မရဘူး . . .”
ဆိုင်ရှင်ဖြစ်သူမှ ရေရွတ်လိုက်သည်။
“ဒါကအစွန့်ပစ်ခံမြို့ငယ်လေးတစ်မြို့၊ အရှေ့ဘက်အကျဆုံးမြို့လေးပေါ့ . . .”
“အဲဒီတော့ ငါတို့ထဲကအများစုက ဒီကလွဲပြီးတခြားမနေနိုင်ကြဘူး၊ ငါတို့ဝမ်းကိုပဲ ငါတို့ဝအောင်ဖြည့်ပြီး ဒီ နေရာမှာ အေးအေးဆေးဆေးနေနေကြတာလေ၊ ငါတို့ထဲမှာ အရည်အချင်းရှိတဲ့လူဆိုတာ မရှိသလောက်ပဲ . . .”
“အဟမ်း . . . အဲဒါကြောင့် ဒီနေရာကို သူတို့က အိပ်မက်ပျက်သုဉ်းခြင်းနယ်မြေလို့ခေါ်ကြတယ် . . .”
ဆိုင်ရှင်ဖြစ်သူမှ ‘အိပ်မက်ပျက်သုဉ်းခြင်း’ ဟုပြောသည့်အချိန် မျက်နှာတစ်ခုလုံး နီရဲလျက်ရှိနေသည်။
“အိပ်မက်ပျက်သုန်းခြင်းနယ်မြေ ဟုတ်လား . . .”
ရဲရှောင် ထိုစကားလုံးကို ရေရွတ်လိုက်ပြီး ထူးဆန်းသလို ခံစားလိုက်ရသည်။
“ဟုတ်တယ် . . . ဧရိယာတိုင်းရဲ့ စွန့်ပစ်ခြင်းကိုခံနေရတဲ့ မြို့လေးတစ်မြို့ပေါ့ . . .”
“ငါတို့လို လူတွေက အများကြီးပါပဲ . . .”
ဆိုင်ရှင်ဖြစ်သူမှ သက်ပြင်းချရင်း ပြောလိုက်သည်။
“ကောင်းကင်ဘုံအထက် လူသားနယ်ပယ်မှာ အင်အားဆိုတာက အဓိကပဲ၊ အင်အားကြီးတဲ့ လူကပဲ အသံ ထွက်နိုင်မှာ၊ အနိုင်ရတဲ့လူကပဲ အသက်ရှင်နိုင်မှာ၊ အရှုံးသမားတွေက သေရတယ် . . .”
“ရှုံးနိမ့်နေလို့ ငြီးတွားနေလည်း အကူအညီမဖြစ်ဘူး၊ သိုင်းလောကထဲက လူတွေအတွက် သူတို့မှာ မျှော်လင့် ချက်တွေ မရှိတော့တဲ့အခါကျရင် တစ်နေရာရာမှာပဲ အေးအေးချမ်းချမ်းနေဖို့ ရွေးချယ်ကြတယ်၊ သူတို့ရဲ့ ဘဝတွေကို အချိန်ကုန်ဆုံးဖို့ နေရာတစ်ခုခုကို ရွေးချယ်ကြတယ် . . .”
“အဲဒီတော့ သိုင်းလောကကနေ ထွက်ပြီးတော့ ဒီလိုစွန့်ပစ်နေရာလေးထဲမှာ သူတို့ရဲ့ လက်ကျန်ဘဝကို ဖြတ် သန်းကြတော့တယ်၊ ငြိမ်းချမ်းမှုတွေနဲ့ အချိန်တွေကို ပိုင်ဆိုင်သွားပေမယ့် အိပ်မက်တွေကတော့ ပျက်သုဉ်းသွားရ တယ်လေ၊ မင်းက အရှုံးပေးလိုက်တဲ့အတွက် မင်းရဲ့ရန်သူတွေကလည်း မင်းကို လွှတ်ပေးကြလိမ့်မယ် . . .”
“ဒီကမ္ဘာကြီးမှာ အိပ်မက်တွေက ရိုက်ချိုးခံလိုက်ရတယ်၊ အိပ်မက်ပျက်သုဉ်းခြင်းနယ်မြေဆိုတာ တကယ် တော့ အိပ်မက်တွေနေရာမှာ ငြိမ်းချမ်းခြင်းတွေအစားထိုးတဲ့နေရာတစ်ခုပါပဲ . . .”
ဆိုင်ရှင်ဖြစ်သူမှ ဖျော့တော့သောလေသံဖြင့် ရေရွတ်လိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now