1481------1488

92 3 0
                                    

အခန်း (၁၄၈၁)(စာစဉ် ၁၁၃- အပိုင်း ၅)
“ချိန်းဆိုသည့်နေရာသို့သွားခြင်း”
မိစ္ဆာဝိညာဉ်နက်တို့မှာ သူတို့ရရှိထားသည့် ခရမ်းရောင်ကျောက်လေးကို တန်ဖိုးအလွန်ထားကြ၏။
ထိုကျောက်တုံးမှ စွမ်းအင်များ အလဟဿမဖြစ်စေရန် အသက်တမျှ တန်ဖိုးထားကြသည်ဆိုလျှင် ပို၍မှန် သည်။
မိစ္ဆာဝိညာဉ်နက်၏စိတ်ထဲ ရဲရှောင်ထံတွင် ထိုကဲ့သို့သော ကျောက်တုံးများ အများအပြားရှိနေမည်ကို သိနေ သည်။
သို့တိုင် တောင်ပုံရာပုံရှိနေမည်ဟုတော့ မထင်မှတ်ထားပေ။
“မိစ္ဆာဝိညာဉ်နက် . . . မင်းရဲ့နာမည်အရင်းကဘာလဲ . . .”
ချူလျူမှ မိစ္ဆာဝိညာဉ်နက်အားကြည့်ကာ မေးလိုက်၏။
တကယ်တမ်းတွင် ရဲရှောင်ကိုယ်တိုင်လည်း ထိုအဖြေကို သိချင်နေမိခြင်းဖြစ်သည်။
မိစ္ဆာဝိညာဉ်နက်က သူနှင့်တွေ့ချိန်ကတည်းက နာမည်အရင်းကို မပြောဘဲရှိခဲ့သည် မဟုတ်ပါလား။
မည်မျှထိဆိုလျှင် တစ်ဖွဲ့တည်းဖြစ်ခဲ့သည့်တိုင် ထိုနာမည်ကို ထုတ်ဖော်မပြောခဲ့ခြင်းဖြစ်၏။
ထိုအချိန်တွင် မိစ္ဆာဝိညာဉ်နက်မှ ရှက်အမ်းအမ်းဖြင့် -
“ဘာဖြစ်လို့လဲ . . . ဘာလို့မေးတာလဲ . . .”
“နာမည်တစ်ခုက ဘာမှအရေးမကြီးပါဘူး၊ ကျုပ်ကို မိစ္ဆာဝိညာဉ်နက်လို့ခေါ်ရင်ခေါ် ဒါမှမဟုတ် အစ်ကိုနက် ဖြစ်ဖြစ် ညီလေးနက်ဖြစ်ဖြစ် ကြိုက်တာခေါ်လို့ရတာပဲ၊ နာမည်အရင်းကို မဖြစ်မနေသိမှဖြစ်မှာလား . . .”
ချူလျူမှ ခေါင်းညိတ်လိုက်ပြီး -
“တကယ်တော့ ငါအရင်က မင်းနာမည်ကိုကြားဖူးတယ် အဲဒါက အမှန်လားဘာလားတော့ မသိဘူး၊ ငါကြား ခဲ့တာကို ငါပြောကြည့်မယ်နော်၊ မင်းက ဟိုင်မိုင်ယန် မဟုတ်လား၊ ဟိုင်မိုင်ယန်ဆိုတာ မဟူရာအလှလေ ဟုတ်တယ် မလား . . .”
(ဘယ်လို . . . ဟိုင်မိုင်ယန်ဟုတ်လား . . .)
ရဲရှောင်တွေးရင်း ရယ်ချင်သွားမိ၏။
(ဒါကယောက်ျားနာမည်ထဲမှာ တော်တော်ကိုထူးဆန်းတဲ့ နာမည်ပဲ . . .)
(ဟိုင်မိုင်ယန် . . . မဟူရာအလှဟုတ်လား၊ တော်တော်ကို ထူးခြားတဲ့ နာမည်ပဲ . . .)
(ချူလျူက တည်တည်တံ့တံ့နေတတ်တဲ့ လူဆိုပေမယ့် တစ်ဖက်လူကို ဒီလိုစနောက်တတ်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး . . .)
“ခင်ဗျား . . . ခင်ဗျား . . .”
မိစ္ဆာဝိညာဉ်နက်မှာ ရှက်အမ်းအမ်းဖြစ်သွားလေသည်။
“ချူလျူ . . . ခင်ဗျားအရင်အခြေအနေလို ရှိမနေတာ ကံကောင်းသွားတယ်မှတ်၊ ဒီလိုမှမဟုတ်ရင် ခင်ဗျားကို ကျုပ်သေအောင် တိုက်ခိုက်မိလိမ့်မယ် . . .”
ချူလျူမှ အံ့ဩသွားဟန်ဖြင့် -
“ဘာ . . . ဒါတကယ်ပဲလား၊ မင်းက ဟိုင်မိုင်ယန်ပေါ့ . . .”
“အံ့ဩစရာကောင်းလိုက်တာ ငါကဒါကို ကောလဟလလို့ ထင်ထားခဲ့တာ . . .”
မိစ္ဆာဝိညာဉ်နက်မှာ ထိုစကားကြောင့် ဒေါသအကြီးအကျယ်ပင်ထွက်သွား၏။
ထို့ကြောင့် မည်သည့်စကားမှမဆိုဘဲ ထိုနေရာမှ ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။
“ဟား . . . ဟား . . . ဟား . . .”
ချူလျူလည်း ထိုမြင်ကွင်းကိုကြည့်ရင်း ဝါးလုံးကွဲအောင်ပင် ရယ်လိုက်မိ၏။
“ဘာဖြစ်သွားတာလဲ . . .”
ရဲရှောင်မှ ချူလျူအနားတိုးကပ်သွားရင်း သိချင်ဟန်ဖြင့် မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး . . .”
“သခင်လေး သိတဲ့အတိုင်း ဟိုင်မန်ယန်က သူ့နာမည်အရင်းလေ . . .”
ချူလျူမှ ရယ်ကျဲကျဲဖြင့် ရှင်းပြလိုက်၏။
ထိုစကားကြောင့် ရဲရှောင် တံတွေးများပင် သီးသွားလေသည်။
တကယ်တမ်းတွင် မိစ္ဆာဝိညာဉ်နက်မှာ ကြံ့ခိုင်သောခန္ဓာကိုယ်နှင့် လေးထောင့်စပ်စပ်မျက်နှာမျိုးရှိသူတစ်ဦး ဖြစ်သည်။
သို့သော် ထိုသို့သော ယောက်ျားရင့်မာကြီးတစ်ဦးထံတွင် အဘယ့်ကြောင့် ထိုနာမည်မျိုးရှိနေရပါသနည်း။
“အဲဒါနဲ့ပတ်သက်ပြီး ဇာတ်လမ်းကရှိတယ် . . .”
“သူ့မျိုးရိုးနာမည်က ဟိုင်လေ၊ သူ့မှာက အစ်ကိုတွေချည်းပဲရှိတာ ညီမဆိုတာတော့ မရှိဘူးပေါ့ . . .”
“ဒါနဲ့ပဲ သူ့အဖေက သမီးလေးတစ်ယောက်အရမ်းလိုချင်ခဲ့တာ၊ အဲဒီတော့ သူ့အမေ သူ့ကိုကိုယ်ဝန်ဆောင် ထားချိန်ကလည်း မိန်းကလေးလို့ပဲ လူတိုင်းက ထင်ထားကြတာ၊ သူ့အဖေကလည်း ဗိုက်ထဲက ကလေးကို ကြိုပြီး မိန်းကလေးမိုင်ယန်ဆိုပြီး နာမည်ပေးခဲ့တယ် . . .”
“ဒါပေမယ့် သူမွေးလာတဲ့အချိန် အဘိုးကြီးက တော်တော်ကို စိတ်ပျက်သွားခဲ့တာ၊ မွေးလာတာက သားလေး ဖြစ်နေတာကိုး၊ အဘိုးကြီးလည်း စိတ်ပျက်ပျက်နဲ့ နာမည်ကိုပြန်မပြောင်းတော့ မိုင်ယန်ဆိုပြီးဖြစ်သွားတော့တာပဲ”
ချူလျူမှ စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်၏။
“ဟိုင်မိုင်ယန် ဟုတ်လား ဟား ဟား ဟား . . .”
ရဲရှောင်လည်း သူ့အပြောသူ သဘောကျသွား၍ ကျယ်လောင်စွာပင် ရယ်မောမိလိုက်သည်။
(မိစ္ဆာဝိညာဉ်နက်က သူ့နာမည်ကို ဘယ်တုန်းကမှမပြောတာ မထူးဆန်းတော့ပါဘူးလေ၊ သူ့မှာ ဒီလိုရယ်ဖို့ ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိနေတာကိုး . . .)
စင်စစ် မိစ္ဆာဝိညာဉ်နက်နေရာတွင်လည်း ရဲရှောင်အဖို့ မည်သို့မှ ထုတ်ဖော်ပြောလိမ့်မည် မဟုတ်ချေ။
ထိုအချိန်တွင် ဟိုင်မိုင်ယန်တဖြစ်လဲ မိစ္ဆာဝိညာဉ်နက်မှာ အခန်းထဲတွင် အံတင်းတင်းကြိတ်ရင်း ဒေါသထွက် လျက်ရှိ၏။
“ချူလျူ . . . ခင်ဗျားပြန်ကောင်းလာတဲ့ တစ်နေ့ကျရင် တွေ့ကြသေးတာပေါ့၊ အဲဒီအခါကျရင် ခင်ဗျားကို သေအောင်သတ်ပစ်မယ် . . .”
ထိုစကားကို ချူလျူကြားသွားသောအခါ ရယ်ကျဲကျဲဖြင့် -
“ဘာ . . . ငါပြန်ကောင်းလာတဲ့အချိန်ဟုတ်လား၊ အဲဒီအချိန်ကျရင် မင်းကထွက်ပြေးနေရမှာ ဟဲ ဟဲ ဟဲ . . .”
“ငါရိုက်တာကို မင်းမခံနိုင်လောက်ပါဘူး ဟုတ်တယ်မလား ဟား ဟား ဟား . . .”
ရဲရှောင်မှာလည်း နောက်လိုက် ၂ ဦးကိုကြည့်ရင်း ကျယ်လောင်စွာ ရယ်မောလျက်ရှိနေပါတော့သည်။
. . .
နေ့တစ်နေ့၏ နံနက်ခင်းအချိန်အခါတွင်ဖြစ်သည်။
ချူလျူမှာမူ ခပ်စောစောကပင် ထွက်ခွာသွားပြီဖြစ်၍ အခန်းထဲ၌ မရှိတော့ချေ။
ယခုအခါတွင် ချူလျူမှာ ယခင်နှင့်မတူတော့သည့် အသွေးအမွေးရုပ်ရည်မျိုးရှိနေပြီဖြစ်သည်။
ဤသည်ကလည်း ရဲရှောင်၏ ကျေးဇူးကြောင့်ပင် မဟုတ်ပါလား။
ထို့ကြောင့် အပြင်ထွက်သွားသော ချူလျူကို မည်သူမှသတိထားမိလိမ့်မည် မဟုတ်ပေ။
ချူလျူ ထိုသို့အပြင်ထွက်သွားရခြင်းမှာ အကြောင်းမဲ့မဟုတ်။
မြေကွက်များ ဝယ်ယူမည့်ကိစ္စဖြင့် သွားရောက်ခြင်းဖြစ်၏။
ယခုမြေကွက်များဝယ်ယူမည့်ကိစ္စတွင် ဟိုင်မိုင်ယန်က ပြုလုပ်ခြင်းမရှိဘဲ ချူလျူကသာ ပြုလုပ်ရလေသည်။
ချူလျူက သိုင်းလောကတွင် အတွေ့အကြုံရင့်ကျက်သူဖြစ်၍ ထိုကိစ္စမျိုးကို ကောင်းစွာကိုင်တွယ်နိုင်သည် မဟုတ်ပါလား။
ထို့ကြောင့် ရဲရှောင်က ချူလျူလုပ်နိုင်မည်ကို ယုံကြည်၍ ခရမ်းရောင်ဒင်္ဂါးပြား ၃ သိန်းကို ပေးအပ်လိုက်လေ သည်။
“ဝယ်သာဝယ်ခဲ့ တခြားလူတွေအာရုံစိုက်တာတော့ မခံရစေနဲ့၊ အားလုံးကိုဝယ်ခဲ့ . . .”
ယခုအခါ သခင်လေးဖြစ်သူအမိန့်နှင့်အတူ သူ့လက်ထဲ ဒင်္ဂါး ၃ သိန်းရှိနေချေပြီ။
ထိုသို့သော ပိုက်ဆံအမြောက်အများရှိနေ၍ ချူလျူစိတ်ထဲ ယုံကြည်မှုအပြည့်ရှိသလိုမျိုးပင် ဖြစ်နေ၏။
ထို့နောက် ရဲရှောင်နှင့် မိစ္ဆာဝိညာဉ်နက်တို့လည်း မြို့ပြင်ဘက်သို့ ထွက်လာခဲ့လိုက်တော့သည်။
လေလံပွဲမစတင်ခင်က စွန်းရှောင်ပင်နှင့် ချိန်းဆိုထားသည့်ကိစ္စက ရှိနေသေးသည် မဟုတ်ပါလား။
သို့သော် တကယ်တမ်း သူတို့သွားကြသည်မှာ စွန်းရှောင်ပင်ကြောင့်မဟုတ်။
စွန်းရှောင်ပင်၏ အစောင့်ဖြစ်သူ ဘိုင်လုံအတွက် သွားကြခြင်းပင် ဖြစ်ပါတော့သည်။
. . .
တောင်ဘက်မြို့ပြင်ဂိတ်တွင် ဖြစ်သည်။
ထိုနေရာရှိ သစ်ပင်တစ်ပင်အောက်တွင် သက်တော်စောင့်အဝတ်အစားများ ဝတ်ဆင်ထားသည့် ဘိုင်လုံရှိနေ သည်။
သူနှင့်မနီးမဝေးတွင်ရှိသော စွန်းရှောင်ပင်မှာမူ ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ထိုင်လျက်ရှိနေသည်။
သူ၏ပုံစံက စောင့်ရသည်ကို စိတ်မရှည်ဖြစ်နေသည့်ပုံပါပင်။
“သူတို့ဘာလို့မလာကြသေးတာလဲ၊ သူတို့က ငါတို့နဲ့ ရင်မဆိုင်ချင်လို့များလား . . .”
စွန်းရှောင်ပင်က မြေပြင်ပေါ်ရှိ မြက်ပင်များကိုဆွဲနှုတ်ရင်း ရေရွတ်လိုက်၏။
“ငါတော့ ခရမ်းရောင်ဒင်္ဂါးပြားတစ်သောင်းကို လွယ်လွယ်ရတော့မယ်ထင်တယ် . . .”
ထိုအချိန် မနီးမဝေးတွင်ရှိနေသော ဘိုင်လုံမှာမူ အေးစက်စက်မျက်နှာထားဖြင့်သာ ရှိနေလေသည်။
ခဏအကြာတွင် လေသံတီးတိုးဖြင့် -
“မင်းဟိုလူကို ရန်စခဲ့တယ်ဆိုတာ ငါ့ကိုသူနဲ့တိုက်ခိုက်စေချင်လို့မလား၊ ငါနိုင်မယ်ဆိုရင် ခရမ်းရောင်ဒင်္ဂါး တစ်သောင်းရမယ်လေ ဟုတ်တယ်မလား . . .”
စွန်းရှောင်ပင်မှ -
“ဟုတ်တယ်လေ ဘာဖြစ်လို့လဲ . . .”
“အဲဒီခရမ်းရောင်ဒင်္ဂါးတစ်သောင်းကြောင့်သာ မဟုတ်ရင် ငါကစောက်ရူးထစရာလား . . .”
ထိုစကားကြောင့် ဘိုင်လုံလည်း ခေါင်းညိတ်လိုက်ပြီးနောက် မျက်လုံးများကို မှိတ်လိုက်၏။
“နေစမ်းပါဦး . . . မင်းကဘာလို့ မျက်လုံးမှိတ်သွားရတာလဲ၊ သူတို့အတွက် ဝမ်းနည်းနေတာလား . . .”
စွန်းရှောင်ပင်မှ မကျေမချမ်းဖြင့် ပြောလိုက်သည်။
“ငါမင်းကိုပြောထားတယ်နော် ငါ့အဖေက မင်းအသက်ကို ကယ်တင်ခဲ့တာ၊ မင်းကိုယ်မင်းလည်း ငါတို့အပေါ် သေသည်အထိ သစ္စာရှိပါမယ်လို့ ပြောခဲ့တာ၊ အခု အစောင့်ဖြစ်နေတယ်ဆိုတာလည်း မင်းဘာသာမင်း ရွေးချယ်ခဲ့ တာ၊ ငါတို့က မင်းကိုလုပ်ပါလုပ်ပါဆိုပြီး တောင်းဆိုခဲ့တာမဟုတ်ဘူး . . .”
“အရာအားလုံးက မင်းဆုံးဖြတ်ခဲ့တာပဲ အဲဒီအတွက် အခုချိန်မှာ မင်းကငါ့အစောင့်ဖြစ်နေပြီ၊ ငါတိုက်ခိုက်ဆို မင်းတိုက်ခိုက်ရမှာပဲ၊ အဲဒါတောင် မင်းကဘာလို့ ဝမ်းနည်းသလိုလို ဘာလိုလို လာလုပ်ပြနေရတာလဲ . . .”
“ပြီးတော့ ဖြစ်နေတဲ့ မျက်နှာထားကရော ဘယ်လိုမျက်နှာထားမျိုးလဲ၊ မင်းပြောတဲ့စကားတွေကို ငါမနေ့က ကြားပါတယ်၊ မိစ္ဆာဝိညာဉ်နက်က မင်းနဲ့မကွာဘူးဆို၊ အဲဒီတော့ မင်းသာနိုင်ရင် ငါတို့ပိုက်ဆံရမှာပဲလေ၊ ပြီးတော့ နိုင် မယ်ဆိုတာကိုလည်း ငါသေချာသိနေတယ် . . .”
စွန်းရှောင်ပင်၏ စကားများကိုနားထောင်ရင်း ဘိုင်လုံ သက်ပြင်းသာချလိုက်တော့၏။
သူ့အဖို့ စိတ်ပျက်လွန်း၍ မည်သည့်စကားနှင့်မျှလည်း ခွန်းတုန့်မပြန်လိုတော့ချေ။
“တော်တော်ဆိုးတဲ့ကံပဲ၊ အစောင့်ကတောင် ငါ့ကို မလေးမစားလာလုပ်နေတယ် . . .”
“ငါ့အိမ်မှာနေတယ်၊ ငါ့အိမ်မှာစားတယ်၊ ငါ့အိမ်အရိပ်ကိုခိုလှုံတယ် အဲဒါတောင် ငါ့ရန်သူအတွက်လာပြီးဝမ်း နည်းပြနေသေးတယ်၊ တော်တော်ကောင်းတယ် . . .”
စွန်းရှောင်ပင်မှာ ဘိုင်လုံအား မကျေမချမ်းဖြင့် မြည်တွန်တောက်တီးလျက်ရှိနေသည်။
ထိုအချိန် အဝေးမှ ရဲရှောင်နှင့် မိစ္ဆာဝိညာဉ်နက်တို့မှာ ရောက်ရှိလာကြလေသည်။
“ကြည့်ပါဦး . . . မင်းတို့ရောက်လာကြပြီပေါ့ . . .”
စွန်းရှောင်ပင် စိတ်လှုပ်ရှားဟန်ဖြင့် ပြောလိုက်၏။
“မင်းတို့မှာ ပိုက်ဆံရော လုံလုံလောက်လောက်ပါရဲ့လား . . .”
ရဲရှောင်မှ မျက်မှောင်ကြုတ်လျက် -
“ဘာလဲ . . . မင်းကသာ ငါတို့ကိုပေးရမှာမဟုတ်ဘူးလား၊ မင်းမှာပိုက်ဆံရောပါရဲ့လား . . .”
ထိုစကားကြောင့် စွန်းရှောင်ပင်မှ ရယ်မောလိုက်ပြီး -
“ငါရှုံးရင် ငါကသိက္ခာကျခံပါ့မလား . . .”
ရဲရှောင်လည်း ခေါင်းညိတ်လိုက်ပြီးနောက် အိတ် ၁ အိတ်အား ပစ်ပေးလိုက်သည်။
စွန်းရှောင်ပင်မှာလည်း အားရဝမ်းသာဖြင့် အနီးနားသို့ သွား၍စစ်ဆေးကြည့်လိုက်၏။
ထိုအခါ အရောင်တလက်လက် တောက်ပနေသော ခရမ်းရောင်ဒင်္ဂါးပြားများကို တွေ့လိုက်ရလေသည်။
အတိအကျအားဖြင့် ခရမ်းရောင်ဒင်္ဂါးပြားတစ်သောင်းပင် ဖြစ်၏။
“ကဲ . . . ငါ့ပိုက်ဆံတော့ပြပြီးပြီ၊ မင်းပိုက်ဆံလည်းငါ့ကိုပြ . . .”
“ပြီးရင် နှစ်သောင်းလုံးကို တစ်နေရာတည်းမှာစုထားမယ်၊ နိုင်တဲ့လူက ယူလိုက်ရုံပဲ . . .”
“ဘာပိုက်ဆံလဲ . . .”
စွန်းရှောင်ပင်မှ ရယ်မောရင်း မေးလိုက်သည်။
“ဒီကိုလာပြီးတိုက်ခိုက်ရတာတောင် မင်းတို့ကို ငါကတော်တော်ကြီးလေးစားမှုပေးထားတာ၊ အဲဒါတောင်မှ ငါ့ကိုလာပြီး ပိုက်ဆံအကြောင်းပြောနေတယ်ပေါ့၊ ဒီပွဲမှာ ငါကအနိုင်ရမှာပဲ အဲဒီအတွက် ဒီပိုက်ဆံတွေအကုန်လုံး ငါ ပဲအကုန်ရမှာရှင်းလား . . .”
စွန်းရှောင်ပင်မှ ရဲရှောင်အားကြည့်ကာ ခနဲ့တဲ့တဲ့ဖြင့် ပြောလိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now