1229-----1230

108 10 0
                                    

အခန်း (၁၂၂၉)(စာစဉ် ၈၈- အပိုင်း ၁၁)

“သေခွင့်မပြုခြင်း”

နာကျင်မှုများ ရုတ်တရက် ရပ်တန့်သွား၏။

ထိုအခါ သူ၏ သွေးများမှာ ပုံမှန်အတိုင်း စီးဆင်း သွားပြီး ကြွက်သားများမှာလည်း နဂိုအတိုင်း ပြန်ဖြစ် သွားလေသည်။

သို့သော် ခဏအကြာတွင်မူ အသံနက်ကြီးဖြင့် နာ ကျင်စွာ အော်ဟစ်လိုက်ပြန်သည်။

“အား . . .”

ထို့နောက် မြေပြင်ပေါ်တွင် ဝပ်တွားသွားလိုက်ပြီး နောက် -

“ပြော ပြောပါ့မယ် ငါသိသမျှ အားလုံးကို ပြောပြ ပါ့မယ်၊ ငါ့ကို သနားပါ ဒီအတိုင်းကြီး ငါ့ကို မလုပ်ပါနဲ့၊ သေ သေ ခွင့်ပေးပါ . . .”

နာကျင်မှုများကို ဝေဒနာများကြောင့် ထိုသို့ ပြော လိုက်သည့် သူ၏အသံမှာ တစ္ဆေတစ်ကောင်၏ အသံ လား အက်ကွဲကွဲဖြင့် အလွန်ကြောက်မက်ဖွယ်ကောင်း လျက်ရှိသည်။

တန်ချင်းဖန်နှင့် သူ့လူများမှာ ထိုအသံကို ကြားရ သောအခါ ပိုမို၍ပင် ထိတ်လန့်သွားကြလေသည်။

ရဲရှောင်မှာမူ ထိုလူအား မထူးခြားသည့် ပုံမျိုးဖြင့် ကြည့်လိုက်ရင်း -

“ငါတို့တွေ ဒီအခြေအနေထိတောင် ရောက်လာပြီ၊ ဘာအတွက် မင်းတို့ကို လွှတ်ပေးရမှာလဲ၊ အဲဒီတော့ ဆက်ပြီးတော့ ခံစားလိုက်ဦး . . .”

သူ့စကားအဆုံး၌ ရန်သူမှာ ငယ်သံပါအောင် အော် ဟစ်သွားပြီး တီကိုဆားနှင့် တို့လိုက်သည့် ပုံပမာ တစ် ကိုယ်လုံး တွ့န်လိမ်သွားပြန်သည်။

ထို့နောက် ရုတ်တရက် ထိုလူမှာ လက်များကို မြှောက်လိုက်ပြန်ရင်း သူ့မျက်လုံးများကိုသူ နှိုက်ထုတ် လိုက်၏။

“မလုပ်ပါနဲ့ သနားပါ ငါဒါတွေကိုလည်း မမြင်ချင် လို့ပါ . . .”

ထိုလူမှာ ကြောက်စရာကောင်းသည့် အရာတစ်ခု ကို မြင်လိုက်ရသည့်အလား မျက်လုံးများကို မှိတ်ရန် အသည်းအသန် ကြိုးစားလိုက်၏။

“ဒါကို ဝိညာဉ်ငရဲလို့ ခေါ်တယ်၊ မျက်လုံးတွေကို ပိတ်လည်း လွတ်မှာ မဟုတ်ဘူး . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now