1221------1222

136 10 0
                                    

အခန်း (၁၂၂၁)(စာစဉ် ၈၈- အပိုင်း ၃)

“ရှောင်ဧကရာဇ် ပြန်လာပြီ”

မထင်မှတ်ထားဖွယ် ကိစ္စကြောင့် ကောင်းကင်ဘုံ အထက် လူသားနယ်ပယ်ရှိ ဖန်သားနန်းတော်အတွင်း မှ လူများ ရုတ်တရက် အလုပ်များသွားကြလေတော့ သည်။
. . .

ဟန်ပိုင်ယွဲ့မှာ တောင်ပေါ်၌ ရဲရှောင်ကို စောင့်စား နေရင်းဖြင့် ရှုခင်းများကို ငေးမောလျက် ရှိနေသည်။

သူ့အဖို့ အတော်ကြာအောင်ပင် စောင့်နေရပြီဖြစ်၍ လည်း စိတ်မရှည်နိုင်အောင် ဖြစ်နေရသည်။

ထို့ကြောင့် ရှုခင်းမှာ လှပသည့်တိုင် သူ၏စိတ်ထဲ၌ ပျင်းရိငြီးငွေ့လာမိ၏။

ထို့ပြင် လက်ရှိအချိန်၌ အပြည့်အဝ ပြန်မကောင်း သေး၍ တောင်ပေါ်၌ နေနေရသော သူ့အဖို့ အေးစိမ့်မှု ဒဏ်ကို မခံနိုင်လောက်အောင် ဖြစ်လာမိသည်။

ထိုခံစားမှုက နှစ်ပေါင်းများစွာ သူမခံစားရသည်မှာ ကြာပြီဖြစ်သည့် ခံစားမှုမျိုးလည်း ဖြစ်၏။

“ဆရာသမားကတော့ ငါ့ကို ထားသွားတယ်၊ ဘာ တွေ လုပ်နေလဲ မသိဘူး၊ သူလိုချင်တာ မရမချင်း ပြန် လာမယ့် ပုံလည်း မပေါ်ဘူး . . .”

“သေစမ်း ငါကတော့ ဒီမှာဘာမှမစားမသောက်ဘဲ နဲ့ နေနေရတယ် . . .”

“ဘုန်း . . .”

ဟန်ပိုင်ယွဲ့၏ နှုတ်မှ ထိုသို့ရေရွတ်နေစဉ်မှာပင် သူ ၏ ခေါင်းအား ရုတ်တရက် ရိုက်နှက်ခံလိုက်ရ၍ မူးဝေ သွားသလိုပင် ခံစားလိုက်ရသည်။

ထိုအချိန် တစ်စုံတစ်ဦး၏ ဒေါသတကြီးဖြင့် ပြော လိုက်သည့် အသံကိုလည်း သူကြားလိုက်ရပြန်သည်။

“မင်းဘာတွေ ပြောနေတာလဲ . . .”

ဟန်ပိုင်ယွဲ့လည်း ခေါင်းများပင် မူးဝေသွား၍ ဒေါ သတကြီးဖြင့် တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။

သို့သော် သူကြားလိုက်ရသော အသံကြောင့် -

“ဆရာသမား မင်းက အဆင်ပြေခဲ့ပြီပေါ့၊ ငါကဘာ ရယ်မဟုတ် ဒီအတိုင်း နောက်နေတာပါကွာ၊ ငါ့ကိုခွင့် လွှတ်ပါ ငါကဘာမှ မသုံးမဝင်တဲ့ကောင်ပါ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now