1454-----1455

60 2 0
                                    

အခန်း (၁၄၅၄ - က)(စာစဉ် ၁၀၈- အပိုင်း ၁၁)
“ဆန်းကျယ်လွန်းသော နေရာ”
“မိန်းကလေးတို့ . . . မင်းတို့ ဒီမေးခွန်းကိုပဲ မေးတော့မယ်ဆိုတာ ငါတို့ ကြိုသိနေတယ် . . .”
“အဲဒီလူတွေနဲ့ မိန်းမတွေ ဘယ်ရောက်သွားလဲဆိုတာကို မင်းတို့ သိချင်နေကြတာမလား . . .”
“သူတို့တွေ လမ်းကြောင်းအတူတူသွားလား မသွားဘူးလားဆိုတာကို မင်းတို့ သိချင်နေကြတာလေ ဟုတ် တယ်မလား . . .”
ယွဲ့ရှောင်လည်း ဝမ်းသာအားရဖြင့် ခေါင်းညိတ်လိုက်ပြီး -
“ဟုတ်တယ် . . . ဟုတ်တယ် . . .”
“ကျွန်မတို့ မေးမယ့်မေးခွန်းတွေကို အရှင်တို့က ကြိုသိနေတာပဲ၊ မယုံနိုင်စရာကောင်းလိုက်တာ . . .”
“ငါတို့မသိဘူး . . . တကယ်မသိဘူး . . .”
နတ်ဘုရားများမှာ ထိုသို့သာ အေးစက်စက် ပြောလိုက်ကြတော့၏။
သူတို့၏ မျက်နှာများမှာလည်း အသက်ကင်းမဲ့နေကြလေသည်။
“ငါတို့ရဲ့ အပိုဆုကြေးတွေ . . . နှစ် ၁၀၀၀ အပိုဆုကြေးတွေက မင်းတို့ရဲ့ အစ်ကိုကြီးကြောင့် ဆုံးရှုံးသွားပြီ”
“အခုကစပြီး နောက်ထပ်နှစ်ပေါင်း ၁၀၀၀ အတွင်းမှာ ငါတို့ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဘာမှရတော့ မှာ မဟုတ်ဘူး၊ အဲဒီနှစ်ပေါင်း ၁၀၀၀ အတွင်းမှာ ငါတို့ဘယ်လိုမှ ဘာမှလုပ်လို့မရတော့ဘူး . . .”
“ငါတို့ရဲ့ နာကျင်မှုကို နားထောင်ပေးမယ့် တစ်စုံတစ်ယောက်ကို ငါလိုချင်တယ်၊ မင်းတို့ရဲ့ မရပ်မနား မေး နေတဲ့ မေးခွန်းတွေကိုပဲ ငါတို့ပြန်ဖြေရမယ် ထင်နေသလား . . .”
“ဒီမှာ . . . ဘယ်လိုတွေ ဖြစ်ကုန်ကြတာလဲ . . .”
“ရှင်တို့က အရာရာကို ကြိုသိတယ်ဆိုတာနဲ့ပဲ လူတွေကို ဒီလိုပဲ ရန်လုပ်လို့ရတယ်ပေါ့ . . .”
ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့က အလိုမကျဟန်ဖြင့် ပြောလိုက်သည်။
ထို့နောက် နှုတ်ခမ်းကိုတင်းတင်းကိုက်ကာ ဒေါသတကြီး ထွက်သွားကြတော့သည်။
သို့သော် သူမတို့ အဝေးသို့ ရောက်သွားသည့်တိုင် အသံများကိုမူ ကြားနေရတုန်းပါပင်။
“ဘာမှအသုံးမကျတဲ့ နှစ်ယောက်၊ လူတွေကို နှုတ်ဆက်တာကလွဲပြီး သူတို့ကိုယ်သူတို့ ကြီးမြတ်တယ်လို့ ထင်နေတာလား မသိဘူး၊ ငါတို့တွေ ဒီမှာအင်အားကြီးလာတဲ့အချိန်ကျရင် ဒီကိုပြန်လာပြီး သူတို့တွေကို သင်ခန်းစာ ကောင်းကောင်းပေးပစ်ရမယ် . . .”
မိန်းကလေးများ၏ ထိုအသံကြောင့် နတ်သားများမှာ ထိုင်ငိုချင်စိတ်ပင်ပေါက်သွားကြသည်။
သို့သော် ကျစရာမျက်ရည်ကမရှိ၍ ပို၍ပင် ငိုချင်ရက်လက်တို့ဖြစ်သွားကြ၏။
“ငါတို့တွေ အခုလို အပြောခံနေရတာ အဓိပ္ပာယ်ရောရှိရဲ့လား . . .”
“ငါတို့က ဒီကိစ္စမှာ မတရားခံရတဲ့လူတွေလေ၊ အဲဒါတောင် အပြောခံနေရတယ် ဒုက္ခပါပဲ . . .”
သုံးလကြာပြီးနောက်တွင် ဝရမ်ချူးချူး ရောက်ရှိလာသည်။
နောက်ဆုံးတွင် သူမသည်လည်း ကောင်းကင်ဘုံအထက် လူသားနယ်ပယ်သို့ ရောက်ရှိနိုင်ခဲ့ချေပြီ။
“ကျွန်မ တစ်ခုလောက် မေးပါဦးမယ် အရှင်တို့ . . .”
နတ်ဘုရား ၂ ပါးမှာ ထိုမေးခွန်းကိုကြားလိုက်ရသည့်အချိန်မှာပင် ထိတ်လန့်သွားကြလေသည်။
“ဟင့်အင်း . . . တော်ပြီ . . .”
“မမေးနဲ့ . . . လုံးဝမမေးနဲ့ . . .”
“ငါတို့ဘာမှမသိဘူး၊ မင်းသိချင်တဲ့အဖြေ ငါတို့မှာ မရှိဘူး . . .”
အသည်းအသန်ပင် ငြင်းဆန်နေသော နတ်ဘုရားများကိုကြည့်ရင်း ဝရမ်ချူးချူး အံ့ဩသွားသည်။
ထို့နောက် မျက်မှောင်ကြုတ်လိုက်ပြန်ရင်း -
“ရှင်တို့နှစ်ယောက်က ဒီမှာဘာအတွက်ရှိနေကြတာလဲ၊ ရှင်တို့ကို ကျွန်မ သနားလို့ သတိပေးလိုက်မယ်၊ ရှင် တို့ကို ဒီမှာ လူတွေကို စောင့်ကြိုရတဲ့ အစောင့်အရှောက်တွေနော် . . .”
“အဲဒီတော့ အနည်းဆုံး ချင်းရန်နယ်ပယ်ကနေ ဒီကမ္ဘာကိုရောက်လာတဲ့ လူတွေကို ကြိုဆိုနှုတ်ဆက်ရမယ့် တာဝန်ရှိတယ် မဟုတ်ဘူးလား၊ ကျွန်မတို့က အခုမှ ဒီကမ္ဘာအသစ်ကို ရောက်လာတာ၊ ကျွန်မတို့က အားနည်းသေး တယ်ဆိုပေမယ့် အဲဒါနဲ့ပဲ ရှင်တို့က ကျွန်မတို့ကို အထင်သေးနေတယ်ပေါ့ . . .”
“ဒါပေမယ့် ကျွန်မတို့ဆိုတာကလည်း အခု ကောင်းကင်ဘုံအထက် လူသားနယ်ပယ်က လူတွေ ဖြစ်သွားကြ ပြီ၊ ရှင်တို့ ကိုယ့်အလုပ်ကိုယ် သေချာလုပ်ရမှာ မဟုတ်ဘူးလား၊ အခုတော့ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်မေးကြည့်ပါ ဦး၊ ကျွန်မကို ဒီလိုဆက်ဆံတာ သင့်တော်ရဲ့လားလို့ . . .”
“ကျွန်မလို ဒီကမ္ဘာကို အသစ်ရောက်တဲ့ လူတစ်ယောက်ရဲ့ စကားက အရေးမပါဘူးဆိုတာကို သိပါတယ် ဒါပေမယ့် အဆင့်နိမ့်နယ်ပယ်ကနေ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ရဲ့ ထိပ်ဆုံးကို ရောက်တဲ့လူ မရှိဘူး ဆိုတာကရော သေချာရဲ့လား . . .”
“အဲဒီလူတွေက ဘယ်ကနေ စခဲ့ကြတယ်လို့ ထင်နေလို့လဲ၊ ဒီကမ္ဘာကို စပြီးခြေချတဲ့လူက ရှင်တို့အတွက် အရေးမပါတော့ဘူးလား၊ ကျွန်မတို့ကို ဘယ်တော့မှ အောင်မြင်မှုမရနိုင်ဘူးလို့ ရှင်တို့ ထင်နေကြတာလား၊ ကျွန်မတို့ ထဲက ဘယ်သူမှ ဒီနယ်ပယ်ရဲ့ ထိပ်ဆုံးအဆင့်ကို မရောက်ဘူးလို့ ထင်နေတာလား . . .”
“ကံကြမ္မာဆိုတာ လူတွေကို အကောင်းတွေလည်း ဖြစ်စေနိုင်သလို အဆိုးတွေလည်း ဖြစ်စေနိုင်တယ်၊ ရှေ့ သွားပြီးရင် နောက်ပြန်ဆုတ်လို့မရဘူး၊ နောင်တဆိုတာ နောင်မှရတဲ့အရာ၊ ရှင်တို့က တော်တော်ကို စိတ်ကြီးဝင်နေ ကြတာပဲ . . .”
ရေပက်မဝင်အောင်ပင် ပြောသွားသော ဝရမ်ချူးချူး၏စကားများကြောင့် နတ်ဘုရားများမှာ ရှက်ရွံ့သွားကြ သည်။
မိန်းကလေးပြောသွားသည့် တစ်လုံးမကျန်သော စကားများက အမှန်တရားများပင် ဖြစ်နေသည် မဟုတ်ပါ လား။
အပြာရောင်လေနိုင်ငံတော်၏ တော်ဝင်မင်းသမီးတစ်ပါးအဖြစ် မွေးဖွားလာသော ဝရမ်ချူးချူးမှာ ထိုကဲ့သို့ အထက်တန်းဆန်လှသော စကားများကို ပြောဆိုရာတွင် အထူးညက်ညောလှသည်။
ထို့ကြောင့် ယခုအခါတွင်လည်း နတ်ဘုရား ၂ ပါးအား ထိထိမိမိဖြစ်စေသော စကားများ ပြောဆိုနိုင်ခဲ့ခြင်း ဖြစ်သည်။
“ရှင်တို့တွေက ကျွန်မ မေးတာကို မဖြေချင်ဘူးဆိုမှတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်အားနည်း လဲဆိုတာ သိလိုက်ပါပြီ . . .”
“ထားပါတော့လေ ကျွန်မ အခုသွားသင့်ပြီထင်တယ်၊ ကျွန်မတို့တွေ ထပ်ပြီးတွေ့ကြသေးတာပေါ့ . . .”
ဝရမ်ချူးချူးလည်း ထိုသို့ ပြောပြီးနောက် ထွက်ခွာသွားလေသည်။
သူမ ထွက်မသွားခင်တွင် နတ်ဘုရား ၂ ပါးအား အလွန်စူးရှသော အကြည့်များဖြင့် စိုက်ကြည့်ခဲ့ပါသေး သည်။
ဝရမ်ချူးချူးက အရည်အချင်းရှိသော မိန်းကလေးတစ်ဦးဖြစ်၏။
ထိုအရည်အချင်းမှာ သူမ၏ ဉာဏ်ပညာမှ ပေါက်ဖွားလာခြင်းပါပင်။
ထိုသို့သော မိန်းကလေးက အထက်နယ်ပယ်သို့ ရောက်ချိန်တွင်မူ ပိုမို၍ပင် သာလွန်သွားပါဦးမည်။
(ဒါကငါ့ဘဝရဲ့ အစပဲ . . .)
(ငါပြောင်းလဲရမယ်၊ ငါပြောင်းလဲရလိမ့်မယ် . . .)
(ငါမာကြောရမယ်၊ ကြံ့ခိုင်ရမယ်၊ ငါနဲ့ငါ့ဆရာအတွက် နယ်မြေတစ်ခုကို သွေးတွေချွေးတွေနဲ့ရင်းပြီး တည် ဆောက်ရမယ် . . .)
“ငါကတခြားလူတွေကို အထင်သေးလို့ရပေမယ့် တခြားလူတွေက ငါ့ကိုအထင်သေးတာတော့ အဖြစ်မခံနိုင် ဘူး၊ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်မှာ ငါပိုင်ဆိုင်တဲ့ နေရာတစ်ခုရှိရမယ် . . .”
ထိုအချိန် နတ်ဘုရား ၂ ပါးမှာမူ ဝရမ်ချူးချူး၏နောက်ကျောကို ကြည့်ရင်း ဆွံ့အလျက်ရှိနေကြသည်။
“ငါတို့အလုပ်ကို ငါတို့မလုပ်ချင်တာ မဟုတ်ဘူးလေ၊ ငါတို့ကတော့ ပြဿနာပဲ . . .”
“သေစမ်းကွာ . . . အဲဒီလောက်ထိ အတည်ကြီးပြောစရာလိုလို့လား . . .”
“ငါတို့က နှစ် ၁၀၀၀ လောက်လည်း ဆုကြေးဆုံးရှုံးရဦးမယ်၊ အခုကျ ငါတို့ ဘာလုပ်ရတော့မှာလဲ . . .”
၁ နှစ်ကြာပြီးနောက်တွင် ဖြစ်သည်။
နင်ဘီလျူ၊ ကျောင်းဖင်းရှန်နှင့် လျူချန်းဂျန်တို့မှာ တစ်ယောက်ပြီးတစ်ယောက်ဆိုသလို ရောက်ရှိလာကြ၏။
ထို ၃ ယောက်မှာလည်း နတ်ဘုရားများအား တူညီသော မေးခွန်းများကိုသာ မေးကြလေသည်။
ယခုအချိန်တွင်မူ နတ်ဘုရားများမှာ မသိချင်ယောင်သာဆောင်ကြတော့သည်။
သို့သော် စိတ်ထဲတွင်မူ ပေါက်ကွဲနေကြ၏။
(ဘာတွေဖြစ်ကုန်တာလဲ၊ သူတို့က ဒီကမ္ဘာကို အဖွဲ့လိုက်ရောက်လာကြတာများလား . . .)
(ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ကို အဖွဲ့လိုက်ကြီး ရောက်လာတာ ဒါငါပထမဆုံးအကြိမ် ကြုံဖူး တာပဲ၊ တော်တော်ကို ထူးဆန်းတဲ့အရာတွေ ဖြစ်နေတဲ့ ကမ္ဘာကြီးပါလား . . .)
(ဒါပေမယ့် ဒီလူတွေအားလုံးက တူညီတဲ့လမ်းကြောင်းတွေကို မရွေးကြဘူး၊ ဟိုလင်မယားကလွဲပြီး ကျန်တဲ့ လူတွေအားလုံးက ကိုယ့်လမ်းကြောင်းကိုယ် ရွေးသွားကြတာချည်းပဲ . . .)
(ထူးဆန်းတယ် သိပ်ကိုထူးဆန်းတယ်၊ ကိစ္စတစ်ခုလုံးက ထူးဆန်းနေတာ၊ လူတိုင်းက ဟိုလူထူးဆန်း ဘယ် လမ်းကြောင်းကို ရွေးသွားလဲဆိုတာကိုပဲ အစပိုင်းမှာ စိတ်ဝင်စားကြတယ် ဒါပေမယ့် ဟိုလူပျောက်နေတာကို သိတာ နဲ့ သူတို့လမ်းကို သူတို့ရွေးသွားကြတာချည်းပဲ၊ တစ်ယောက်နဲ့တစ်ယောက် တူညီတဲ့လမ်းကို လုံးဝမရွေးကြဘူး တော်တော်ကို ထူးဆန်းတာပဲ . . .)
နတ်ဘုရား ၂ ပါးလုံးမှာ ထူးဆန်းလွန်းသည့် လူများကြောင့် အတွေးနယ်ချဲ့နေမိကြပါတော့သည်။
. . .
လူသူကင်းမဲ့သောနေရာတွင် ၁ လလုံးလုံး ရဲရှောင် ခရီးနှင်လာခဲ့သည်။
ထို ၁ လအတွင်း သူ့အဖို့ အတွေ့အကြုံများစွာ ရရှိခဲ့သည်ဟု ဆိုနိုင်သည်။
ထို့ပြင် ထိုကာလအတွင်း ကျောက်တုံးကျောက်ခဲများမှလွဲ၍ မည်သည့်အရာကိုမှ သူမတွေ့ခဲ့ရချေ။
မည်မျှထိဆိုလျှင် သားရဲသက်ရှိများကိုပင် မမြင်တွေ့ရခြင်းဖြစ်၏။
အရာအားလုံးက သူ့အတွက် အသစ်လိုပါပင်။
ထိုအရာများကိုလည်း သူ့အဖို့ လေ့လာချင်စိတ်များ ဖြစ်ပေါ်မိခဲ့လေသည်။
သို့သော် ထိုအခြေအနေတွင် သူ့ထံ၌သာ အားဟူလုပ်ပေးသည့် ဆေးလုံးများမရှိပါက ဆာလောင်၍ သေဆုံး သွားသည်မှာ ကြာလှချေပြီ။
ယခုအခါတွင်မူ ဆေးလုံးများ၏ အကူအညီဖြင့် ရဲရှောင်မှာ ရှေ့ဆက်ခရီးနှင်နိုင်ခဲ့သည်။
ထို့ပြင် ထို ၁ လအတွင်း ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ရှိ အရေးကြီးသော အချက်အချို့ကို သိရှိ ခဲ့ရလေသည်။
(ပထမအချက် ဒီမှာရှိတဲ့ ကမ္ဘာမြေရဲ့ဆွဲအားက ချင်းရန်နယ်ပယ်ရဲ့ ကမ္ဘာမြေဆွဲအားထက် အဆ ၁၀၀ လောက် ပိုပြီးများတယ်၊ ဒီလိုအခြေအနေမှာ ငါ့ရဲ့ကျင့်ကြံမှုစွမ်းအင်တွေက လုံးဝကို အားနည်းနေရမှာပဲ . . .)
(ဒီလို ပုံမှန်မဟုတ်တဲ့ ကမ္ဘာမြေဆွဲအားကြောင့် လူတိုင်းအားနည်းသွားတယ်ဆိုတာ ဖြစ်သင့်ပါတယ် . . .)
(ပြီးတော့ ပုံမှန်မဟုတ်တဲ့ ကမ္ဘာမြေဆွဲအားကြောင့် အပင်တွေ၊ ကျောက်ခဲတွေ၊ အရာဝတ္ထုတွေတော်တော် များများက မာကြောကုန်ကြတယ် ဒါပေမယ့် ဒါကငါဒါမှမဟုတ် အဆင့်နိမ့်နယ်ပယ်ကလာတဲ့ တခြားလူတွေ အတွက်ပဲထင်တယ် . . .)
(တကယ်တော့ ဒီအရာတွေက ငါထင်သလောက် မမာဘူး ငါကသိပ်အားနည်းနေလို့သာ အဲဒီလို ဖြစ်တည် နေတာ၊ တခြားအရာတွေလည်း အဲဒီလိုပဲ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်က လက်နက်တွေဆိုတာ မယုံ နိုင်လောက်အောင်ကို အစွမ်းထက်နေလိမ့်မယ် . . .)
ရဲရှောင်လည်း သူ၏ဟင်းလင်းပြင်ကြီးအတွင်းရှိ ကြယ်ဓားကြီးကို ကြည့်ရင်း‌ တွေးမိလိုက်သည်။
ကြယ်ဓားကြီးက ထူးခြားသော သတ္တုများဖြင့် ပြုလုပ်ထားသော ဓားတစ်လက်သာဖြစ်၏။
ထို့ကြောင့် အလွန်ထူးခြားသော လက်နက်တစ်မျိုးဖြစ်နေရခြင်းပါပင်။
ထို့ပြင် ဟင်းလင်းပြင်ကြီးထဲ၌ပင် ရှိနေသော ဧကရာဇ်ဓားကို စစ်ဆေးကြည့်လိုက်ပြန်သည်။
“ငါ့မိတ်ဆွေဟောင်းကြီး . . .”
“မင်းပိုပြီး တိုးတက်မှုတွေရှိမှ ဖြစ်လိမ့်မယ်၊ ငါတို့ အခုရှိနေတဲ့ကမ္ဘာကြီးမှာ အသားကျအောင် ကြိုးစားလိုက် စမ်းပါ၊ မင်းပိုပြီးကောင်းမွန်စေဖို့ အကောင်းဆုံးပစ္စည်းတွေကို ငါရှာပေးမယ် . . .”
ဧကရာဇ်ဓားကြီးက ရဲရှောင် ပြောသည့်စကားကို နားလည်သည့်ထင်။
ခွန်းတုန့်ပြန်သည့် သဘောဖြင့် တစ်ချက်တုန်ခါပြလိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now