1401------1402

100 4 0
                                    

အခန်း (၁၄၀၁)(စာစဉ် ၁၀၁- အပိုင်း၁)
“ကြောက်ရွံ့မှု”

မိန်းမတစ်ယောက် မည်မျှ အစွမ်းထက်သည်ကို ညွှန်း ဖော်ပြနေရသည်မှာ အဓိပ္ပာယ်မရှိလှချေ။
သို့သော် အမှန်တရားကို ၎င်းတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ ရပြီးပြီ မဟုတ်ပါလား။
လက်ရှိတွင်လည်း ထိုအမှန်တရားကို ကိုယ်တိုင်ကြုံ တွေ့ခဲ့ရခြင်း မရှိသော လူများပင် တစ်ဆင့်စကား ကြားရုံ ဖြင့် သွေးများ အန်ထွက်ကုန်ကြသည်။
(ကိုယ်လုပ်တော် ဟုတ်လား . . .)
ရှောင်ဧကရာဇ်၏ ကိုယ်လုပ်တော်ပင် ထိုမျှလောက် ထိ အစွမ်းထက်နေလေသည်။
အရိပ်ကဲ့သို့သော ပညာရှင်မျိုးပင် ထိုကိုယ်လုပ်တော် ကြောင့် သေလုမျောပါး ဒဏ်ရာရရှိခဲ့သည်။
ဤသည်မှာ မယုံနိုင်ဖွယ်ကောင်းသည့် အရှက်ရစရာ ကိစ္စတစ်ခုပါပင်။
ထို့ကြောင့် အရိပ်ပြောသမျှကို မည်သူမှ မေးခွန်း မထုတ်ကြဘဲ သူ့အား ဒဏ်ရာရအောင် လုပ်ခဲ့သည့် မိန်းမ ၏ အစွမ်းကိုသာ သိချင်နေကြသည်။
ထိုကဲ့သို့ အစွမ်းထက်လွန်းသော မိန်းမက တစ်စုံတစ် ဦး၏ ကိုယ်လုပ်တော်အဖြစ် မည်သို့ ရှိနေရပါသနည်း။
ထိုအချိန် အချို့သော အဆင့်နိမ့်ပညာရှင်များ၏ စိတ် ထဲ၌ တွေးနေမိသည်မှာ -
(သူ ကြွားပြောနေတာတော့ မဟုတ်လောက်ပါဘူး)
သို့သော် အရိပ်ကဲ့သို့သော ပညာရှင်မျိုးမှ ယခုလိုကိစ္စ မျိုးကို ဟာသတစ်ပုဒ်အဖြစ် ပြောမည်မဟုတ်ကြောင်းကို လည်း သူတို့ ကောင်းစွာ သိနေကြသည်။
ထို့ပြင် ဒဏ်ရာများကလည်း အစစ်အမှန်များ ဖြစ်နေ သည် မဟုတ်ပါလား။
“ဓားဒဏ်ရာတွေ . . .”
ခေါင်းဆောင်ဖြစ်သူမှ မျက်စိပျက် မျက်နှာပျက်ဖြင့် ပြောလိုက်သည်။
“ရှောင်ဧကရာဇ်က ဒီဒဏ်ရာတွေဖြစ်အောင် လုပ်ခဲ့ တာ၊ သူ့ကြောင့်ပဲ ဒီဒဏ်ရာတွေ ရခဲ့တာမလား . . .”
“ဟုတ်ပါတယ် . . .”
အရိပ်မှ နာကျင်မှုကြောင့် ငြီးတွားရင်း ပြောလိုက်၏။
ဓားဒဏ်ရာများမှာ အချိန်ကြာလာသည်နှင့်အမျှ ပို၍ ဆိုးရွားလာ၍ အရိပ်တစ်ယောက် မခံနိုင်တော့ခြင်း ဖြစ် သည်။
“ဒဏ်ရာတွေကတော့ ပုံမှန်အတိုင်းပဲ ဒါပေမယ့် ဒီလို ဒဏ်ရာဖြစ်အောင် လုပ်ခဲ့တဲ့ လက်နက်ကတော့ အံ့ဩဖို့ ကောင်းလိမ့်မယ် . . .”
ပြောပြောဆိုဆိုဖြင့် ခေါင်းဆောင်ဖြစ်သူ အဘိုးကြီး လည်း အရိပ်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာတစ်ခုကို အနီး ကပ် ဖြဲကြည့်လိုက်သည်။
ထိုသို့ ကြည့်နေသည့် သူ၏ မျက်လုံးများထဲ၌ အနက် ရောင် အခိုးအငွေ့များ ယှက်သန်းနေသလိုပါပင်။
ခဏအကြာတွင် အဘိုးကြီးမှ -
“ဒီဓားက ကမ္ဘာပေါ်မှာ အထက်ရှဆုံး ဓားပဲဖြစ်လိမ့် မယ်၊ လုံးဝကို ပြိုင်ဘက်ကင်းပဲ . . .”
“ဒီလို ဓားမျိုးက တကယ်ပဲ ရှိနေတယ်လား . . .”
အခြားသော ဝတ်ရုံနက်ဝတ် လူများမှာ မျက်လုံးများ အရောင်ဝင်းလက်သွားရင်း မေးလိုက်ကြသည်။
ခေါင်းဆောင်ဖြစ်သူမှ ဓားအကြောင်း အရိပ်အမြွက်မျှ သာ ပြောသွားသော်လည်း ၎င်းတို့အဖို့ ထိုဓားကို အလွန် စိတ်ဝင်စားသွားမိကြသည်။
“ဒါတောင် ဒီဓားရဲ့ စွမ်းအင်အကုန်လုံးကို မပြောရ သေးဘူး၊ ငါကဓားရဲ့ ချွန်ထက်ပုံကိုပဲ ပြောရသေးတာ”
“ငါထင်တာသာ မှန်မယ်ဆိုရင် ဒီဓားမှာ ကြယ်တွေရဲ့ စွမ်းအင်တွေ ရှိနေလောက်တယ် ဘာလို့လဲဆိုတော့ ဒဏ် ရာတွေကို ကြည့်ရသလောက် ကြယ်အလင်းတန်း နည်း နည်း ပါဝင်နေလို့ပဲ . . .”
“အဲဒါကြောင့် ဒီဒဏ်ရာတွေက သက်သာဖို့ ခက်ခဲနေ တာပေါ့ အချိန်ကြာလာတာနဲ့အမျှ ကြယ်လင်းတန်းက ပို ပေါက်ကွဲလာပြီး ဒဏ်ရာကို ပိုကြီးလာစေမှာ၊ ဒါကဒီဓား ရဲ့ စွမ်းအားပဲ . . .”
“နောက်ပြီး ဒီဓားမှာ ထူးခြားတဲ့ စွမ်းအင်တစ်ခု ရှိနေ သလိုပဲ ဒါပေမယ့် အဲဒီစွမ်းအင်က ရှောင်ဧကရာဇ်ရဲ့ စွမ်း အင်လည်း မဟုတ်ပြန်ဘူး ဓားမှာ သူ့အလိုလို ပါနေတဲ့ စွမ်းအင်မျိုးပဲ . . .”
“ဓားရဲ့ အဲဒီ စွမ်းအင်တွေက ဒဏ်ရာတွေဖြစ်အောင် ဖြတ်တောက်နိုင်ရုံမကဘူး ကြွက်သားတွေကိုပါ အေးခဲ သွားစေနိုင်တယ်၊ အဲဒါကြောင့်ပဲ အရေပြားနဲ့ ကြွက်သား တွေ အားလုံးက ချက်ချင်းကို အကြောသေသွားသလို ဖြစ်သွားတာ . . .”
“ငါချင်းရန်နယ်ပယ်မှာ နေလာခဲ့တာ နှစ်ပေါင်းမရေ မတွက်နိုင်အောင် ကြာပြီ ဒါပေမယ့် ဒီဓားလောက်အစွမ်း ထက်တဲ့ လက်နက်မျိုး တစ်ခါမှ မမြင်ဖူး မကြားဖူးဘူး၊ စကြာဝဠာကြီးက ကျယ်ပြောလွန်းတော့ ထူးဆန်းတာ တွေက မကုန်နိုင်လောက်အောင် ဖြစ်နေတာပဲ . . .”
“အရိပ်က ကျင့်ကြံမှုမှာ အဆင့်မြင့်နေပြီဆိုတော့ သူ့ ကိုယ်သူ အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်တယ်၊ ရှောင်ဧကရာဇ်ကလည်း အရမ်းကြီး အစွမ်းမထက်သေး တာ ဒါမှမဟုတ် ဖိပြီး မတိုက်လိုက်တာ ဖြစ်နိုင်တယ်၊ အဲ ဒါကြောင့်သာ ဒီဓားကြောင့် ကြီးကြီးမားမား မထိခိုက် သွားတာ ဒီလိုမှမဟုတ်ရင် စိတ်ပိုင်းဆိုင်ရာရော ဝိညာဉ် ပိုင်းဆိုင်ရာမှာပါ အသတ်ခံရပြီးလောက်တာ ကြာပြီ . . .”
ခေါင်းဆောင်ဖြစ်သူမှ လေးလေးနက်နက်ပင် ပြော လိုက်သည်။
ထို့နောက် အရိပ်၏ ဒဏ်ရာပတ်လည်ရှိ ခရမ်းရောင် ချီဓာတ်များကို ကြည့်လိုက်ပြန်ရင်း သက်ပြင်းချကာ -
“ဒီခရမ်းရောင် ချီဓာတ်တွေက . . .”
“အမှန်တိုင်းပြောရင် ဒါကို ငါလည်း မသိဘူး . . .”
“မင်း ဒါကို ရှောင်ဧကရာဇ်ကြောင့် ရခဲ့တာမလား”
“ဟုတ်ပါတယ် . . .”
အရိပ်မှ မျက်နှာ ရှုံ့မဲ့ရင်း ပြောလိုက်သည်။
သူ့အဖို့ ချွေးဒီးဒီးကျ၍ နာကျင်နေရသော်လည်း အား တင်း၍ ဖြေနေရလေသည်။
သို့မှသာ ဒဏ်ရာများမှတစ်ဆင့် ကောက်ချက်ချနိုင် မည် မဟုတ်ပါလား။
နောက်ဆုံးတွင် ဒဏ်ရာများအားလုံးကို ခေါင်းဆောင် ဖြစ်သူ အဘိုးကြီး စစ်ဆေးပြီးမြောက်သွားသည်။
ထိုအခါမှ အရိပ်လည်း သူ၏ စွမ်းအင်များကို စုစည်း ၍ ပြန်လည်သက်သာစေရန် ပြုလုပ်လိုက်သည်။
ထိုအချိန် ရုတ်တရက် ခေါင်းဆောင်မှ သူ၏ ဓားကို ဆွဲထုတ်လိုက်၏။
“ချွမ် . . .”
ထို့နောက် လင်းလက်နေသော ထိုဓားဖြင့် အရိပ်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှ အသားများကို ဖြတ်ထုတ် လိုက်သည်။
ထိုအခါ သွေးများမှာ မြင်မကောင်းအောင် ပန်းထွက် လာကြလေသည်။
ကိစ္စပြီးချိန်တွင် အဘိုးကြီးမှ အရိပ်အား ဆေးလုံး ၁ လုံးကို တိုက်ကျွေးလိုက်ပြန်သည်။
ခဏအကြာတွင်မူ အနီရောင်သွေး၏ ခန္ဓာကိုယ်တွင် အနက်ရောင် အခိုးအငွေ့များဖြင့် ဖုံးလွှမ်းရစ်သိုင်းသွား တော့သည်။
“ရဲရှောင်နဲ့ တိုက်ခိုက်တဲ့ ဘယ်သူမဆို သူ့ဓားချက် ကြောင့် ဒဏ်ရာရတာနဲ့ ထူးခြားတဲ့ ခရမ်းရောင် ချီဓာတ် တွေ ကူးစက်တာကို ခံရလိမ့်မယ် . . .”
“အဲဒီလို ကူးစက်ခံရတာနဲ့ ဒဏ်ရာရှိတဲ့ အသားကို ဖြတ်ထုတ်ဖို့ မမေ့မလျော့ သတိထားကြပါ၊ ဒီလိုမှမဟုတ် ရင်တော့ ဒဏ်ရာက ရှည်ကြာပြီး ပြန်သက်သာလာနိုင်မှာ မဟုတ်ဘူး . . .”
“အရိပ်ပြောသလိုဆိုရင် ရှောင်ဧကရာဇ်ရဲ့ ကျင့်စဉ်က ငါတို့အတွက် ဆိုးကျိုးတွေပဲ ဖြစ်စေလိမ့်မယ်၊ ငါတို့ ဒါကို သတိလက်လွတ်နေလို့ မဖြစ်ဘူး . . .”
ခေါင်းဆောင်ဖြစ်သူမှ အနက်ရောင် အခိုးအငွေ့များ ဖြင့် ဖုံးလွှမ်းနေသည့် အနီရောင်သွေးကို ကြည့်ရင်း ပြော လိုက်သည်။
သူ၏ ထိုအကြည့်များကလည်း ယခင်ကထက်ပင် ပို ၍ တည်ငြိမ်နေလေသည်။
“ငါသူ့ကို အထင်သေးလွန်းမိသွားပြီလား . . .”
“ရှောင်ဧကရာဇ် ရဲရှောင်က အင်အားကြီး အထောက် အပံ့တွေ အများကြီး ရထားတာပဲ အဲဒါတင်မကဘူး အင် အားကြီးတဲ့ လျှို့ဝှက်အဖွဲ့စည်းတွေလည်း ရှိနေနိုင်သေး တယ်၊ ဒီကမ္ဘာမှာ သူက ငါ့ရဲ့တစ်ဦးတည်းသောနဲ့ နောက် ဆုံး ပြိုင်ဘက်ပဲ ဖြစ်လိမ့်မယ် ထင်တယ် . . .”
ခေါင်းဆောင်ဖြစ်သူမှ ရေရွတ်လိုက်သည်။
ထိုအချိန် သူ့စိတ်ထဲ၌ တိုက်ခိုက်ချင်သည့် စိတ်များ လည်း တဖွားဖွား ဖြစ်ပေါ်သွားသည်။
အနက်ရောင် အခိုးအငွေ့များကြား ရောက်နေသော အနီရောင်သွေးမှာမူ သက်သာစပြုလာနေပြီ ဖြစ်သည်။
ထို့ကြောင့် ခေါင်းဆောင်ဖြစ်သူအား စိတ်ချင်းဆက် သွယ်၍ -
“ခေါင်းဆောင် ဒီဓားနဲ့ ဒီကျင့်စဉ်တွေက သခင်ကြီးဘိုင်နဲ့ များ ပတ်သက်နေမလား . . .”
ထိုစကားကြောင့် ခေါင်းဆောင်ဖြစ်သူမှာ တုန်လှုပ် သွားပြီး ဒေါသတကြီးဖြင့် -
“မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး . . .”
အဘိုးကြီးက အနီရောင်သွေးအား မာန်မဲလိုက်ခြင်း ဖြစ်သလို သူ့ကိုယ်သူ နှစ်သိမ့်လိုက်ခြင်းလည်း ဖြစ်သည်။
(ရဲရှောင်က သခင်ကြီးဘိုင်နဲ့ ဘာဆိုင်လို့တုန်း သူနဲ့ ဘာမှကို မဆိုင်ဘူး . . .)
“ခေါင်းဆောင် ကျုပ်လူတွေကို ခြောက်လှန့်ဖို့ ကြိုး စားနေတာ မဟုတ်ပါဘူး ဒါပေမယ့် ရှောင်ဧကရာဇ်နဲ့ ပတ်သက်နေတဲ့ အရာအားလုံးက ထူးခြားနေတယ် ပြီး တော့ ဓားကလည်း ချင်းရန်နယ်ပယ်က မဟုတ်ဘူး . . .”
“ပိုဆိုးတာက သူ့ရဲ့ ကျင့်စဉ်က ကျုပ်တို့ရဲ့ ကျင့်စဉ် ကို ထိန်းချုပ်နိုင်နေစွမ်း ရှိတယ် အဲဒါကြောင့် ကျင့်စဉ်က လည်း ချင်းရန်နယ်ပယ်က မဖြစ်နိုင်ဘူး ထင်တယ် . . .”
“အရေးကြီးဆုံး အချက်က ကျုပ် ဒီလို ထပ်ပြီး သိခဲ့ရ သေးတယ် သခင်ကြီးဘိုင် မော်တယ်ကမ္ဘာမှာ ဆုံခဲ့တဲ့ လူ ငယ်လေး ရဲရှောင်ဆိုတာ သူ့ရဲ့ ပြိုင်ဘက်လို့ ပြောတယ်၊ ရဲရှောင်နဲ့ ရှောင်ဧကရာဇ်ဆိုတာ အတူတူပဲမလား . . .”
အနီရောင်သွေးမှ စိတ်ချင်းဆက်သွယ်၍ ထပ်မံ ပြော ဆိုလိုက်ပြန်သည်။
ခေါင်းဆောင်ဖြစ်သူ အဘိုးကြီး၏ မျက်နှာ ကွက်ခနဲ ပျက်သွား၏။
သို့သော် အနက်ရောင် အခိုးငွေ့များကြောင့် သူထိုသို့ ဖြစ်သွားသည်ကို မည်သူမှ သတိပြုမိလိုက်ခြင်း မရှိပေ။
ခဏအကြာတွင် အဘိုးကြီးလည်း ပြန်တည်ငြိမ်သွား ပြီး -
“ကမ္ဘာကြီးက အရှုပ်အထွေးတွေ ဖြစ်နေတာ၊ နောက် ပြီးတော့ အထက်နယ်ပယ်နဲ့ အောက်နယ်ပယ်ကြားက လမ်းကြောင်းကလည်း ပိတ်နေတာမလား . . .”
ခေါင်းဆောင်ဖြစ်သူမှ မျက်နှာပျက်ယွင်းစွာဖြင့် ပြော လိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now