1357---------1362

78 5 0
                                    

အခန်း (၁၃၅၇)(စာစဉ် ၉၇- အပိုင်း၁၃)
“သတိပေးခံရသော ရဲရှောင်”

(ဆရာက သူ့အသက်ကို ပေးခဲ့တယ်၊ ဆရာက ငါ့ အတွက်နဲ့ သေခဲ့တယ် . . .)
ထိုအချက်ကြောင့် ဝရမ်ချူးချူးမှာ ဘယ်သောအခါ မှ ရှေ့ဆက်တိုးရန် ကြိုးစားလိမ့်မည် မဟုတ်ပေ။
ဆရာဖြစ်သူ သေဆုံးသွားပြီးနောက် ဆရာဖြစ်သူ ချစ်သော ယောက်ျားတစ်ယောက်ကို သူမ မည်သို့ ချစ် နိုင်ပါမည်နည်း။
(ငါအဲဒီလိုသာ လုပ်ရင် အသက်ရှင်ဖို့တောင် ထိုက် တန်တော့မှာ မဟုတ်ဘူး . . .)
(ဟင့်အင်း မဖြစ်ဘူး ငါလုပ်လို့မရဘူး၊ ဒီလို လုပ်ရပ် မျိုးကို ငါဘယ်တော့မှ လုပ်လို့ရမှာ မဟုတ်ဘူး . . .)
သို့သော် စိတ်များကို ထိုသို့ ထိန်းချုပ်ရသော်လည်း သူမစိတ်ထဲ၌ အချစ်စိတ်များကို ချွန်းအုပ်၍ မရနိုင် ဖြစ် နေမိသည်။
လောက၌ ထိန်းချုပ်ရန် အခက်ခဲဆုံး အရာထဲတွင် ချစ်ခြင်းမေတ္တာတရားလည်း ပါဝင်နေသည် မဟုတ်ပါ လား။
ထို့ကြောင့် စိတ်အလိုမကျ ဖြစ်နေမိသော ဝရမ်ချူး ချူးအဖို့ ကြယ်ရောင်ဂိုဏ်း အပေါ်တွင်သာ ပို၍ ဒေါသ များကို ပုံချနေမိ၏။
ထိုစိတ်နှင့်အတူ ကြယ်ရောင်ကို တစစီ ဖျက်ဆီးပစ် ချင်သည့် စိတ်များ ပို၍ပင် ဖုံးလွှမ်းလာနေလေသည်။
(ရှင်တို့က ကျွန်မဆရာကို သတ်ခဲ့တယ်၊ ကျွန်မရဲ့ ဘဝကို ဖျက်တယ် . . .)
(ရှင်တို့က သေဖို့ထိုက်တန်တယ် အားလုံး သေကို သေရမယ် . . .)
သူမ ကြယ်ရောင်ဂိုဏ်းသို့ စရောက်ချိန် သူမ ကြည့် မဝ ဖြစ်ခဲ့သော ရဲရှောင်၏ မျက်နှာကို မြင်တွေ့လိုက်ရ သည်။
ထိုအခိုက်အတန့်တွင် သူမရင်ထဲ၌ နာကျည်းမှုများ၊ မုန်းတီးမှုများနှင့် သတ်ဖြတ်လိုစိတ်များပင် ခဏတာ ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။
သူမ ကြယ်ရောင်ဂိုဏ်းသို့ မည်သည့်အတွက် လာ သည်ကိုပင် မေ့လျော့သွားခြင်း ဖြစ်သည်။
သို့သော် ထိုခံစားမှုက ခဏတာမျှသာ ဆရာဖြစ်သူ အကြောင်း တွေးမိသည်နှင့် သူမ၏ ဒေါသများက ပို၍ ပင် ဆူပွက်ပြန်လာခဲ့သည်။
ထိုအချိန်မှာပင် ကောင်းကင်ထက်မှ ကျယ်လောင် သော အသံများနှင့်အတူ တူညီဝတ်စုံများ ဝတ်ဆင် ထားသည့် မိန်းကလေးတစ်စု ဆင်းသက်လာကြသည်။
ထိုမိန်းကလေးများမှာ သတ်ဖြတ်လိုသော အငွေ့ အသက်များနှင့်အတူ မြေပြင်ပေါ်သို့ ဆင်းသက်လာကြ ခြင်း ဖြစ်သည်။
“မင်းတို့ ဘာလို့ ရောက်လာတာလဲ . . .”
ကျွင့်ယင်းလျန်မှ အံ့ဩဝမ်းသာသည့် ဟန်မျိုးဖြင့် မေးလိုက်သည်။
စင်စစ် ထိုမိန်းကလေးများမှာ ကောင်းကင် ရေခဲ နန်းတော်မှ မိန်းကလေးများပါပင်။
ထိုအုပ်စုကို ဦးဆောင်လာသူမှာ ကောင်းကင်ရေခဲ နန်းတော်၏ သက်ကြီးပညာရှင်ချုပ်ပင် ဖြစ်၏။
သူမ၏ ပုံစံက တည်တည်ငြိမ်ငြိမ် ဖြစ်နေသည့်တိုင် မျက်လုံးများမှာမူ ပျော်ရွှင်မှုအတိပင် ဖြစ်နေသည်။
ကျွင့်ယင်းလျန်ကို သူမ၏ ပုံစံအတိုင်း အသက်မဲ့နေ သော မျက်လုံးများဖြင့် ကြည့်ချင်သော်လည်း ထိုပျော် ရွှင်မှုများကို မည်သို့မှ မဖုံးကွယ်နိုင်ချေ။
ထို့ကြောင့် နောက်ဆုံးတွင် ပြုံးလိုက်ရင်း -
“သခင်မက အသက်ကိုတောင် စွန့်ပြီး ယောက်ျား ကို အထောက်အပံ့ပြုပေးနေမှတော့ ကျွန်မတို့ကရော ဘေးဖယ်နေမယ် ထင်လို့လား၊ ကျွန်မတို့က မိသားစု ဝင်တွေပဲလေ . . .”
“မိသားစုဝင် . . .”
ထိုစကားလုံးကြောင့် ကျွင့်ယင်းလျန် စိတ်ထဲ နွေး ခနဲပင် ခံစားသွားရပြီး မျက်ရည်များပင် ဝေ့တက်သွား သည်။
သို့သော် သူမ၏ ခံစားချက်များကို ချက်ချင်းပင် ထိန်းချုပ်လိုက်ပြီး ပြုံးကာ -
“ငါတကယ် ကျေးဇူးတင်ပါတယ် . . .”
“ဒါပေါ့ ဟား ဟား ဟား . . .”
ထို့နောက် မိန်းကလေး သုံးဦးမှ သံပြိုင်ဖြင့်ပင် -
“ကျွန်မတို့က ကောင်းကင်ရေခဲနန်းတော်ရဲ့ ဂိုဏ်း သားတွေပဲလေ၊ ကျွန်မတို့ ဂိုဏ်းချုပ်ဘက်က ထာဝရ ရပ်တည်ရမှာပေါ့၊ အတူတူ တိုက်ခိုက်ကြမယ် ကမ္ဘာ ကြီးကို အတူတူ ရင်ဆိုင်ကြမယ် . . .”
“ဂိုဏ်းချုပ်ရဲ့ အရေးက ကျွန်မတို့ရဲ့ အရေးပဲလေ၊ ဂိုဏ်းချုပ်ရဲ့ ရန်သူက ကျွန်မတို့ရဲ့ ရန်သူပဲပေါ့ . . .”
“ကျွန်မတို့ ဂိုဏ်းချုပ်ကို ဘယ်သူတွေ အနှောက် အယှက် ပေးဝံ့လဲ ကျွန်မတို့ ခွင့်လွှတ်မှာ မဟုတ်ဘူး”
“အဲဒီလူက ရှောင်ဧကရာဇ်ဆိုရင်တောင် ခွင့်လွှတ် မှာ မဟုတ်ဘူး . . .”
မိန်းကလေး သုံးဦးမှာ ထိုစကားများကို တစ်ပြိုင် တည်း ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။
သူမတို့၏ အသံက ကမ္ဘာကြီးကို တုန်လှုပ်သွားစေ သည်အထိ အားမကြီးသည့်တိုင် ကြားရသူတိုင်းအဖို့ အားတက်စရာပါပင်။
ထိုမိန်းကလေးများက ကျွင့်ယင်းလျန်ကို ထောက် ပံ့ပေးရန် လာကြခြင်း ဖြစ်သလို တစ်ချိန်တည်းမှာပင် ရဲရှောင်ကိုလည်း သတိပေးလိုက်ခြင်း ဖြစ်၏။
(ကျွန်မတို့ရဲ့ ဂိုဏ်းချုပ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရင် ဆက်ဆံ မဟုတ်လို့ကတော့ ကျွန်မတို့နဲ့ တွေ့မယ် . . .)
ရဲရှောင်အဖို့ ပြုံးရုံသာ ပြုံးလိုက်မိတော့သည်။
ထို့အတူ လိဝူလျန်နှင့် ဟန်ပိုင်ယွဲ့တို့လည်း တစ်ဦး မျက်နှာ တစ်ဦးကြည့်ရင်း ပြုံးစိစိ ဖြစ်သွားကြသည်။
(အတွဲတွေကြားက အခြေအနေကို မင်းတို့ အကုန် သိတယ်များ ထင်နေတာလား၊ သူတို့တွေ အိပ်ခန်းထဲ မှာ ဖြစ်ပျက်သမျှ အရာတွေကို သိနိုင်မယ် ထင်လို့လား၊ သူတို့ အိပ်ခန်းထဲက တိုက်ပွဲက ပိုပြီးပြင်းထန်တယ်ကွ ဟား ဟား ဟား . . .)
ထိုအချိန် ရဲရှောင်မှ အပြုံးဖြင့် -
“မင်းတို့အားလုံးနဲ့ ငါရင်မဆိုင်ချင်ပါဘူး၊ ငါက ဘယ်လို ရင်ဆိုင်ဝံ့ပါ့မလဲ၊ ငါကောင်းကောင်းနေမှာပါ ငါကတိပေးတယ် . . .”
သက်ကြီးပညာရှင်ချုပ်မှ -
“ရှင်ပြောတာကို ရှင်မမေ့ပါနဲ့ ရှောင်ဧကရာဇ်၊ ရှင် ကတိမတည်လို့ကတော့ ကျွန်မရဲ့ဓား ဘယ်လောက် ထက်သလဲဆိုတာ သိသွားစေရမယ် . . .”
လိဝူလျန်မှ ထိန်းမထားနိုင်တော့၍ အားရပါးရပင် ရယ်မောလိုက်ရင်း -
“ဟား ဟား ဟား . . .”
“အသာအယာ လုပ်ပါ မိန်းကလေးတို့ရာ မင်းတို့က သူ့အပေါ် တော်တော်ကြီး ကြမ်းတမ်းနေတာပဲ၊ ရိုးရိုး ရှင်းရှင်းလေးပဲ ပြောလို့မရဘူးလား . . .”
“ဘာတဲ့ ဓားနဲ့တွေ့မယ် ဟုတ်လား ဒါကြီးက ရိုင်း တယ်လို့ မထင်ဘူးလား၊ သူတို့ အိပ်ခန်းတံခါးပိတ်သွား ရင်ရော သူတို့ ဘာလုပ်မယ် မင်းထင်နေတာလဲ၊ မင်းတို့ ကို အသိပေးမယ်လို့များ ထင်နေတာလား . . .”
“နောက်ပြီးတော့ မင်းတို့ ဂိုဏ်းချုပ်ရဲ့ စိတ်အခြေ အနေကို ငါတို့အားလုံး သိနေတာပဲ သူ့ကို ဘယ်သူက အနှောက်အယှက် ပေးဝံ့မှာလဲ . . .”
“အမှန်အတိုင်းပြောရရင် အနိုင်ကျင့်ခံရမှာက မင်း တို့ ဂိုဏ်းချုပ် မဟုတ်ဘူး ငါတို့လူပဲ အနိုင်ကျင့်ခံရမှာ၊ သူပြောတာကိုပဲ နားထောင်ကြည့်လေ . . .”
‘ငါကောင်းကောင်း နေပါမယ်တဲ့’
“ကဲကြည့်စမ်း ဘယ်လောက်တောင် ရိုကျိုးလိုက် သလဲ၊ ဒါကသူ့စိတ်ထဲက ခံစားချက် အမှန်ကို ထုတ်ပြ လိုက်တာပဲ . . .”
“အခု ကိစ္စကို ကြည့်ရုံနဲ့တင် ကောင်းကင်ရေခဲနန်း တော်က မိန်းကလေးတွေ အားလုံးကို သဘောပေါက် သွားပြီ . . .”
လိဝူလျန် ထိုသို့ပြောချိန် မိန်းကလေးများမှ သူ့အား စူးရှသည့် မျက်ဝန်းများဖြင့် ကြည့်နေကြ၍ ပြောလက် စ စကားပင် တန့်သွားလေသည်။
ကျွင့်ယင်းလျန်မှာလည်း ရှက်ရွံ့နေသည့် ဟန်ဖြင့် လိဝူလျန်ကို ဒေါသတကြီး လှမ်းကြည့်လိုက်၏။
(ပြောတာကိုလည်း ကြည့်စမ်းပါဦး ငါတော့ သူ့ကို တကယ် ရိုက်ပစ်ချင်နေပြီ . . .)
သို့သော် ထိုအတွေးကိုမူ သူမ ထုတ်ဖော် ပြောမနေ တော့ပေ။
ဟန်ပိုင်ယွဲ့၏ စိတ်ထဲတွင်မူ လိဝူလျန်ကို အထင် ကြီးသွားမိသည်။
(လိဝူလျန်က ဉာဏ်နီဉာဏ်နက် မများဘဲ ပွင့်ပွင့် လင်းလင်း လုပ်တတ်တဲ့ လူတစ်ယောက်လို့ လူတွေက ထင်နေကြတယ် ဒါပေမယ့် အခုတော့ သူ့ရဲ့ စရိုက်ကို ငါသိလိုက်ရပြီ . . .)
(ကြည့်စမ်းပါဦး ကျွင့်ယင်းလျန်ကို စနောက်ဖို့ အခွင့်အရေး ရတာနဲ့ သူက မညှာမတာကို တွယ်တော့ တာပဲ . . .)
(ဒီပုံစံအတိုင်းဆို ငါတို့ ညီအစ်ကိုတွေထဲမှာ ငါက အရှက်မဲ့ဆုံးလူ ဘယ်တော့မှ မဖြစ်တော့ဘူးဆိုတာ သေချာတယ် . . .)
ထိုအချိန် ကောင်းကင်ရေခဲနန်းတော်၏ သက်ကြီး ပညာရှင်ချုပ်မှာ ဆွံ့အလျက် ရှိနေသည်။
သူမ၏ အမြင်တွင် လိဝူလျန်က အပြောကြီး၍ စိတ် သဘောထား သေးသိမ်သည့် လူတစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။
“တစ်ချို့နေရာတွေတော့ မှန်ပါတယ် ဒါပေမယ့် ဒါကရှောင်ဧကရာဇ်ပေါ်မှာ မမူတည်ဘူး၊ ကျွန်မတို့ရဲ့ ဂိုဏ်းချုပ်ကြီး ဝမ်းနည်း နာကျင်သွားတယ်ဆိုတာနဲ့ ကျွန်မတို့က ဘယ်သူ့ကိုမှ ဂရုစိုက်တော့မှာ မဟုတ်ဘူး၊ ကျွန်မတို့ သူ့ကို အနိုင်ကျင့် မခံနိုင်ဘူးလေ . . .”
ဤသည်က အထက်စီးဆန်လွန်းသည့် စကားများ ပါပင်။
သို့သော် အားလုံးမှာ သဘောကျသွား၍ ကိုယ်စီ ကိုယ်စီ ရယ်မိလိုက်ကြသည်။
ဟန်ပိုင်ယွဲ့၏ အတွေးထဲတွင်မူ -
(ဟင် မင်းတို့ကလား တကယ်ပဲပေါ့ . . .)
(မင်းတို့က ဒီလောက်အားနည်းတာ ဆရာသမား က မင်းတို့ကို လေတစ်ချက်လည်ရုံနဲ့တင် အနိုင်ယူလို့ ရတယ် . . .)
(ကိုယ့်အခြေအနေကိုယ် သိသင့်တယ် မိန်းကလေး တို့၊ အပြောကြီးမနေကြနဲ့ . . .)
ထိုအချိန် ရဲရှောင်မှာမူ သူ၏ စိတ်စွမ်းအင်များဖြင့် ထိုနေရာတစ်ခုလုံးကို ဖြန့်ကျက်ထားပြီးဖြစ်၍ ကြယ် ရောင်ဂိုဏ်းရှိ လူများ ထွက်ပြေးသွားခြင်း မဟုတ်သည် ကို သိနေသည်။
အများစုမှာ အတွင်း၌ ပုန်းအောင်းနေကြခြင်း ဖြစ် သည်။
ထိုလူများ အဘယ့်ကြောင့် ထိုသို့ ပြုမူရသည်ကို ရဲရှောင် နားမလည်နိုင်ချေ။
(ငါတို့တွေ သူတို့နေရာ အတွင်းထဲကို ရောက်နေပြီ၊ အဲဒါတောင် သူတို့က ပေါ်မလာသေးဘူး သူတို့တွေ တစ်ခုခု ခိုးကြောင်ခိုးဝှက် ကြံစည်နေတာပဲ ဖြစ်ရမယ်)
ထို့ကြောင့် ရဲရှောင်မှ -
“ရဲရှောင်နဲ့ လိဝူလျန်တို့ ရောက်နေတယ်၊ ကြယ် ရောင်ဂိုဏ်းရဲ့ ကြီးကြပ်သူ တစ်ယောက်ယောက်များ မရှိကြဘူးလား . . .”
ရဲရှောင်နှင့် လူများအားလုံး စုစည်းနေကြခြင်း ဖြစ် သော်လည်း ယခုတိုက်ပွဲတွင် ဦးဆောင်လာသည့် လူ များက ရဲရှောင်နှင့် လိဝူလျန်ပင် မဟုတ်ပါလား။
ထို့ကြောင့် သူနှင့် လိဝူလျန်ကိုသာ တိုင်တည်ပြော ဆိုလိုက်ခြင်း ဖြစ်သည်။
သို့သော် ရဲရှောင်နှုတ်မှ ဝရမ်ချူးချူး၏ နာမည်ကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိဘဲ နေခဲ့ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now