1191------1193

145 8 1
                                    

အခန်း (၁၁၉၁)(စာစဉ် ၈၆- အပိုင်း ၁)

“ဝုဖ၏ ဓားများ”

ဝုဖမှ ကျယ်လောင်စွာ ရယ်မောလိုက်ရင်း -

“ရှက်စရာပဲ၊ မင်းက ဂုဏ်သိက္ခာတွေ၊ အမှန်တရား တွေ၊ အရှက်တရားတွေကို သိပ်ပြီးအလေးထားတဲ့ပုံပဲ၊ ဒါပေမယ့် အဲဒါတွေက ဘာအရေးကြီးတော့လို့လဲ မင်း က ငါ့လက်ထဲမှာ သေရတော့မှာလေ၊ ဒါကမင်းရဲ့ ကံ တရားပဲ ဘယ်သူမှ ပြောင်းလဲပေးလို့ မရနိုင်ဘူး . . .”

“တကယ်လို့ မင်းက ရှောင်ဧကရာဇ်လို အဆင့်မျိုး ရှိနေရင်တောင် ငါ့ရဲ့ ပထမဦးဆုံး တိုက်ကွက် ၃ ကွက် ကနေ လွတ်မြောက်နိုင်မယ် ထင်လို့လား . . .”

“အဲဒါကို မင်းမငြင်းချင်စမ်းပါနဲ့ အခုလိုအချိန်မှာ မင်းအတွက် မျှော်လင့်ချက်က ဟိုအရူး ရေခဲဓားကောင် ကိုပဲ၊ ဒါပေမယ့် သူကရော မင်းကို အပြည့်အဝကာ ကွယ် ပေးနိုင်မှာတဲ့လား . . .”

“ကမ္ဘာပေါ်မှာရှိသမျှ သူရဲကောင်းတွေ အားလုံးကို ရယ်မောပစ်မယ်ဆိုတဲ့ ရှောင်ဧကရာဇ်နဲ့ ရေခဲဓား ဟန်ပိုင်ယွဲ့ အဲဒီတော့ရော ဘာဖြစ်လဲ၊ ဘာထူးဆန်းလို့ လဲ ထွီ . . .”

ထိုစဉ် ရဲရှောင်မှာ ဟန်ပိုင်ယွဲ့အား လှမ်း၍ ကြည့် လိုက်သည်။

ဟန်ပိုင်ယွဲ့မှာ ချွေးစေးများ ထွက်နေပြီး မျက်နှာမှာ လည်း ပျက်ယွင်းလျက် ရှိနေသည်။

ထို့ပြင် ဓားကိုလည်း သွေးစွန်းနေသော လက်ဖြင့် ဆုပ်ကိုင်ထားပြီး တုပ်တုပ်မှပင် မလှုပ်ချေ။

လက်ရှိအချိန်တွင် ရေခဲဓားကြီး၏ ဂုဏ်သိက္ခာများ လုံးဝ ကျဆင်းနေရပြီဟု ဆိုရမည်။

စင်စစ် ဟန်ပိုင်ယွဲ့မှာ ဝုဖ၏ ဖိနှိပ်မှုများကို ခံနေရ ခြင်းဖြစ်ပြီး ပြန်လည် တိုက်ခိုက်နိုင်စွမ်းလည်း ကင်းမဲ့ နေရသည်။

မည်မျှထိဆိုလျှင် သူ၏ လက်ချောင်းတစ်ချောင်း၊ မျက်တောင်မွှေး တစ်ချောင်းကိုပင် လှုပ်ရှားရန် မစွမ်း နိုင်တော့ခြင်း ဖြစ်သည်။

ထို့ကြောင့် ပြန်လည်တိုက်ခိုက်နိုင်ဖို့ဆိုလျှင် ပို၍ပင် ဝေးနေပါသေးသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now