1327---------1328

103 8 0
                                    

အခန်း (၁၃၂၇)(စာစဉ် ၉၅- အပိုင်း၁၁)
“ဂျိမျိုးနွယ်ထံ ရောက်ရှိခြင်း”

ဂျိဇန်းဖန် တစ်ယောက်တည်းပင် ရဲရှောင်၏ စကား ကို စိတ်ဓာတ်ကျသွားခြင်း မဟုတ်။

ရဲရှောင်နောက်ရှိ ကျန်လူများပါ စိတ်ဓာတ်ကျသွား ကြခြင်း ဖြစ်၏။

ထို့ကြောင့် အစောပိုင်းတုန်းကကဲ့သို့ မည်သူမှ ပျော်ပျော်ရွှင်ရွှင် မရှိတော့ဘဲ ငေးငိုင်သွားကြသည်။

ရှောင်ဧကရာဇ်အနေဖြင့် ၎င်းတို့ကို ခြောက်လှန့် နေခြင်း မဟုတ်သည်ကိုလည်း ကောင်းစွာ သိနေ၍ ပို စိတ်ဓာတ်ကျနေကြခြင်း ဖြစ်သည်။

လျှို့ဝှက်အဖွဲ့အစည်းကြီးနှင့် ရှောင်ဧကရာဇ်လို လူ မျိုးအတွက် ဂျိမျိုးနွယ်၏ အထောက်အပံ့ကို အနည်း ငယ်မှ မလိုအပ်ချေ။

ထို့ကြောင့် ဂျိမျိုးနွယ်စုအနေဖြင့် မည်သည့်ဘက်မှ ရပ်တည်ပါစေ ရှောင်ဧကရာဇ်အတွက် အရေးမပါလှ ပေ။

ရှောင်ဧကရာဇ်က ကမ္ဘာ့အစွမ်းထက်ဆုံး ပညာရှင် တစ်ဦး ဖြစ်နေပြီ မဟုတ်ပါလား။

ကမ္ဘာကြီး၏ ဘုရင်တစ်ပါးအနေဖြင့် အမှုန်အမွှား အဆင့်များ၏ သေခြင်း၊ ရှင်ခြင်းကို ဂရုစိုက်နေပါမည် လော။

ဂျိမျိုးနွယ်စု၏ ဘိုးဘေးကြီးဖြစ်သူ ဂျိဇန်းဖန်ပင် ရှောင်ဧကရာဇ်၏ အမြင်၌ တိရစ္ဆာန်တစ်ကောင်မျှသာ ဖြစ်နေမည်မှာ အသေအချာပင်။

သို့သော် ယခုအခါ ထိုစွမ်းအားအကြီးဆုံး လူက သူ တို့အား ပစ်ပယ်မထားဘဲ တခုတ်တရဖြင့် သတိပေးနေ ချေပြီ။

ထို့ကြောင့် ဂျိဇန်းဖန် စိတ်ထဲ ဖြစ်လာမည့် အရေး များကို တွေးပူရင်း ထိတ်လန့်နေမိတော့သည်။

လျှို့ဝှက်အဖွဲ့အစည်းကြီးက မှန်းဆရန် ခက်ခဲပြီး အမှန်တကယ်လည်း ကြောက်မက်ဖွယ် ကောင်းသည့် အဖွဲ့ကြီးပင် မဟုတ်ပါလား။

အကယ်၍ သိုင်းလောက၌ မုန်တိုင်းစထန်လာပါက ရဲရှောင်နှင့် သူ့လူများက လွတ်မြောက်နိုင်သည့်တိုင် ထို အဖွဲ့ကြီးကို တားဆီးနိုင်ရန်မှာမူ မသေချာလှချေ။

တကယ်တမ်းတွင် ရဲရှောင်ထံ၌လည်း သူ့ရည်ရွယ် ချက်နှင့်သူ ရှိနေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now